Merry Christmas
ဗုဒ္ဓဘာသာဝင်တယောက်အနေနဲ့ ခရစ္စမတ်ဆိုတာနဲ့ မသက်ဆိုင်ပေမယ့် မြန်မာပြက္ခဒိန်ရဲ့ ရုံးပိတ်ရက်လဲဖြစ်သလို တမ္ဘာလုံးကလူတွေ တော်တော်များများလဲ ပျော်ရွှင်ကြတဲ့နေ့တနေ့ပါ။ ထိုင်ဝမ်မှာကတော့ တချို့အလုပ်တွေက ပိတ်ပေမယ့် နှင်းတို့အလုပ်ကတော့ မပိတ်ပါဘူး။ နှင်းအနေနဲ့ကတော့ ငယ်ငယ်လေးထဲကလဲ ဘာမှထွေထွေထူးထူးမရှိပဲ အိမ်ထဲမှာပဲ အချိန်ကုန်နေကြဖြစ်လို့ ဒီနေ့လဲပဲ အိမ်ထဲမှာပါပဲ။ မနှင်းဟေမာက ဂျီတော့ကနေ ဆုတောင်းလေးပို့ပေးမှပဲ မနက်ဖန်ဆိုရင်ခရစ္စမတ်နေ့ဆိုတာ သတိရပြီး စာထရေးဖြစ်တာပါ။ အလုပ်ထဲကလူတွေ ဒီညသွားကဲကြမယ် ပြောသံကြားပေမယ့် သတိမထားမိဘူး။ ဒီမှာက ခရစ္စမတ်အ၀င်ည ၂၄ ရက်ညမှာ ပါတီတွေသွားကြ ပျော်ပွဲတွေလုပ်ကြနဲ့ပေါ့။ ခရစ္စမတ်မတိုင်ခင်လေးတင် ထိုင်ဝမ်ရဲ့တောင်ပေါ်တချို့မှာ နှင်းတွေကျပါတယ်။ ဒီဇင်ဘာလရောက်ပြီဆိုရင် ဆောင်းနှင်းတွေရယ် ခရစ္စမတ်ရက်ရယ် နှစ်တနှစ်ရဲ့ နောက်ဆုံးရက် ဒီဇင်ဘာ ၃၁ ရယ်ဆိုတာ အမြဲမခွဲပဲရှိနေတဲ့ အရာတွေပေါ့။
သူငယ်ချင်းမိတ်ဆွေတွေအားလုံး ကမ္ဘာပေါ်မှာရှိတဲ့ လူတွေအားလုံး ခရစ္စမတ်မှာပျော်ရွှင်ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်။
ခရစ္စမတ်ရောက်တိုင်း ကြားနေကျသီချင်းလေးတွေ ဘယ်တော့မှရိုးမသွားတဲ့သီချင်းလေးတွေနဲ့ အားလုံးကို ပျော်ရွှင်ပါစေလို့ ဆုတောင်းလိုက်ပါတယ်နော်။
Thursday, 24 December 2009
Merry Christmas
ရေးသားချိန်
12/24/2009 11:29:00 PM
ရေးသားသူ
ဒီဇင်ဘာနှင်း
2
ယောက်ကဒီိလိုလေးပြောတယ်
Links to this post
ကိုယ့်ကြောင့်
ကိုယ်လုပ်တာတခုခုမှားသွားရင်ဖြစ်စေ ကိုယ့်သားသမီးက မကောင်းတာတခုခုကို လုပ်လိုက်ရင်ဖြစ်စေ ပတ်ဝန်းကျင်ကလူတွေကြောင့်လို့ ပြောတတ်ကြတယ်။ ငါက အစကဒီလိုလုပ်ဖို့မဟုတ်ဘူး သူပြောလို့လုပ်လိုက်တာကနေ ဖြစ်သွားရတယ်လို့ ပြောတတ်ကြတယ်။ အဲလိုပဲ ကိုယ့်သားသမီးကမဆိုးဘူး အပေါင်းအသင်းဖျက်လို့ ပျက်သွားတယ် ဆိုတာတွေလဲ မကြာခဏကြားရတယ်။ တကယ်တော့ ပတ်ဝန်းကျင်ကပြောလို့ဆိုတဲ့အတိုင်း ပတ်ဝန်းကျင်ကလူတွေက ပါးစပ်ကပဲပြောနိုင်တာပါ။ လက်တွေ့လိုက်လုပ်တာက ကိုယ်ကိုယ်တိုင်ပါ။ အဲဒီတော့ ပြောတဲ့လူရဲ့အပြစ်လား ကိုယ်တိုင်လိုက်လုပ်ချင်စိတ်နဲ့ လုပ်တဲ့သူရဲ့ အပြစ်လား?
