Sunday 30 March 2008

2008 ရောက်ပြီ


၂၀၀၈ ခုနှစ်ရောက်ပြီဆိုတာကို သိဖို့အတွက် သူငယ်ချင်းတစ်ယောက်က ပို့ပေးတဲ့ စာလေးကို ဖတ်ကြည့်ရင်း သဘောကျတာနဲ့ အားလုံးကို ဝေမျှပေးလိုက်ပါတယ်။ အဲဒါလေးကိုါ ဖတ်ပြီးမှပဲ ကိုယ့်ပတ်ဝန်းကျင်မှာ ဖြစ်နေတာတွေကို သတိထားကြည့်မိတယ်။ ခေတ်တွေ ပြောင်းလာတာနဲ့အမျှ လူနေမှုတွေလဲ ပြောင်းလဲလာပါတယ်။ အခုနေနေတဲ့ ထိုင်ဝမ်မှာဆိုရင် ကျောင်းတက်နေတဲ့ ကလေးတွေကအစ ဟန်းဖုန်းကိုယ်စီနဲ့ပေါ့။ အိမ်ကဦးလေးကလး ၂ နှစ်ကျော် ၃ နှစ်ကလေးက ဟန်းဖုန်းကိုင်ပြီး စကားပြောတတ်နေပြီ။ နှင်း တို့ငယ်ငယ်က ဖုန်းဆိုတာတောင် ကစားစရာတစ်ခုအနေနဲ့ပဲ ဆော့ခဲ့ဘူးတယ်။ အခုကလေးတွေက ပစ္စည်းအစစ်တွေကို သုံးတတ်နေပြီ။ နှင်း တို့တွေ ၁၈ ၂၀ မှသိတဲ့ အရာတွေကို အခုကလေးတွေက ၁၃ ၁၄ လောက်ဆိုရင် သိနေပြီ။ ပြောင်းလဲလာတဲ့ အခြေနေတွေကြောင့် အသိအမြင်တွေလဲ တိုးတက်လာပါတယ်။ ဒါပေမယ့် လူတွေရဲ့ စာရိတ္တတွေတော့ အရင်လိုအတိုင်း ရှိနေစေချင်တယ်။


Friday 28 March 2008

စိတ်ကောက်တယ်ဆိုတာ

စိတ်ကောက်တယ် ဆိုတာ လူတိုင်းမှာ ရှိပါတယ်။ အများဆုံးကတော့ နှင်း တို့လို မိန်းကလေးတွေမှာ ရှိပါတယ်။ မိဘတွေ သူငယ်ချင်းတွေကို စိတ်ကောက်မယ်။ ကိုယ့်ချစ်သူကို စိတ်ကောက်မယ်။ စိတ်အခန့် မသင့်ရင် ကိုယ်လိုတာ မရရင်စိတ်ကောက်ပြလိုက်မယ်။ နှင်း ကတော့လေ စိတ်ကောက်ပြလိုက်ရင် ကိုယ့်ကို အလိုလိုက်ရမယ် ဆိုတဲ့ အသိလေးနဲ့ပေါ့။ အဲဒီလို လေးလုပ်လိုက်လို့မှ စိတ်ကောက်တာကို မချော့ရင် ပိုလို့တောင် ဆိုးသွားပြီ။ ကိုယ့်ကို မချော့ရမလားဆိုတဲ့ စိတ်နဲ့ စိတ်ကောက်ရုံတင် မဟုတ်တော့ပါဘူး။ ၀မ်းနည်းမှုက ပိုလို့လာပါတယ်။ ကိုယ့်ကို ဂရုစိုက်စေချင်လို့ ကိုယ့်ကို ပိုချစ်စေချင်လို့ စိတ်ကောက်ပြပါ။ ဒါကို ဂရမစိုက်ပဲ ပစ်ထားတော့ ပိုပြီးဝမ်းနည်းမိပါတယ်။ သူ့ကို စိတ်ညစ်စေချင်လို့ တမင်တကာ စိတ်ဒုက္ခပေးမယ် ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ စိတ်ကောက်ပြတာ မဟုတ်ပါဘူး။

စိတ်ကောက်လို့ ကိုယ့်ကို လာချော့ရင်လဲ အလွယ်တကူပဲ စိတ်ပြေလိုက်ပါ။ မဟုတ်ရင် ချော့ရတဲ့လူက နောက်တစ်ခါ ချော့ချင်တော့မှာ မဟုတ်ပါဘူး။ တစ်ချို့တွေက စိတ်ကောက်တာ မှားနေတတ်ပါတယ်။ ကိုယ့်က စိတ်ဆိုးတာက တစ်ခြား တစ်ယောက်ကိုပါ။ ဒါပေမယ့် ဘေးလူတွေကိုပါ ပတ်ရမ်းတဲ့အခါ ကိုယ့်ဘေးကလူတွေ တကယ်ကိုပဲ နေရခက်ပါတယ်။ ဘာကို စိတ်ဆိုး စိတ်ကောက်နေမှန်းမသိ ဘာကိုပြောပြီးချော့ရမယ်မှန်းမသိ ဖြစ်တတ်ပါတယ်။ ကိုယ်စိတ်ဆိုး စိတ်ကောက်ချင်ရင် သူတဦးထဲအပေါ်မှာ စိတ်ဆိုးစိတ်ကောက်ပါ။ ဒါပေမယ့် ခဏခဏ စိတ်ကောက်လွန်းရင်လဲ မကောင်းပါဘူး။ သဘောထား သေးသိမ်ရာ ရောက်သွားပါတယ်။ မိဘတွေကို ကိုယ်လိုချင်တာ ပူဆာလို့မရရင် စိတ်ကောက်ပြတတ်တာ သားသမီးတွေရဲ့ အကျင့်တစ်ခုပါ။ ကလေးဘ၀မှာတော့ ငိုပြကြပါတယ်။ ၁၀ ကျော်သက်ရောက်လာတော့ စကားမပြောတာတွေ အစားမစားသောက်တာ့တာတွေနဲ့ ဖော်ပြကြပါတယ်။ မိဘတွေက ဒါတွေကိုသိလို့ ကိုယ့်အလို လိုက်လျောလိုက်ရင် ပြုံးပျော်နေတတ်ကြပါတယ်။ ကိုယ်ချစ်သူအပေါ်မှာကျတော့ မိန်းကလေးအများစုက သ၀န်တိုတတ်ရင်းကနေ စိတ်ကောက်ကြပါတယ်။ ကိုယ့်ချစ်သူ တခြားကောင်မလေးတွေနဲ့ ရယ်ရယ်မောမော စကားတွေ ပြောနေတာတွေ့ရင် မကြိုက်တာကို ဖော်ပြရင်း စိတ်ကောက်ပြပါတယ်။ ဒါကလဲ ကိုယ့်ချစ်သူကို ကိုယ်ဘယ်လောက် ချစ်လဲဆိုတာကို သိစေချင်လို့ပါ။ ဒါကို ချစ်သူက အလိုက်တသိ မချော့ရင် ကောင်မလေးခမျာ ငိုပွဲဝင်ရပြီပေါ့။ ကိုယ့်ချစ်သူဆီကနေ မင်းကိုပဲအချစ်ဆုံးပါ ဆိုတဲ့ စကားကို ကြားချင်လို့ပဲ လို့ထင်ပါတယ်။ သူငယ်ချင်းတွေ အပေါ်မှာတော့ ကိုယ့်ချစ်သူ ကိုယ့်မိဘတွေလောက် စိတ်ဆိုးစိတ်ကောက်တာ မရှိလောက်ဘူးလို့ထင်ပါတယ်။

အင်း စိတ်ကောက်တဲ့အကြောင်းပြောနေလို့ နှင်း ကစိတ်မကောက်တတ်ဘူးလို့ မထင်နဲ့နော်။ ခဏခဏ စိတ်ကောက်လွန်းလို့ ပါပါးနဲ့ မာမားအပြင် ချော့ရလွန်းလို့ နောက်တစ်ယောက်ကလဲ စိတ်မရှည်ချင်တော့ဘူးလေ။ ဒါကြောင့် နှင်း လိုမဖြစ်အောင် ခဏခဏ စိတ်မကောက်ကြနဲ့နော်။

မောင် နဲ့တွေ့မှ

စိတ်ကောက်တယ်ဆိုတာ
အချော့ခံချင်လို့ဆိုတာ
မောင် သိလားဟင်

သ၀န်တိုတယ်ဆိုတာ
အရမ်းချစ်လို့ပါဆိုတာ
မောင် သိလားဟင်

အမြဲတမ်း တွေ့ချင်နေတာ
မောင် နဲ့မခွဲနိုင်လို့ဆိုတာ
မောင် သိလားဟင်

မောင့် အသံ တစ်ရက်မကြားရရင်
ရင်ထဲမှာ ဟာနေတာ
မောင် သိလားဟင်

မောင် ချော့သိပ်မှ အိပ်တတ်တာ
အကျင့်ဖြစ်နေပြီဆိုတာ
မောင် သိလားဟင်

ဒီလိုတွေ ဖြစ်နေတာ
မောင် နဲ့တွေ့မှဆိုတာ
မောင် သိလားဟင်

Monday 24 March 2008

စင်္ကာပူရောက် မြန်မာများရဲ့ အလှူ

စကာင်္ပူမှာရှိတဲ့ မြန်မာတွေရဲ့ လစဉ်အလှူတစ်ခုကို သိလိုက်ရတော့ စိတ်ထဲမှာ သာဓုခေါ်မိတယ်။ အဝေးမှာရောက်နေတဲ့ မြန်မာမိသားစုက မြန်မာပြည်တွင်းမှာရှိတဲ့ လူမှုရေး ဘာသာရေး လုပ်ငန်းတွေမှာ လိုအပ်နေတာတွေကို ဘာသာလူမျိုးမခွဲခြားပဲ လစဉ်လှူဒါန်းနေပါတယ်။ အဲဒီအဖွဲ့လေးကို PSA MYANMAR FAMILY SINGAPORE ဆိုပြီး အမည်ပေးထားပါတယ်။ စကာင်္ပူ နိုင်ငံ PSA company တွင် အလုပ်လုပ်ကိုင်လျက်ရှိသော မြန်မာမိသားစုများက ၂၀၀၆ ခုနှစ် နိုဝင်ဘာလတွင် စုပေါင်းပြီး ဖွဲစည်းထားတာဖြစ်ပါတယ်။ မပျက်မကွက် လှူဒါန်းလာတာ ၂၀၀၆ ဒီဇင်ဘာ ကနေ ၂၀၀၈ မတ်လ အထိ ၁၇ လ ရှိနေပါပြီ။ ၂၀၀၆ ဒီဇင်ဘာ ကနေစပြီး ယခုလက်ရှိ ၂၀၀၈ မတ်လအထိ လှူဒါန်းငွေဟာ သိန်းပေါင်း ၂၅၀ လောက်ရှိနေပါပြီ။ ယခုနောက်ဆုံး ၂၀၀၈ ခုနှစ် မတ်လအတွက် မော်လမြိုင် အနာကြီးရောဂါကု ဆေးရုံကို လှူဒါန်းခဲ့ပါတယ်။ လှူဒါန်းငွေ စုစုပေါင်း ၁၉ သိန်း ၇ သောင်း ၅ ထောင်ဖြစ်ပါတယ်။ လှူဒါန်းမည့် နေရာတွေကို မဲနှိုက်ပြီး အလှည့်ကြ လစဉ်လှူဒါန်းသွားပါတယ်။ စင်္ကာပူတွင်ရောက်ရှိနေသော မြန်မာများ မည်သူမဆို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
ဆက်သွယ်ချင်ရင် www.psamyanmarfamily@gmail.com ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။ www.psamyanmarfamily.blogspot.com သို့လဲ သွားရောက် ဖတ်ရှုနိုင်ပါတယ်။

Sunday 23 March 2008

စကားထာလေးတွေဖြေရအောင်

၁။ ငယ်ငယ်တုန်းက ခြေလေးချောင်း
ကြီးလာတော့ ခြေနှစ်ချောင်း
အိုတော့ ခြေသုံးချောင်း

၂။ ကိုကိုကရှည်တယ်။ ညီလေးကပုတယ်။
နေ့တိုင်း တို့တစ်တွေ ကြည့်ဖို့ အပြေးပြိုင်ပြတယ်။
ကိုကို ၁၂ ပတ်ပြေးပြီးယင်
ညီလေးတစ်ပတ် ပြေးပြီးရုံပဲ ရှိသေးတယ်။

၃။ သစ်ပင်တစ်ပင်ရှိတယ်။
အကိုင်း ၅ ကိုင်းရှိတယ်။
အရွက် မပေါက်ဘူး။
အပွင့် မပွင်ဘူး။
အလုပ်လုပ်ယင် သူ့ကို လုံးဝမှီချုရတယ်။

၎။ မြို့ရှိတယ် နေမယ့်လူ မရှိဘူး။
တောင်ရှိတယ် ကျောက်ခဲမရှိဘူး။
မြစ်ရှိတယ် ရေမရှိဘူး။
လမ်းရှိတယ် ယာဉ်မသွားဘူး။

၅။ အတောင်ရှိတယ် အဝေးကြီးမပျံနိုင်ဘူး။
မျက်လုံးရှိတယ် ဘယ်တော့မှ မျက်တောငိမခတ်ဘူး။
ရေထဲရောက်ရင် မြှားတစ်စင်းလိုပဲ မြန်တယ်။
ရေနဲ့ကင်းရင် အသက်က အထက်ဘ၀ဂ်ကိုတက်ရော။

ကဲ ဘာတွေဖြစ်မလဲဆိုတာ စဉ်းစားကြည့်နော်။ အဖြေကိုတော့ နောက်နေ့မှပဲ ပြောပြတော့မယ်နော်။့

၁၊ လူ
၂။ နာရီ
၃။ လက်
၎။ မြေပုံ
၅။ ငါး

စကားပုံနဲ့ အဆိုအမိန့်များ

၁။ တင်းတိမ်ရောင့်ရဲ့ခြင်းဟာ ပျော်ရွှင်ခြင်းပဲ။

၂။ အိတ်အလွတ်ဟာ မတ်မတ်မထောင်နိုင်ပါ။

၃။ ခရားသေးတော့ ပူလွယ်တယ်။ သဘောထားသေးတော့ စိတ်ဆိုးလွယ်တယ်။

၎။ မျက်ကန်းဟာ မျက်မှန်လှုသူကို ကျေးဇူးမတင်။

၅။ ကောင်းတဲ့အစဟာ တစ်ဝက်အောင်မြင်ခြင်းပါပဲ။

၆။ ပစ္စည်းတန်ဖိုး မသိသူကို အဖိုးတန်ပစ္စည်း မပေးပါနဲ့။

၇။ လွတ်လပ်မှုဆုံးရှုံးခြင်းဟာ အလုံးစုံ ဆုံးရှုံးခြင်းပဲ။

၈။ မိတ်ဆွေတုဟာ ရန်သူစစ်ထက် ပိုကြောက်ဖို့ကောင်းတယ်။

၉။ ပျက်စီးဆုံးရှုံးခြင်းဟာ လူကိုပိုပြီး သတိကြီးစေတယ်။

၁၀။ ကျန်းမာခြင်းဟာ ချမ်းသာကြွယ်ဝခြင်းထက် သာတယ်။

စိတ်လှုပ်ရှားရတဲ့ နေ့တစ်နေ့

မနေ့က ထိုင်ဝမ်ရဲ့ သမ္မတ အသစ်ရွေးချယ်ဖို့ မဲပေးတယ်။ နိုင်တဲ့သူက အပြုံးမျက်နှာပေါ်မှာ မျက်ရည်တွေနဲ့ တွေ့နေရသလို ရှုံးတဲ့သူတွေကလည်း အငိုမျက်နှာတွေနဲ့ပေါ့။ ထိုင်ဝမ်ရဲ့ မဲရွေးချယ်တာဟာ နှင်း အနေနဲ့ကြည့်ရင် တကယ်ကိုပဲ စိတ်လှုပ်ရှားဖို့ ကောင်းပါတယ်။ ကိုယ်တိုင်ဝင် အရွေုးခံတဲ့ သူတွေဆိုရင် ဘယ်လောက်များ စိတ်လှုပ်ရှားနေကြမလဲ။ ညနေ ၅ နာရီလောက်လဲ ရောက်ရော tv သတင်းတွေမှာ မဲအရေအတွက်တွေကို တွေ့နေရပါပြီ။ အဲဒီသတင်းကိုကြည့်ပြီး ကိုယ်သဘောကျတဲ့သူ နိုင်ပါ့မလားဆိုတဲ့ စိတ်ခံစားမှုက တစ်မျိုးထူးခြားနေပါတယ်။ ကိုယ်တိုင်ရတာမဟုတ်ပေမယ့် လူများတွေကရော ကိုယ်အားပေးတဲ့သူကို ကြိုက်ပါ့မလားပေါ့။ ၆ နာရီထိုးခါနီးလောက်မှာ သိရတဲ့ မဲအရေအတွက်ဟာ အပြတ်အသတ်ကို ကွာသွားခဲ့ပါပြီ။ ဘယ်လိုပဲကြည့်ကြည့်ပါ ပြည်သူတွေရဲ့ ဆန္ဒအမှန်နဲ့ ရွေးချယ်ခွင့်ရတဲ့အတွက် ထိုင်ဝမ်နိုင်ငံသားတွေအားလုံး ပျော်ရွှင်နေကြပါတယ်။

Ma Ying-jeou wins


The China Post news staff


KMT Chairman Wu Poh-hsiung said he hoped the confrontations created between the opposing camps during the election could now end.

Wu, greeting James Soong, chairman of the People First Party who arrived at the KMT campaign headquarters to congratulate Ma, said his party would seek to open merger talks with the ally as soon as possible.

Soong said he hopes the KMT will not let the nation down.

In response to Ma's victory, Huang Kun-huei, chairman of the once strongly pro-independence Taiwan Solidarity Union, said his party respects the people's choice.

He urged that the KMT, set to control both the administration and the parliament, respect the minority.

Chen became president in 2000 by defeating KMT candidate Lien Chan and independent contender James Soong.

Although Chen failed to win a majority of votes, the split of the same voter base by Lien and Soong -- who broke ranks with the KMT to mount the independent campaign -- gifted Chen with the victory.

In 2004 Lien mounted a comeback bid with Soong as his running mate.

But the president was re-elected by a razor-thin margin after he and Lu were injured in an election-eve shooting, which is believed to have won them sympathy votes.

Ma won on an anti-corruption and economy-boosting platform. He has promised to expand high-tech industrial ties between Taiwan and China.

Soochow University professor Liu Bih-rong, who specializes in cross-strait relations, was cited by the AFP as commenting that the landslide was unexpected.

"The election result shows Taiwan has grown into a more mature democracy," he said, predicting relations with China would improve at a faster pace.

"It shows that the Taiwanese people have given the KMT the mandate to open direct links and push for the one common market with China."

Better cross-strait ties was what businessman Wang Wen-ho was looking for when he cast his ballot for Ma at a Taipei high school, according to AP.

"The DPP has failed to cope with China's growth in eight years," he was cited by AP as saying. "We need to engage the mainland to improve the economy."

Hsieh, despite embracing his party's pro-independence cause, has also promised to accelerate cross-strait ties, but the scope in his promise was narrower than that of Ma's.

Hsieh also warned voters of the danger of one-party dominance if Ma was elected.