လူတွေက အပြစ်ဖြစ်လာမှ မကောင်းတာဖြစ်လာမှ ဘေးကိုလွှဲချတတ်ကြတာပါ။ အဲဒီနေရာမှာသာ အကောင်းပဲဖြစ်မယ် ကောင်းကျိုးပဲခံစားရမယ်ဆိုရင် ကိုယ်ကိုယ်တိုင်ကောင်းလို့ဆိုပြီး ပြောတတ်ကြတယ်။ ပတ်ဝန်းကျင်ကလူတွေကောင်းလို့ သူငယ်ချင်းကောင်းလို့ဆိုပြီး ပြောတဲ့သူနည်းပါတယ်။
ပတ်ဝန်းကျင်က ကောင်းစေချင်လို့ ပြောပေမယ့်လည်း ကိုယ်ကလိုက်မလုပ်တဲ့ အခါတွေလဲရှိပါတယ်။ ဆေးလိပ်သောက်တာမကောင်းမှန်း သိပေမယ့်လည်း သူငယ်ချင်းကဆွယ်တော့ လိုက်သောက်တာတွေလဲ ရှိတာပါပဲ။ တကယ်တော့ အကောင်းပဲဖြစ်ဖြစ် အဆိုးပဲဖြစ်ဖြစ် အားလုံးက ကိုယ့်ကြောင့် ကိုယ်တိုင်ဖန်တီးပြီး ဖြစ်လာတာကြည့်ပါပဲ။

12/24/2009 11:10:00 PM
ရေးသားသူ
ဒီဇင်ဘာနှင်း
0
ယောက်ကဒီိလိုလေးပြောတယ်
Links to this post
Monday, 21 December 2009
တခုလိုချင်ရင် တခုပေးရတယ်
အလုပ်အောင်မြင်ချင်ရင် ကြိုးစားမှရမယ်။
သူတပါးက ကောင်းကောင်းမွန်မွန်ဆက်ဆံတာလိုချင်ရင် ကိုယ်ကလည်းကောင်းကောင်းဆက်ဆံရမယ်။
သူတပါးချမ်းသာတာကို မြင်တိုင်း ကိုယ်မချမ်းသာချင်နဲ့။ သူု့လိုချမ်းသာအောင် အရင်ထဲကကြိုးစားခဲ့ပါလား။
ကိုယ်က သူတပါးကို အဆိုးမြင်နေပြီး သူ့ဆီက ကိုယ့်ကိုအကောင်းမြင်စေဖို့ မမျှော်ပါနဲ့။
သူတပါးရဲ့အပြုံးကို မြင်ချင်ရင် ကိုယ်ကလဲပြုံးပြတတ်ရတယ်။
သူတပါးကံကောင်းတာမြင်တိုင်း မနာလိုမဖြစ်နဲ့ သူ့လိုကံကောင်းအောင် ကိုယ်လဲကောင်းတာတွေလုပ်ရတယ်။

12/21/2009 12:20:00 AM
ရေးသားသူ
ဒီဇင်ဘာနှင်း
3
ယောက်ကဒီိလိုလေးပြောတယ်
Links to this post
Sunday, 20 December 2009
နားလည်မှု
နားလည်မှု ဆိုတဲ့စကားလေးက ပြောရတာလွယ်သလောက် လူတွေအပေါ် နားလည်ပေးနိုင်ဖို့ တကယ်တမ်းကျတော့ တော်တော်ခက်ပါတယ်။ ဒါပေမယ့် လူတွေအပေါ်မှာ တကယ် နားလည်ပေးနိုင်သွားတယ် ဆိုရင်တော့ ပတ်ဝန်းကျင်နဲ့ တော်တော်လေးကို အဆင်ပြေပါတယ။် အဲလိုပဲ မိသားစုမှာဖြစ်စေ ချစ်သူတွေကြားမှာဖြစ်စေ မိတ်ဆွေကြားမှာဖြစ်စေ ပြဿနာဆိုတာ တော်ရုံနဲ့ ဖြစ်မလာတော့ပါဘူး။ တဖက်လူကို နားလည်ပေးလိုက်တဲ့အတွက် တဖက်လူလဲ စိတ်မညစ်ရသလို ကိုယ်လဲ စိတ်မညစ်ရတော့ပါဘူး။ အဲလိုနားလည်ပေးနိုင်ဖို့အတွက် သူ့နေရာမှာ ကိုယ်က၀င်ပြီး ကြည့်မှလဲ သူ့ရဲ့ခံစားချက်ကို နားလည်နိုင်မှာပါ။ ပါးစပ်က နားလည်ပါတယ်ပြောရုံနဲ့ မရပါဘူး။ နားလည်ပေးနိုင်သွားတာနဲ့ အဲဒီလူအပေါ်မှာ အပြစ်ဆိုတာလဲ မမြင်တော့ပါဘူး။