Taipei voter Chen Wei-ting, a 32-year-old banker, agreed with Hsieh, AP said. "I'm worried that if one party had the Legislature and presidency, there could be a lot of trouble."

But the man's wife, Chen Chia-chia, a 25-year-old businesswoman, said she supported Ma. "The KMT did a good job when they were in power before, so I think everything will be OK," she was cited as saying.


Thursday 20 March 2008

အမုန်းစာရင်း

ပင်လယ်ပြာ နဲ့ တောင်တန်းတွေကို
ငါ မုန်းတယ်
မင်း နဲ့ င့ါ ကို ကာစီးထားလို့

ခုနှစ်တွေနဲ့ နာရီတွေကို
ငါ မုန်းတယ်
မင်း နဲ့နီးဖို့ ငါ စောင့်နေရလို့

ပိုင်းခြားထားတာတွေကို
ငါ မုန်းတယ်
မင်းနဲ့ ငါက နိုင်ငံတွေ ခြားနေလို့

မြှားနတ်မောင် ကို
ငါ မုန်းတယ်
မင်းနဲ့ င့ါကို စောစောမတွေ့ပေးလို့

အသက် အရွယ်ဆိုတာကို
ငါ မုန်းတယ်
မင်း နဲ့ ငါ့ ကြားနှောင့်ယှက်နေလို့

ငါ့ ကို ငါ လဲ
သိပ်မုန်းမိတယ်
ငါ့ ကိုယ်တိုင်ထက် မင်းကိုပိုချစ်လို့


Tuesday 18 March 2008

အနှိမ်ခံဘဝ

အနှိမ်ခံဘ၀ ဆိုတာကို နိုင်ငံခြားရောက်မှ ကိုယ်တိုင်ခံစားဘူးတယ်။ နှင်း တို့လို နိုင်ငံခြားကနေလာတဲ့ လူတွေ သူတို့နိုင်ငံမှာ အလုပ်လာလုပ်တယ်ဆိုတာ ကိုယ့်နိုင်ငံမှာ မစားနိုင် မသောက်နိုင် ဒုက္ခရောက်လို့ လာလုပ်ရတယ် ဆိုတဲ့ အမြင်တွေနဲ့ လူတွေကို နှိမ်ချဆက်ဆံပါတယ်။ သူတို့နိုင်ငံတွေ ဆီကို လာဖို့အတွက် ငွေကြေး ဘယ်လောက်ထိ အကုန်ခံရတယ်ဆိုတာကို သူတို့မသိကြပါဘူး။ နိုင်ငံရပ်ခြားကို သွားကြတဲ့ လူတွေထဲမှာ တစ်ချို့က ပညာရှာချင်လို့၊ တစ်ချို့က ကိုယ်မှာရှိတာထက်ကို ပိုပြီး ပြည့်စုံချင်လို့ပါ။ နောက်တစ်ခုက ထွက်ပေါက်တစ်ခုအနေနဲ့လဲ ဖြစ်နိုင်ပါတယ်။ ဘယ်လိုပုံစံမျိုးနဲ့ပဲ တိုင်းတစ်ပါးကိုရောက်နေနေ အနဲနဲ့ အများတော့ အနှိမ်ခံကြရပါတယ်။ အထင်သေးတဲ့ အကြည့်တွေနဲ့ ကြည့်ခံရပါတယ်။ နိုင်ငံသားခံယူခွင့် ပေးထားပါတယ်ပြောတဲ့ နိုင်ငံတွေမှာတောင် အနှိမ်ခံကြရပါတယ်။ မြန်မာတွေ အများဆုံး အလွယ်တစ်ကူ သွားလာလို့ရတဲ့ စင်္ကာပူလို နိုင်ငံမှာတောင် မြန်မာတွေဟာ အနှိမ်ခံနေရပါတယ်။ အလုပ်ရှင်တွေဟာ အစိုးရရဲ့ တရားဝင် သတ်မှတ်ထားတဲ့ လစာကို မပေးပဲ နည်းမျိုးစုံနဲ့ လစာတွေကို နှိမ်ထားပါတယ်။ ဒီလိုပါပဲ နိုင်ငံတော်တော်များများမှာ သွားရောက်အလုပ်လုပ် နေထိုင်နေကြတဲ့ လူတွေဟာ နည်းမျိုးစုံနဲ့ အနှိမ်ခံနေရတာပါပဲ။ နှင်း အလုပ်ထဲကို စ၀င်တော့လဲ လူကိုအထင်သေးတဲ့ အကြည့် အပြောတွေကို အလူးအလဲ ခံခဲ့ရတယ်။ နင်တို့ ဆီမှာ ရေခဲသေတ္တာဆိုတာ ရှိလို့လား? ကွန်ပျူတာဆိုတာ သုံးဘူးလို့လား? ဆိုတဲ့ မေးခွန်းတွေကို အမေးခံခဲ့ရတယ်။ သူတို့တွေအထင်က နှင်း တို့နေတဲ့ မြန်မာနိုင်ငံမှာ အဲဒီလောက် ပစ္စည်းလေးတွေတောင် မရှိဘူး။ မသုံးဘူးဘူးလို့ ထင်နေကြပါတယ်။ နင်တို့က ဘယ်နှစ်တန်းအထိ ပညာတတ်လဲဆိုတဲ့ မေးခွန်းကိုလဲ မေးတတ်ပြန်တယ်။ နိုင်ငံတွေ ဘာသာစကားတွေ မတူညီတဲ့အတွက် နှင်း တို့တွေ ဘယ်လောက်ပဲ ပညာတတ်နေပါစေ သူတို့နိုင်ငံရဲ့ ဘာသာစကားကို မတတ်ကျွမ်းတဲ့အတွက် အနှိမ်ခံကြရပြန်တယ်။ အလုပ်လုပ်ရင်လဲ နိုင်ငံခြားသားတွေကို ပိုနှိမ်ပါတယ်။ သူ့နိုင်ငံသား အလုပ်လို့ အမှားရှိရင် တိုးတိုးတိတ်တိတ် ပြောပေမယ့် နှင်း တို့တစ်တွေ အမှားလုပ်မိရင် စက်ရုံတစ်ခုလုံးသိပါတယ်။ အစိုးရက တရားဥပဒေတွေနဲ့ ဘယ်လိုပဲ တန်းတူညီတူ အခွင့်အရေး ပေးထားပါတယ် ပြောပြော လူမှုရေးအရာမှာတော့ အနှိမ်ခံနေရတာပါပဲ။ ကိုယ့်နိုင်ငံက ဖွံ့ဖြိုးစနိုင်ငံတစ်ခုဖြစ်လို့ သူတို့တွေလို မတိုးတက်တော့ တိုးတက်ချင်လို့ အလုပ်လုပ်ချင်လို့ နိုင်ငံခြားကို ထွက်လာကြတဲ့ လူတိုင်း အဲဒီလို ဒုက္ခတွေကို ခံစားပြီး ဘ၀ကို ဖြတ်သန်းနေကြရပါတယ်။

Monday 17 March 2008

မမေ့စေချင်ပါ

မြန်မာပြည်မှာ မွေးပြီး မြန်မာပြည်မှာ ကြီးခဲ့လို့ ဘာလူမျိုးပဲ ဖြစ်နေပါစေ နိုင်ငံရပ်ခြားကို ရောက်လာရင် အားလုံးကို မြန်မာလို့ပဲ သတ်မှတ်ကြပါတယ်။ အခြေအနေအမျိုးမျိုးကြောင့် မြန်မာပြည်ကို မပြန်နိုင်ပဲ နိုင်ငံရပ်ခြားမှာပဲ အခြေချနေသွားကြမယ့် မြန်မာတွေလဲ အများအပြားပါပဲ။ ဒီလိုမိသားစုတွေထဲက ကလေးတွေကို မြန်မာစကားလေးတော့ ပြောတတ်စေချင်တယ်။ တစ်ချို့ ကလေးတွေက တိုင်းတစ်ပါးကို ရောက်မှ မွေးကြတော့ ရောက်နေတဲ့ နိုင်ငံစကားကိုပဲ ပြောတတ်တော့တယ်။ မိဘတွေရဲ့ ဘာသာစကားကို မပြောတတ်ကြပါဘူး။ ဒါတွေဟာ မိဘတွေကိုယ်တိုင်က မအားလပ်လို့ သင်မပေးနိုင်တာလဲ ဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ် မြန်မာပြည်ကိုမှ မပြန်တော့တာ သင်စရာမလိုတော့ပါဘူး ဆိုတဲ့ အတွေးတွေကြောင့်လဲ ဖြစ်နိုင်ပါတယ်။ နှင်း တွေဘူးတဲ့ မိသားစုလေး ၁ ခုရှိတယ်။ ဒီမိသားစုလေးရဲ့ သမီးလေးကို ထိုင်ဝမ်မှာမွေးခဲ့တယ်။ အဖေနဲ့ အမေ ၂ ယောက်စလုံးရဲ့ မိသားစုတွေ အားလုံးက ထိုင်ဝမ်မှာပဲ အခြေချကြတဲ့ မိသားစုတွေပါ။ ၂ ဘက်မိဘဘိုးဘွားတွေ အားလုံး ထိုင်ဝမ်မှာ ရှိနေပေမယ့် အမေလုပ်တဲ့ သူဟာ သမီးကို မြန်မာလိုသင်ပေးတယ်။ မြန်မာဘုရားရှစ်ခိုးတွေ သင်ပေးတယ်။ ကလေးမှတ်လို့လွယ်မယ့် စကားတွေကို သင်ပေးတယ်။ အမေဘက်က ရခိုင်တရုတ် ဆိုတော့ ကလေးကို ရခိုင်လိုလဲ သင်ပေးတယ်။ အမေလုပ်သူကို “ဘာလို့မြန်မာလိုရော ရခိုင်လိုရော သင်ပေးနေတာလဲ”လို့ မေးကြည့်မိတယ်။ ထိုင်ဝမ်မှာပဲ နေမယ့် မိသားစုက မြန်မာလို သင်ပေးနေတာကို စိတ်ဝင်စားမိတယ်။ အမေလုပ်သူပြောတာက “ငါတို့ ထိုင်ဝမ်မှာနေမယ်ဆိုပေမယ့် မြန်မာတွေလေ။ မြန်မာပြည်မှာ မနေပေမယ့်လဲ တတ်ထားတော့ ကောင်းတာပေါ့။ ပြီးတော့ ငါတို့က ရခိုင်ကလေ ဒါကြောင့် ရခိုင်လိုလဲ သင်ပေးတာ။ သမီးကို နဲနဲ ကြီးရင် မြန်မာပြည်ကို သွားလည်ခိုင်းမယ်” တဲ့။ ကလေးမလေးကို မြန်မာပြည်ကိုသိလားလို့ မေးတော့ သိတယ်။ သူသွားလည်ချင်ပါတယ်တဲ့။ ထိုင်ဝမ်မှာနေမယ့် မိသားစုတွေ ဖြစ်ပေမယ့် သူတို့တွေရဲ့ စိတ်ထဲမှာ မြန်မာပြည်ဆိုတာ ရှိနေတယ်။ သူတို့ မိသားစုရဲ့ စိတ်ဓာတ်လေးကိုလဲ လေးစားမိတယ်။ ဘယ်နိုင်ငံမှာပဲ နေနေ စိတ်ထဲမှာ မြန်မာဆိုတဲ့ စိတ်ကလေးနဲ့ ကိုယ်မိခင်နိုင်ငံကို မမေ့တဲ့ ဒီမိသားစုလေးလိုမျိုး တစ်ခြားသော မြန်မာတွေရဲ့ စိတ်ထဲမှာလဲ ရှိစေချင်ပါတယ်။

Sunday 16 March 2008

ကလေးဆိုတာ ဖယောင်းလိုပါပဲ

ဖယောင်းဆိုတာက အပူပေးပြီးရင် လိုချင်တဲ့ပုံစံကို လုပ်လို့ရသလို ကလေးဆိုတဲ့ သဘာဝကလဲ ဖယောင်း လိုပါပဲ။ ငယ်တဲ့အရွယ် သိတတ်စမှာ မိဘတွေက သွန်သင်ဆုံးမပြီး လိုချင်တဲ့ ပုံစံကို ပြုပြင်ယူရမှာပါ။ ကလေးဆိုတာကလဲ ငယ်တဲ့အရွယ်မှာ သင်ကြားထားတာတွေကို သူတို့တွေရဲ့ စိတ်ထဲမှာ စွဲမြဲစွာ မှတ်သား တတ်ကြတယ်။ ငယ်စဉ်အခါ စိတ်ဓာတ်ကို ပြင်းထန်တဲ့ ထိခိုက်မှုမျိုး ရှိနေခဲ့ရင် အဲဒီ ခံစားမှုတွေက အသက်အရွယ် ကြီးလာတဲ့အချိန်ထိ မမေ့နိုင်ပဲ ရှိနေတတ်တယ်။ ငယ်ဘ၀မှာ အနှိမ်ခံရတဲ့ ကလေး တစ်ယောက်ဟာ အဲဒီခံစားမှုကို မမေ့နိုင်ပဲ အဲဒီလိုဘ၀ကနေ လွတ်အောင် သူကြိုးစားမှာပဲ။ အဲဒီလို သူ့အပေါ်ကို ဆက်ဆံကြတဲ့ လူအပေါ်မှာလဲ အကောင်းမြင်နိုင်မှာ မဟုတ်ပါဘူး။
ကလေးသဘာဝက အချော့ ကြိုက်ကြပါတယ်။ ကလေးတစ်ယောက်ကို အော်ငေါက်ပြီး ပြောတာထက် သူနားဝင်အောင် ချော့ပြောတာက သူ့ဘ၀ရဲ့ ရှေ့ရေးအတွက်လဲ ကောင်းသလို ကလေးရဲ့ စိတ်ဓာတ်ကိုလဲ မြှင့်တင်ပေးရာ ရောက်ပါတယ်။ ကလေးတစ်ယောက်ဟာ ငယ်စဉ်အခါမှာ စက်ဘီးစီးတတ်ခဲ့ရင် ဒီကလေး စက်ဘီးမစီးပဲ ၅ နှစ်လောက် နေပြီးမှ စက်ဘီးပြန်စီးရင်လဲ ကလေးက စက်ဘီးစီးတတ်မြဲ စီးတတ်နေမှာပါ။ ကလေးတစ်ယောက်ရဲ့ စရိုက်က ကြမ်းတမ်းနေတာကို ကြည့်လိုက်ရင် ဒီကလေးက ငယ်ဘ၀မှာ ကြမ်းတမ်းခက်ခဲမှုတွေ ဘ၀ရဲ့ ရိုက်နှက်မှုတွေ မိဘတွေရဲ့ သွန်သင်ဆုံးမမှုတွေကြောင့် ဖြစ်နေရတာပါ။ ကလေးတွေရဲ့ လက်ဦးဆရာဟာ မိဘနှစ်ပါးပါ။ ကလေးတစ်ယောက်ရဲ့ အမူအကျင့်တွေမှာ မိဘတွေရဲ့ အမူအကျင့်တွေ စိုးမိုးထားပါတယ်။ ပတ်ဝန်းကျင်ရဲ့ အနေအထားတွေကလဲ ကလေးတစ်ယောက်ရဲ့ စရိုက်ကို ပြောင်းလဲစေပါတယ်။ ကလေးတွေဆိုတာ အနာဂတ်ရဲ့ ကြယ်ပွင့်လေးတွေပါ။ ဒီကြယ်ပွင့်ကလေးတွေ ကောင်းကင်ယံမှာ ထွန်းလင်းတောက်နေဖို့အတွက် မိဘတွေနဲ့ ပတ်ဝန်းကျင်က ဂရုတစိုက်နဲ့ ပြုစုပျိုးထောင် ပေးရမှာပါ။


Saturday 15 March 2008

ကို

ရင်ခွင်ရဲ့ အနက်ရှိုင်းဆုံးမှာ
“ကို” ဆိုတာ ကဗျည်းထိုးပြီးသား
ဖျက်မရတဲ့ နှလုံးသွေးတွေနဲ့ပေါ့

အိပ်မရတဲ့ ညတွေဟာ
ကို့ အကြောင်းကိုတွေးနေတဲ့
ညတွေပဲလေ

ုလွမ်းမျက်ရည်ကို
ကို မသိအောင်လို့
ညတွေမှာ ကြိတ်ငိုတာ
ကျွန်မရဲ့ အဖော်အရုပ်လေးတွေတောင်
ငိုတတ်နေပြီလေ

အရာရာအတွက်
နားလည်တတ်တဲ့ ကို
ဆိုးသမျှကို မညည်းညူ
ချစ်သူအလိုကျတဲ့လေ

ဘာမဆိုပေးဆပ်မယ်ဆိုတဲ့
ကို့ စကားတွေအတွက်
ရင်ထဲမှာ အနှိုင်းမဲ့တဲ့
ခံစားမှုတွေ ဖြစ်ခဲ့ရတယ်