ရေးသားချိန်
12/20/2009 10:34:00 PM
ရေးသားသူ
ဒီဇင်ဘာနှင်း
0
ယောက်ကဒီိလိုလေးပြောတယ်
Links to this post
အချိန်တွေမရွေးသင့်ဘူး
မနေ့ညက ထိုင်ပေမှာ ငလျင်လှုပ်သွားတယ်။ ဖြစ်ချင်တော့ အလုပ်ကနေအပြန် အိပ်ရောက်နေတဲ့အချိန် ရေချိုးမလို့ အ၀တ်လဲနေတုန်း လှုပ်သွားတာ။ အခုနေပြန်တွေးပြီးပြောနေလို့သာ ရယ်နိုင်တာ။ ဖြစ်နေတုန်းကတော့ လူကတော်တော်လေးကြောက်သွားတယ်။ အရင်တုန်းကလဲ အခုလို မကြာခဏလှုပ်ပါတယ်။ ဒါပေမယ့် ဒီလောက်ကြီး အရှိန်မပြင်းတော့ သိပ်မကြောက်ပါဘူး။ မနေ့ညကတော့ ပစ္စည်းတွေလဲပြုတ်ကျ အ၀တ်တွေလဲပြုတ်ကျနဲ့ ကြောက်လန့်ပြီး ဦးလေးအငယ်ကို အော်လိုက်တာ ငယ်သံပါသွားတာပဲ။ အဒေါ်အငယ်နဲ့ ဦးလေးအကြီးကလဲ မရှိတော့ တူဝရီးနှစ်ယောက်သား ကြောက်လန့်ပြီး အပြင်ထွက်ပြေးဖို့ ပြင်နေကြတာ ပြန်တွေးကြည့်တော့ ရယ်စရာဖြစ်နေတယ်။ နှင်းကလဲ အိမ်အောက်ပြေးဆင်းဆိုပြီး အခန်းထဲကထွက်လာတယ်။ ဦးလေးအငယ်ကလဲ အိမ်ပေါ်ပြေးတက်မယ်ဆိုပြီး တံခါးအတင်းဖွင့်နေတယ်။ အိမ်အောက်ထပ်က အဒေါ်ကြီးတွေကလဲ အော်လိုက်တာ ဆူညံသွားတာပဲ။ ဒါပေမယ့် ငလျင်ကတော့ ခဏလေးပဲ လှုပ်သွားတာပါ။ လှုပ်သွားတဲ့ခဏလေးမှာ တော်တော်လေးကို ကြောက်သွားကြတာ။ ဦးလေးအကြီးနဲ့ အဒေါ်လဲပြန်ရောက်ရော တယောက်နဲ့တယောက်ဖြစ်တာကိုပြောပြီး ရယ်လိုက်ကြတာ။ ပြန်စဉ်းစားကြည့်တော့ လူတွေက သေရမှာကို တော်တော်လေးတုန်လှုပ်ကြပါတယ်။ ဘယ်လောက်ပဲ သတ္တိရှိပါတယ်ပြောပြော တကယ်တမ်းကြုံလာရတော့ ကြောက်ကြတာပါပဲ။
ပထမအရွယ် ပညာရှာ
ဒုတိယအရွယ် ဥစ္စာရှာ
တတိယအရွယ် တရားရှာ
ဆိုတဲ့ စကားက မှန်လားမမှန်လားတော့မသိဘူး။ တကယ်လို့များ မနေ့ညကသာ အခန့်မသင့်လို့ သေသွားခဲ့ရင် သေချာပါတယ်။ တရားမရှိလို့ အောက်ကိုပဲရောက်သွားမှာပါ။ တကယ်တော့ ဘယ်တော့သေမယ်ဆိုတာကို မသိတဲ့အတွက် အရွယ်တွေ အချိန်တွေ အသက်အရွယ်တွေကို စောင့်မနေပဲ တရားရှာသင့်ပါတယ်။ သေရင်ကိုယ့်နောက်ပါတာဆိုလို့ ကိုယ်ပြုတဲ့ကောင်းမှုကုသိုလ်ပဲရှိပါတယ်။

12/20/2009 12:46:00 PM
ရေးသားသူ
ဒီဇင်ဘာနှင်း
1 ယောက်ကဒီိလိုလေးပြောတယ်
Links to this post
Subscribe to:
Posts (Atom)