ကို ဆိုတာ ကျွန်မအတွက် အလင်းရောင်
မီးပြတိုက်လေးတစ်ခု
ဘ၀ရဲ့ ပဲ့ကိုင်ရှင်ပါ ကို ရယ်


Thursday 13 March 2008

ကိုယ်သာဆိုရင်ရော

လူရယ်လို့ ဖြစ်လာပေမယ့်လည်း ဘ၀ပေးအခြေအနေတွေက မတူညီကြတော့ လူတွေရဲ့ ပြောဆိုဆက်ဆံတာတွေ အမျိုးမျိုးကွဲပြားလာကြတယ်။ ပြည့်စုံတဲ့ လူတွေက မပြည့်စုံတဲ့ လူတွေအပေါ်မှာ နှိမ်ချပြောဆိုတတ်ကြပါတယ်။ ဥစ္စာဓန ပြည့်စုံတဲ့လူက မပြည့်စုံတဲ့ လူတွေအပေါ်မှာ နှိမ်ချ ပြောဆို တတ်ကြတယ်။ မိစုံဖစုံ နေရတဲ့လူက မနေရတဲ့ လူပေါ်မှာ နှိမ်ချပြောဆိုတတ်ကြတယ်။ အဲဒီလိုတွေ ပြောဆိုလာကြတော့ မခံရပ်နိုင်တဲ့အခါ မမှားသင့်တာတွေ မဖြစ်သင့်တာတွေ ဖြစ်ကြတယ်။လူအချင်းချင်း ဘာသဘောမှမထားပဲ လူသားတစ်ယောက်အမြင်နဲ့ပဲ ဆက်ဆံကြမယ်ဆိုရင် လူမှုရေးအရှုပ်အရှင်းတွေ အညှိုးအတေးတွေ မရှိတော့ဘူးပေါ့။
နှင်း ညီမလေးတစ်ယောက်လို ချစ်ရတဲ့ ကောင်မလေးက သူ့ရင်ထဲမှာ ခံစားခဲ့ရတာတွေကို ရင်ဖွင့်ပြောပြခဲ့တယ်။ သူပြောပြလို့စိတ်မကောင်းလဲ ဖြစ်မိတယ်။ မိဘတွေ သဘောထား မတိုက်ဆိုင်လို့ ကွဲခဲ့ရတာဟာ သားသမီးတွေအပေါ်မှာ လူအထင်သေးစရာ ဖြစ်နေလို့လား။ ဘေးလူတွေက အထင်သေးတယ်ဆိုတာ ဖြစ်နေကြပါ။ ဒါပေမယ့် ကိုယ့်အမျိုးအချင်းချင်းက ခွဲခြားပြီး ဆက်ဆံပြောဆိုတဲ့ အခါကြတော့ ပိုပြီးတော့ စိတ်မကောင်းဖြစ်မိမှာပါ။ ကိုယ့်သွေးသားဖြစ်လျက်နဲ့ ဘာလို့များ နှိမ်ချ ပြောဆိုကြတာလဲ။ အားငယ်နေတဲ့ လူအပေါ်မှာ အားပေးမယ်ဆိုတဲ့ စိတ်ကလေးမရှိရင်လဲ ရပါတယ်။ ဒါပေမယ့် မတူမတန်သလို နှိမ်ချပြောဆိုကြတာတော့ မကောင်းပါဘူး။ တူမချင်းအတူတူ မိဘမစုံတဲ့ လူကို ဘာလို့များ ပိုပြီးနှိမ်ကြတာလဲ။ ဘာလို့များ အပြစ်တွေ မြင်နေကြတာလဲ။ အမှားလုပ်တာချင်းအတူတူ တစ်ဦးကိုတော့ မှမပြောပဲ အားငယ်တဲ့သူကို ဘာလို့များ အပြစ်ပြောချင်နေကြတာလဲ။
အမှန်ဆိုရင် အားငယ်နေတဲ့သူအတွက် လိုအပ်နေတဲ့ နေရာလေးတွေကို တတ်နိုင်သလောက် ဖြည့်ပေးရမှာပါ။ ကိုယ့်သွေးသားကတောင် နှိမ်ချပြောဆိုနေမှတော့ ပတ်ဝန်းကျင်က ပိုလို့တောင်ဆိုးမှာပါ။ အဲဒီလိုတွေ ပြောဆိုဆက်ဆံလာတဲ့အခါ အပြောခံရတဲ့လူက မခံနိုင်တော့လို့ ပြန်ပြောတဲ့အခါ ရိုင်းတယ်ဆိုတဲ့ စကားတွေနဲ့ ပြောတတ်ကြပြန်တယ်။ လူတစ်ယောက်ကို ဆက်ဆံတဲ့အခါ ဘာအားနည်းချက်တွေရှိလဲ ဆိုတာကို ကြည့်ပြီးနှိမ်ချပြောဆိုချင်တဲ့ စိတ်ကလေးတွေ လူတစ်ချို့မှာ ရှိကြတယ်။ တစ်ကယ်လို့ အဲဒီလူနေရာမှာ ကိုယ်သာဆိုရင်ရော ဘယ်လိုခံစားရမလဲ။ ကိုယ့်သားသမီးသာဆိုရင် ဘယ်လိုနေမလဲ။ လူတစ်ဦး တစ်ယောက်ကို ပြောဆိုဆက်ဆံရင် ကိုယ်သာဆိုရင်ရောဆိုတဲ့ စိတ်ကလေးနဲ့ ပြောဆိုနိုင်ကြပါစေ။

တွေဆုံကြုံကွဲ

အော် ဒီနေ့ဘလော့တွေကို ၀င်လည်ပါတယ်။ စိတ်မကောင်းစရာတွေနဲ့ပဲ တွေ့တွေ့နေတယ်။ အရင်တလောက ကိုစိုးထက်က အသစ်မရေးအားလို့ပါတဲ့။ တစ်ခါ ကိုရွှေဖြိုးကလဲ စာတမ်းကိစ္စရှိလို့ အနားယူပါတယ်တဲ့။ ဟော ကိုပြည့်စုံကလဲ ခရီးထွက်သွားပါတယ် ဆိုပြီးပြောသွားပြီး ပြန်မလာသေးဘူး။ ဒီနေ့ ကိုလွမ်းစေကလဲ နားပြီတဲ့။ စိတ်ထဲမှာ ဘယ်လိုဖြစ်သွားလဲမသိဘူး။ ဘလော့လောကထဲကို စပြီးဝင်လာပြီးကထဲက အားပေးကူညီခဲ့တဲ့ မောင်နှမတွေကို သံယောဇဉ်တွယ်မိတယ်။ သူတို့တွေရဲ့ အတွေအကြုံ အယူအဆတွေကို သိရလို့ ဗဟုသုတတွေ အများကြီးရတယ်။ အရင်တုန်းကဆိုရင် ဘလော့လောကထဲကို မ၀င်ခင် အလုပ်ကပြန်လာတာနဲ့ ဘာလုပ်လို့ လုပ်ရမယ်မှန်းမသိဘူး။ chatting ဆိုတာကိုလဲ ပျင်းလာတယ်။ နောက်ပိုင်း myanmar 3m tune မှာ ဘလော့ဆိုတဲ့ နေရာလေးကို တွေလို့ ၀င်ပြီးဖတ်ဖြစ်တယ်။ သူတို့တွေကို အားကျမိတယ်။ ကိုယ်တိုင်ရေးချင်ပေမယ့် မလုပ်တတ်တော့ အားကျနေတာနဲ့ပဲ အချိန်တွေကုန်ခဲ့တယ်။ ကိုမိုးကျော်ဝင်း ကဘလော့စလုပ်ဖို့ ပြောပြပြီး အားပေးခဲ့တယ်။ ရေပြီးသားပိုစ့်တွေကို ဖတ်ပြီးအကြံဥာဏ်တွေပေးခဲ့တယ်။ လိုအပ်တာတွေကို ကိုလွင်မင်းသကကူညီပေးခဲ့တယ်။ မြန်မာစာဖောင့်တွေ မပေါ်လို့ ကိုလွမ်းစေ ကပြင်ပေးခဲ့တယ်။ html ဆိုတာကို ဘာမှန်းမသိတော့ ဘာမှကို မလုပ်တတ်ဘူးလေ။ ဘလော့မောင်နှမတွေရဲ့ အကူအညီနဲ့ ဒီဇင်ဘာနှင်း ဆိုတဲ့ဘလော့လေးဖြစ်လာရတာပါ။ နှင်း ရင်ထဲကအကြောင်းတွေ အမြင်တွေကို အချိန်ပေးပြီး လာရောက်ဖတ်ရှုပေးကြတဲ့ ဘလော့မောင်နှမတွေကို မမြင်ဘူး မတွေ့ဘူးပေမယ့် သံယောဇဉ်တွယ်မိတယ်။ အခုလို တစ်ယောက်ပြီးတစ်ယောက် နှုတ်ဆက်သွားကြတော့ တကယ်ကိုပဲ စိတ်မကောင်းဖြစ်မိတယ်။ တကယ်လို့များ အခါအခွင့်သင့်ရင် ပြန်လာခဲ့ကြပါလို့ ပြောလိုက်ပါရစေနော်။

Tuesday 11 March 2008

မိဘအတွက် ရတနာ

သားသမီးဆိုတာ ရတနာ ရယ်လို့ တင်စားပြောဆို ကြတယ်။ ပထမကတော့ အဲဒီလိုပြောပြောနေတာကို သိပ်နားမလည်ခဲ့ဘူး။ ဘာလို့များ ဒီလိုတွေ ပြောနေတာလဲ ဆိုပြီး စဉ်းစားမိတယ်။ ကိုယ်တိုင် မျက်မြင်တွေ့မှ ဘာကြောင့် ပြောတယ်ဆိုတာသိရတယ်။ နှင်း တို့အလုပ်ထဲက အစ်မတစ်ယောက်ဟာ အိမ်ထောင်သက် ၇နှစ် ၈ နှစ်ရှိပြီ။ သားသမီးမရှိတော့ သူများကလေးလေးတွေ တွေ့ရင် အရမ်းကို သဘောကျတယ်။ပထမ ကလေးလေးတုန်းက ဗိုက်ထဲမှာရှိနေတုန်း ဆုံးရှုံးသွားဖူးတယ်။ နောက်ထပ် သားသမီး မရတော့ သူမှာ့ ဒီစိတ်နဲ့ပဲ လူတကာက သူ့ကိုစကြနောက်ကြရင်လည်း စိတ်မဆိုးရှာဘူး။ သားသမီးလိုချင်လို့ လူတစ်ကာကို မေးရတာလဲ အမောပါပဲ။ ကြာလာတော့ သူ့ကိုအားလုံးက ၀ိုင်းပြီးသနားလာကြတယ်။ အမျိုးသား လုပ်တဲ့လူကလည်း အစ်မကို ချစ်ရှာတယ်။ ငွေကြေးဆိုတာလည်း ပူစရာမလိုပေမယ့် သားသမီးမရှိတော့ အဲဒီစိတ်နဲ့ပဲ သူ့မှာပူပင်နေရတယ်။ အရာအားလုံးတော့ ပြည့်စုံပါတယ် သားသမီးဆိုတဲ့ ရတနာမရှိတော့ ဘယ်အရာနဲ့မှ အစားထိုးလို့မရဘူးဖြစ်နေတယ်လေ။ ဒါကြောင့် လူကြီးတွေက သားသမီးဆိုတာ ရတနာရယ်လို့ တင်စားပြောဆိုကြတာပါ။ ကိုယ့်ဘ၀ထဲကို ၀င်လာမယ့် သားသမီးလေးတွေက ကောင်းမယ်မကောင်းမယ် ဆိုတာကို အဓိကမထားပဲ မိဘမေတ္တာစိတ်အပြည့်နဲ့ လိုလိုလားလား တောင့်တမိကြတဲ့ မိဘရဲ့မေတ္တာဟာ ဘယ်အရာနဲ့မှ နှိုင်းလို့ကိုမရပါဘူး။

Sunday 9 March 2008

ဇာတိမြေ (သို့မဟုတ်) အိမ်

ဇာတိမြေ သို့မဟုတ် အိမ် ပိုစ့်ကို တက်ထားတယ်နော် ဆိုပြီး ကိုပြည့်စုံက လာပြောတော့ နဂိုကထဲက ကိုယ့်စိတ်ထဲမှာလဲ အိမ်နဲ့ ပက်သက်တဲ့ ခံစားချက်တွေကလဲ ရှိနေတယ်။ သူငယ်ချင်းတွေကို ပြောပြပြီး ရင်ဖွင့်ချင်နေတာကြာပါပြီ။ အခုတော့ အတော်ပဲဖြစ်သွားတယ်။ ဇာတိမြေလို့ ပြောလိုက်တော့ အခုကိုယ်နေနေရတာ ကိုယ်မွေးခဲ့တဲ့မြေ မဟုတ်တော့ ပိုပြီးခံစားရတယ်။ ပိုလို့လွမ်းမိတယ်။ တစ်ခုခုများ အဆင်မပြေတာဖြစ်ခဲ့ရင် ကိုယ့်နိုင်ငံ ကိုယ့်မြေ မှာဆိုရင် ဒီလိုဖြစ်မှာမဟုတ်ဘူး ဆိုတဲ့အတွေးက အမြဲတမ်း ၀င်နေတယ်။ ကိုယ့်ရေမြေမဟုတ်တော့ နေထိုင် စားသောက်ရတာက အစ အဆင်မပြေတာတွေ အရမ်းကို များပြားလှပါတယ်။ ထမင်းဟင်းများ စားမကောင်းရင် အဖွားချက်ကျွေးတဲ့ ထမင်းဟင်းကို လွမ်းတယ်။ အခုချိန်ထိ မာမား ပါပါး နဲ့ အတူတူနေနေရတော့ ဖွား ကိုလွမ်းတာပါ။ အလုပ်ထဲမှာ အဆူခံရရင် ကိုယ့်နိုင်ငံမှာသာဆို ဒီလိုလာပြောလို့ရမလားဆိုတဲ့ စိတ်ကလေးဝင်မိတယ်။ အလုပ်ထဲမှာ မိတ်ဆွေတွေက ဘယ်နိုင်ငံကလဲလို့ မေးရင် မြန်မာပြည်က လို့ဖြေလိုက်ရတာ တကယ်ကျေနပ်ပါတယ်။ ကိုယ့်ကို မွေးဖွားခဲ့တဲ့ နိုင်ငံကို သိချင်လို့ မေးလာတာကို ကျေးဇူးတင်မိတယ်။ တစ်ချို့ကလဲ သူတို့သိတယ်လို့ ပြောလိုက်ရင် ကိုယ့်မွေးမြေအကြောင်းကို မမောနိုင် ပြောပြမိတယ်။ ဘယ်လိုလှပ သာယာပုံတွေကိုပေါ့။ နိုင်ငံရပ်ခြားတိုင်း တစ်ပါးမှာ ရောက်နေတဲ့ နှင်း အတွက် မွေးဖွားခဲ့တဲ့ ဇာတိမြေဟာ မြန်မာနိုင်ငံလို့ စိတ်ထဲမှာ သတ်မှတ်ထားတယ်။ တောမကျ မြို့မကျ မြို့ကလေးမှာ မွေးဖွားလာခဲ့တဲ့ နှင်း အတွက်တော့ ဘယ်နေရာ ဘယ်နိုင်ငံမှာပဲ ရောက်နေနေ အဖိုးအဖွား တွေနဲ့ နွေးနွေးထွေးထွေး ပျော်ရွှင်စွာ ဖြတ်သန်းခဲ့တဲ့ ငယ်ဘ၀ကလေးကို မမေ့နိုင်ခဲ့ဘူး။ အခွင့်အရေးများ ရခဲ့မယ်ဆိုရင် အဲဒီနွေးထွေးလှတဲ့အိမ်လေးမှာ နောက်ဆုံးအချိန်ထိ နေသွားချင်ပါတယ်။

အစ်ကိုပြည့်စုံရေ ဇာတိမြေ သို့မဟုတ် အိမ် ပိုစ့်လေးကို ရင်ထဲရှိတာလေးတွေ ဖော်ပြပေးလိုက်တာ ကျေနပ်နိုင်ပါစေနော်။

တောင်ပေါ်တစ်ခေါက်



တောင်ပေါ်မှာနားနားနေနေပေါ့


လာကန်တော့ကြတဲ့ လူတွေနဲ့ပြည့်နေတယ်




တောင်ပေါ်ကနေ မြင်ရတဲ့ရှုခင်း

တစ်ပင်လုံး ပန်းတွေနဲ့ဝေနေတဲ့ ချယ်ရီ

ဒီတစ်ပတ် စနေပိတ်ရက်မှာ အလုပ်ထဲက သူငယ်ချင်း ၃ ယောက်နဲ့ ထူတိကုန်း တောင်ကို ပျော်ပျော်ပါးပါး မော်တော်ကားနဲ့ တက်ခဲ့ကြတယ်။ နေ့လည် ၁၁ နာရီခွဲလောက်က စတက်တယ်။ ကားနဲ့တက်မယ်ဆိုပြီး taxi ငှားတာ ၂ စီး ၃စီးက တောင်ပေါ်ကို မတက်ချင်ဘူဆိုလို့ ကားပေါ်ကပြန်ဆင်းပေးရတယ်လေ။ ရှက်လိုက်တာနော် ဟီ ဟီ။ မြန်မာပြည်မှာလို သွားမယ့်နေရာကိုပြော ကားခကို ပြောတာမဟုတ်တော့ အဲဒီလိုအရှက်ကွဲတာပေါ့။ ရှက်ရှက်နဲ့ပဲ ကားတစ်စီးက ရတယ်ဆိုလို့ နေ့ခင်းကြီး တောင်ပေါ်ကှိုရောက်သွားတယ်လေ။ တောင်ထိပ်အထိ ကားနဲ့တက်လို့မရဘူးလေ။ လှေခါးထစ်လေးတွေ နဲနဲတက်ရသေးတယ်။ တောင်ပတ်လမ်းဘေးမှာရှိတဲ့ ချယ်ရီပင်တွေမှာလဲ ပန်းတွေနဲ့အပြည့် တစ်ပင်လုံး အရွက်မရှိပဲ ပန်းရောင်သန်းနေတာ နေရောင်ထဲမှာ ကြည့်ရတာ အရမ်းကို လှနေတယ်။ ဆောင်းကုန်ခါနီးပေမယ့် ချယ်ရီတွေက ပွင့်နေတုန်းလေ။ တောင်ပေါ်ရောက်တော့လဲ လာကန်တော့တဲ့ လူတွေနဲ့အပြည့်ပဲ။ မိသားစုအလိုက် အပေါင်းအသင်းအဖွဲ့လိုက် ခြေကျင်တစ်မျိုး ကားနဲ့တစ်မျိုး လာကြတယ်။ တောင်ပေါ်ကို လာကြတဲ့ လူတွေအတွက် အဆင်ပြေဖို့ လိုင်းကားလဲရှိတယ်။ အဲဒီကားက အလကားစီးရတယ်။ မီနီဘတ်စ် အသေးလေးတွေကို သူ့အချိန်နဲ့သူ ထွက်ပေးတယ်။ တောင်ပေါ်ကနေ နေ့လည် ၂ နာရီ ကျော်လောက် ပြန်ဆင်းလာတယ်။ တောင်ပေါ်မှာ ချို့တို့ဖူး (နံတဲ့တို့ဖူး) စားခဲ့တယ်။

Thursday 6 March 2008

Tuesday 4 March 2008

မိဘမေတ္တာ

သားသမီးက နိုင်ငံခြား
ပညာအသင် သွားကြတော့
မိဘတွေဟာ ပျော်ရွှင်ကာ
မော်ကြွားရပေါ့

ငါ့သားသမီးက ဘယ်နိုင်ငံမှာ
ပြောလို့ကို မမောနိုင်တာ
လူတကာကြား
ဂုဏ်ယူကာ ပြောကြားရင်း
သူတို့ယူကာသွားတဲ့
စည်းစိမ်ဆိုတာ မေ့ကာထားပေါ့

ကောင်းစားပါစေထားတဲ့ မိဘစေတနာ
လောင်းကစားတာတွေနဲ့တော့
ဖြုန်းတီးမပစ်ပါနဲ့လို့
ကြိတ်လို့သာဆုတောင်းမိတယ်

ဒါတွေကို ဘေးကမသိ
ကိုယ့်ဝမ်းနာ ကိုယ်သာသိမို့
ဘေးအမြင်မှာ သားသမီးအလိမ္မာဖြစ်ဖို့
မိဘတွေဟာ ရင်မှာမြိုသိပ်
တိတ်တိတ်သာ ငိုနေရပါတယ်

Monday 3 March 2008

နိုင်ငံခြားက ဘဝ

မြန်မာနိုင်ငံက လူတစ်ချို့ဟာ နိုင်ငံခြားမှာနေတယ်ဆိုရင် သူတို့တွေရဲ့ စိတ်ထဲမှာ အရမ်းကို အဆင်ပြေ နေကြတယ်လို့ထင်နေတယ်။ နိုင်ငံရပ်ခြား တိုင်းတပါးမှာ စားရ နေရတဲ့ ဒုက္ခတွေကို မြန်မာပြည်ကမိသားစုတွေ မသိကြဘူး။ နိုင်ငံခြားရောက်နေတဲ့ လူတွေကလည်း ကိုယ့်မိသားစုတွေ စိတ်ဆင်းရဲမှာစိုးလို့ ဖွင့်မပြောပြကြပါဘူး။ နိုင်ငံရပ်ခြားလို့ ဆိုလိုက်တာနဲ့ ဘာသာစကားကစလို့ အခက်အခဲတွေနဲ့ ရင်ဆိုင်ရပြီ။ ကိုယ်ပိုင်အိမ် မရှိတဲ့အတွက် သူတစ်ပါးဆီမှာ အိမ်ငှားနေကြရပြီ။ တစ်ယောက်ထဲ ငှားနေဖို့ရာကလည်း ရတဲ့လခနဲ့ အိမ်ငှားခနဲ့ မတတ်နိုင်တော့ လူအများစုပေါင်းပြီးနေကြရတယ်။ စရိုက်ကမတူ ကိုယ့်မိသားစုလဲမဟုတ်တဲ့အတွက် စိတ်ညစ်စရာတွေရှိလာပြီလေ။ ဒီကြားထဲ အလုပ်မှာ အဆင်မပြေရင် ပိုလို့တောင် စိတ်ညစ်ရသေးတယ်။ သူတစ်ပါးနိုင်ငံမှာ အလုပ်လာလုပ်ရတော့ နိုင်ငံခြားသားဆိုပြီး နှိမ်ချင်ကြတယ်။ ဒါတွေကို ငါ့မိသားစုအတွက် ဆိုတဲ့ စိတ်ကလေးနဲ့ အားလုံးကို သည်းခံပြီး လုပ်ကိုင်နေကြရတယ်။ မြန်မာပြည်မှာ ရှိနေတဲ့ ကိုယ့်မိသားစုက ဒါတွေကို နားလည်ပြီး အားပေးနေရင် ပင်ပန်းရတာတော်သေးတယ်။ ဒီလိုမှမဟုတ်ပဲ ကိုယ်ကအိမ်ကို လွမ်းလို့ ဖုန်းလေးဆက်ပါတယ်။ အိမ်မှာရှိတဲ့လူတွေက လိုချင်တက်မက်စိတ်တွေနဲ့ စိတ်ညစ်စရာတွေကို ပြောပြီဆိုရင် စိတ်ညစ်ရပြီပေါ့။ နိုင်ငံခြားမှာမိုလို့ အရာအားလုံး အဆင်ပြေနေတယ်လို့ ထင်နေရင် မှားနေပြီ။ အလုပ်တက်တာနဲ့ စက်ရုပ်တစ်ရုပ်လို မနားတမ်းလုပ်နေရတဲ့ ဘ၀တွေပါ။ ဘယ်ဘ၀က ၀ဋ်ကြွေများရှိနေလို့ မိသားစုကိုခွဲ ကိုယ့်မွေးရပ်မြေကို ခွဲခွာပြီး စက်ရုပ်လူသားဘ၀တွေကို ရောက်မှန်းမသိ ရောက်နေရတယ်။

Sunday 2 March 2008

ဘာပဲဖြစ်ဖြစ် ကျေးဇူးတင်ပါ

လူတစ်ချို့က ပြောတတ်ကြပါတယ်။ လူတစ်ဦးတစ်ယောက်ဟာ သူသိတဲ့ အကြောင်းကို သူခံစားရတာတွေကို ပြောပြတဲ့အခါ အလကားပါကွာ လူအထင်ကြီးအောင် ပြောနေတာပါ ဆိုပြီး ပြောတတ်ကြတယ်။ အဲဒီလို ပြောကြမယ်ဆိုရင် သူအဲဒီလိုသိအောင် သူပေးဆပ်ရတာတွေကိုရော သူကုန်ခဲ့တဲ့ အချိန်တွေအပေါ်မှာရော ထည့်ပြီးစဉ်းစားပေးမိရဲ့လား။ လူတစ်ယောက်ဟာ တကယ်ပဲ လူအထင်ကြီးအောင် လုပ်တယ်ပဲ ဆိုပါစို့။ အဲဒီလို အထင်ကြီးအောင် သူများမသိတာတွေကို သိအောင်လေ့လာရတယ်။ သိအောင်လုပ်ရတယ်။ အချိန်တွေ ငွေတွေ ကုန်ရတယ်။ ကိုယ်ကိုယ်တိုင်ကရော သူ့လိုလုပ်နိုင်ရဲ့လား။ ကိုယ်ကိုယ်တိုင်ကလဲ မလုပ်နိုင် သူတစ်ပါးလုပ်နေတာကိုလဲ အားမပေးချင်။ အားမပေးပဲ နေရင်လဲ ရပါတယ်။ အပြစ်ပြောပြတာကိုလဲ လက်ခံပါတယ်။ ဒါပေမယ့် အဲဒီလို သူတစ်ပါးတွေကို ပြောပြတိုင်း လူအထင်ကြီးအောင် လုပ်နေတာပါဆိုတဲ့ သဘောလေးတွေ အမြင်လေးတွေနဲ့တော့ မမြင်စေချင်ဘူး။ အဲဒီလိုအမြင်နဲ့ ပြောလိုက်ရင် သူသိပြီး ပြောပြချင်နေတဲ့ အရာတွေကို မပြောပြပဲ သိမ်းထားလိုက်မယ်ဆိုရင် အလွန်နှမျောဖို့ကောင်းပါတယ်။ သူသိနေတဲ့ အရာတွေဟာ သူတစ်ပါးမသိသေးတာတွေ ပါနေမယ်ဆိုရင် တစ်ခြားမသိသေးတဲ့ လူတွေအတွက် ဗဟုသုတ လျော့နည်းသွားမှာပါ။ ဘယ်လိုစိတ်မျိုးနဲ့ပဲ ပြောပြပြောပြ ပြောပြပေးနေတဲ့ လူကို ကျေးဇူးတင်သင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူ့မှာ သူတစ်ပါးကို မျှဝေပေးချင်တဲ့ စိတ်ကလေးရှိနေလို့ပါ။

သက်သတ်လွတ်စားရုံသက်သက်နဲ့ ဘာကုသိုလ်မှ မရပါ

သက်သတ်လွတ်စားရုံသက်သက်နဲ့
ကုသိုလ်ရတယ်ဆိုရင်
နို့စို့ကလေးတွေ
အမေနို့ စို့နေတဲ့အချိန်
မြီးကောင်ပေါက် ကောင်မလေးတွေ
သရက်ပေါင်း၊ ဆီးပေါင်း
စားနေတဲ့အချိန်
ရုပ်ရှင် ဗွီဒီယိုကြည့်သူတွေ
နေကြာစေ့၊ ကွာစေ့
ဝါးနေတဲ့အချိန်
အရက်သမား ဘီယာသမားတွေ
အရက် ဘီယာ
သောက်နေတဲ့အချိန်
အရက် ဘီယာသောက်ရင်း
အားလူးကြော် မြေပဲလှော်
မြည်းနေတဲ့အချိန်တွေမှာလည်း
သူတို့တစ်တွေ
အလကားနေရင်း
ကုသိုလ်ရနေမှာပေါ့။
အဲဒါတွေအားလုံး
သက်သတ်လွတ်တွေချည်းပဲ
မဟုတ်လား။

အရှင်ဆန္ဒာဓိက

သူများအသက်မသတ်တဲ့ ဖထီး

တစ်ခါက ဖထီးတစ်ယောက် ဒီနေ့တော့ ဥပုဒ်နေ့ သူများအသက်ကို သတ်ပြီးမစားဘူးဆိုပြီး ဆုံးဖြတ်ထားတယ်လေ။ အိမ်မှာကလဲ ဂဏာန်းအရှင်တွေက ဖမ်းထားတာရှိနေတယ်။ သူများအသက်လဲ မသတ်ချင်ဘူး ဒီဂဏာန်းတွေကိုလဲ စားချင်နေတယ်။ အဲဒါနဲ့ မီးဖိုပေါ်ရေနွေးအိုးတည် ပြီးရင် တုတ်နှစ်ချောင်းထားပြီး မင်းတို့ကုသိုလ်ကံပဲ အိုးဟိုဘက်ကို ဖြတ်လျှောက်ကြဆိုပြီး ဂဏာန်းတွေကို တင်လိုက်တယ်။ ရေနွေးအိုးပေါ်က ဂဏာန်းတွေက ဘယ်လိုမှ ဖြတ်မလျှောက်နိုင်တော့ အိုးထဲကို ပြုတ်ကျကုန်တာပေါ့။ ကံကောင်းချင်တော့ ဂဏာန်းအကြီးကြီး တစ်ကောင်က ဖြတ်လျှောက်လို့ ရသွားတယ်။ အဲဒါကို ဖထီးက ဒီလိုတော့ ဘယ်ရမလဲ မင်းက အကောင်ကြီးတော့ နှစ်ခါပြန်လျှောက်ရမယ်ဆိုပြီး ပြန်လျှောက်ခိုင်းတာပေါ့။ နောက်တစ်ခါကျတော့ ဂဏာန်းလဲ အိုးထဲကျတော့တာပေါ့။ မိတ်ဆွေတို့လဲ ဖထီးလိုတော့ မင်းတို့ကုသိုလ်ကံပဲ ဆိုပြီးမလုပ်ကြနဲ့နော်။


အားလုံးအတွက် ညစာ



ဒီတစ်ပတ်တော့ ဟင်းကောင်းစားချင်တယ်လို့ ပြောလာတဲ့ လူကလဲရှိနေ ကိုယ်တိုင်ကလည်း အစားပုတ်တော့ အတော်ပဲဖြစ်သွားတယ်။ ဒီတစ်ခါ ငါးကို ကော်ရည်နဲ့ ချက်မယ်။ ၀က်သားဆီပြန်ချက်မယ်။ ကဲ ငါးကို ကော်ရည်ချက်ဖို့ ကကတစ်ငါးကို အကောင်လိုက် ဆား၊ ဟင်းချိုမှုန့်၊ ငြုပ်ကောင်းမှုန့်တို့နဲ့ နယ်ပြီးခဏ နှပ်ထားလိုက်ပါ။ အဲဒီအချိန်မှာ ကြက်သွန်နီ ခရမ်းချဉ်သီးကို အတုံးလေးတွေ လှီးထားပါ။ ကြက်သွန်ဖြူ ချင်းကို ပါးပါးလေးလှီးပါ။ ပြီးရင် ကိုယ်စားချင်တဲ့ အသီးအနှံ အနည်းငယ်လှီးထည့်ပါ။ ငါးကို အရင်ဆုံး ဆီများများထဲမှာ မီးအေးအေးနဲ့ ကြော်ပါ။ ငါးက ရဲလာပြီး အနည်းငယ်ကျွတ်လာရင် ဆယ်ပြီး ပန်းကန်တစ်ခုထဲ ထည့်ထားပါ။ ခုနက လှီးထားတဲ့ အသီးအရွက်တွေကို ကြော်ပါမယ်။ ပထမဆုံး ဆီအနည်းငယ်ထဲမှာ ကြက်သွန်ဖြူနဲ့ ချင်း ကိုအရင်ဆုံး ဆီသပ်ပါ။ အဲဒီလို ဆီသပ်လိုက်တော့ ချင်းနဲ့ ကြက်သွန်ဖြူအနံ့ မွှေးမွှေးလေးရတာပေါ့။ ပြီရင် ကျန်တဲ့ အသီးအနှံတွေကို ထည့်ပြီး ကြော်ပါ။ အဲဒီအချိန်မှာ ကော်ရည်အနည်းငယ် ဖျော်ထားပါ။ အနည်းငယ်ကျက်လာရင် ကော်ရည်ကျဲကျဲကို လောင်းထည့်ပါ။ ကော်ရည်ပွက်လာရင် ကြော်ထားတဲ့ ငါးကို ထည့်လိုက်ပါ။ ကော်ရည်ထဲမှာ ငါးကို ခဏနှပ်လိုက်ပြီးရင် ပန်းကန်ထဲကို ထည့်ပြီး စားလို့ရပါပြီ။ ၀က်သားဆီပြန်ကိုတော့ ဒီတစ်ခါမချက်ပြတော့ဘူးနော်။ အရင်တုန်းက ဆီပြန်ချက်သလိုသာ ချက်လိုက်တော့။
ဒီတစ်ခါကတော့ ညစာပါနော်။ နေ့လည်က မအားလို့ ဟင်းမချက်အားတာနဲ့ ညစာဖြစ်သွားတယ်။ :P

Saturday 1 March 2008

အချိန်တွေ မရွေးပါနဲ့

နှင်းတို့ မြန်မာတွေ ပြောနေတဲ့ ပထမအရွယ်မှာ ပညာရှာ၊ ဒုတိယအရွယ်မှာ ဥစ္စာရှာ၊ တတိယအရွယ်မှာ တရားရှာ ဆိုပြီး ပြောတတ်ကြတယ်။ နှင်း အမြင်မှာတော့ ဒါတွေဟာ အပေါ်ယံသဘောပါပဲ။ အဲဒီလိုမျိုး ပိုင်းခြားပြီးတော့ လုပ်လို့မရပါဘူး။ ပညာရှာတဲ့ နေရာမှာ ပထမအရွယ်ပြီးတာနဲ့ ဆက်ပြီးရှာစရာ မလိုတော့ပါဘူးဆိုပြီး အားလုံးကို ရပ်ထားလိုက်လို့ မရပါဘူး။ အခုလိုတိုးတက်နေတဲ့ ခေတ်ကြီးမှာ ကိုယ်မသိတာတွေဟာ နေ့စဉ်နဲ့အမျှ ထွက်ပေါ်နေတာပါ။ ဒါတွေကို ပထမအရွယ် ကုန်သွားပြီမိုလို့ မသင်တော့ပါဘူးဆိုပြီး ရပ်ထားလိုက်ရင် သူများတွေသိနေတဲ့ အရာမှန်သမျှကို ကိုယ်က မသိမတတ်ဖြစ်သွားမှာပါ။ ဥစ္စာရှာတာက ဒုတိယအရွယ်လို့ ပြောနေလို့ ဒုတိယအရွယ်မှ ရှာမယ်လို့ မထားရပါဘူး။ ဥစ္စာရှာဖို့ အခွင့်အရေးရှိရင် ဘယ်အရွယ်မှာပဲ ဖြစ်ဖြစ်ရှာရမှာပါ။ အခုခေတ်မှာ ပညာရှာရင်း ဥစ္စာပါ ရှာနေတဲ့ လူတွေ အများကြီးပါ။ အဲဒီလိုပဲ ပညာရော ဥစ္စာရော ရှာနေရင်းနဲ့ တရားကိုပါ ရှာသင့်ပါတယ်။ ငယ်ပါသေးတယ်။ ဒါတွေက အသက်ကြီးမှ လုပ်ရမှာပါလို့ မတွေးစေချင်ဘူး။ လူဆိုတာ ဘယ်အချိန်သေမယ်ဆိုတာ မသိပါဘူး။ အခုနေ အသက်ရှင်နေသေးပေမယ့် စက္ကန့်ပိုင်း မိနစ်ပိုင်းအတွင်း သေသွားနိုင်ပါတယ်။ ဒါတွေကြောင့် အရွယ်တွေ အချိန်တွေကို ရွေးမနေသင့်ပါဘူး။ ကိုယ်အသက်ရှင်နေသေးတဲ့ အချိန်မှာ လုပ်နိုင်တဲ့ အရာမှန်သမျှကို တစ်ချိန်တည်း တစ်ပြိုင်တည်းလုပ်နေသင့်ပါတယ်။

နေ့မြင်ညပျောက်

မတည်မြဲခြင်း ဆိုတာကို လူတွေဟာ သတိမပြုမိကြဘူး။ ဘယ်အရာကိုမှ ကိုယ်အပိုင်စိုးရတယ်ဆိုတာ လောကမှာမရှိပါဘူး။ ဒါပေမယ့် လူတစ်ချို့ဟာ ဒီအရာတွေကို မေ့နေကြတယ်။ ငါပိုင်ဆိုင်တဲ့ ဥစ္စာပစ္စည်း၊ ငါမွေးထားတဲ့ ငါ့သားသမီး၊ ငါ့ရာထူး စတဲ့ ငါစွဲတွေကို ထားနေသရွေ့ သူတို့ရဲ့ စိတ်တွေဟာလဲ မအေးချမ်းကြပါဘူး။ အတိတ်ဘ၀ ကုသိုလ်ကံ ကောင်းလို့ ကိုယ်ပြုခဲ့တဲ့ ကောင်းကျိုးတွေကြောင့် ရလာတဲ့အရာတွေပါ။ ကိုယ်ရှာထားတဲ့ စည်းစိမ်တွေကလဲ အမြဲတမ်း တည်မြဲနေမယ့်အရာမဟုတ်ပါဘူး။ ဒီနေ့ ရှိနေပေမယ့် နောက်နေ့ရှိချင်မှ ရှိတော့မယ့်အရာတွေပါ။ ကိုယ်မွေးထားတဲ့ သားသမီးတွေကရော အမြဲတမ်း ကိုယ်နဲ့အတူ ရှိနေမှာမှ မဟုတ်တာ။ အချိန်တန်အရွယ်ရောက်ရင် ကိုယ့်ကိုခွဲသွားမှာပါ။ ကိုယ့်မှာ အခုရှိပါတယ်ဆိုတဲ့ ရာထူး ဂုဏ်ထူးတွေကရော အမြဲတမ်းရှိနေမှာ မဟုတ်ပါဘူး။ အဲဒီဟာတွေအပေါ်မှာ အစွဲတွေ ထားနေမယ်ဆိုရင် လက်ရှိဘ၀မှာလဲ မအေးချမ်းနိုင်သလို ကိုယ်သေသွားခဲ့ရင်လဲ ဒီစွဲလမ်းတဲ့ စိတ်တွေကြောင့် သံသရာမှာလဲ မကောင်းနိုင်ပါဘူး။ ဖြစ်ပြီးရင် ပျက်မှာပါပဲ။ ဖြစ်ပြီးပြီ မပျက်နိုင်တော့ပါဘူး ရယ်လို့ ဘုရားကလဲ မပြောခဲ့ပါဘူး။ မြတ်စွာဘုရားတောင်မှ ဖြစ်ပျက်သဘောကို အလွန်ဆန်နိုင်ခဲ့ပါဘူး။
လူ့ဘ၀ဆိုတာ ခဏလေးပါ။ ကုသိုလ်ကံထူးလို့ လူရယ်လို့ လာဖြစ်ရတာပါ။ လူရယ်လို့ ဖြစ်လာပြီးတော့ မြတ်ဘုရားရဲ့ အဆုံးအမတွေကို နာကြားခွင့်ရလို့ ပိုပြီးကံကောင်းပါတယ်။ လုပ်ခွင့်ကြုံတုန်း လုပ်လို့ရနေတဲ့ အချိန်မှာ ကိုယ့်ဘ၀အတွက် လောကုတ္တရာအတွက် ကြိုးစားပြီး ကျင့်ကြံရမှာပါ။ လောကီအတွက် မကြိုးစားရဘူးလို့ မပြောပါဘူး။ အူမတောင့်မှ သီလစောင့်နိုင်မယ်ဆိုတာ လူတိုင်းသိပါတယ်။ ဒါပေမယ့် လောဘဆိုတာကို ထိန်းနိုင်ရပါမယ်။ အခုတစ်လော မြန်မာနိုင်ငံမှာ မီးတွေလောင်လို့ အပူသောကတွေနဲ့ ကြုံနေရတယ်။ ဒီနေ့ရှိနေတဲ့ ပစ္စည်းတွေ အချိန်ပိုင်းအတွင်းမှာ ပြာမှုန့်တွေအဖြစ်ပြောင်းလဲ သွားတယ်။ မတည်မြဲခြင်း တွေကို တွေ့မြင်နေရတာပါ။ အရာဝတ္ထု ပစ္စည်းဆိုတာ မတည်မြဲဘူး။ အဲဒီလိုပဲ လူရယ်လို့ မွေးဖွားလာပြီးရင်လဲ သေဆုံးကြရမှာပါ။ မသေဆုံးခင် လောကုတ္တရာအတွက် ကြိုးစားအားထုတ်သွားရမယ်။

နောက်လဲလာလည်နော်

Glitter Graphics