Saturday 8 November 2008

WOODEN ROLLER COASTER







EVER LAND RESORT မှာ ထူးခြားတာတစ်ခုကတော့ roller coaster ကို သစ်သားနဲ့တည်ဆောက်ထားပါတယ်။ အမြင့်က ၅၆ မီတာရှိပြီး အမြန်နှုန်းကတော့ ၁၀၄ km/h ရှိပါတယ်။ အရှည်ကတော့ ၁၆၄၁ မီတာရှည်ပါတယ်။ အလွန်သတ္တိရှိသော နှင်းကတော့ သွားမစီးပါဘူး။ အဲဒီမှာ စီးနေကြတဲ့ လူတွေအော်တာ ဒီဘက်ကစားကွင်းကနေ ကြားနေရပါတယ်။ wooden roller coaster ကတော့ EUROPEAN ADVENTURE အပိုင်းမှာတည်ရှိပါတယ်။


Sunday 2 November 2008

စိတ်သွားတိုင်းကိုယ်မပါ

ဘလော့ဂ်ကို ပစ်ထားတာ တော်တော်ကြာပါပြီ။ ကိုးရီးယားအကြောင်းလေးတွေ ရေးမယ်ဆိုပြီး အားတင်းထားပေမယ့်လည်း လူက ရာသီအကူးအပြောင်းဆို အမြဲနေမကောင်းဖြစ်ပါတယ်။ ရာသီဥတုပြောင်းတိုင်း နေမကောင်းဖြစ်ပြီး ဆရာဝန်ဆီသွားရလွန်းလို့ ဆေးခန်းမှာ ကျန်းမာရေးကဒ်ပြလိုက်တာနဲ့ ဖောင်ဖြည့်စရာတောင် မလိုတော့ပါဘူး။ သူတို့ဆီမှာ မှတ်တမ်းတင်ထားတာ များနေလို့ပါ။ အခုလဲ ဘလော့ဂ်ရေးမယ်ဆိုပြီး စိတ်ကူးလေးကို ခဏနားရတော့မယ်။ နှာစေးချောင်းဆိုး ဖြစ်ပြီး လူကမောမောနေတော့ ကွန်ပျူတာမှာ ကြာကြာမထိုင်ချင်ပါဘူး။ ကိုကိုဒေါက်တာ တစ်ယောက်လောက်ရှိရင်လဲ ကောင်းသားနော်။ အခုတော့ ကိုယ့်ဟာကိုယ်ပဲ ဂရုစိုက်နေရတယ်လေ။ ဘယ်သူ့ဆီမှလဲ မလည်နိုင်တော့ လာလည်ကြတဲ့ သူငယ်ချင်းတွေကို အားနာပါတယ်။

အခုဆိုရင် အလုပ်ထဲမှာလဲ နှာခေါင်းစည်းလေးတပ်ပြီးတော့ နပ်စ်မလေးလုပ်နေပါတယ်။ ဒီမှာက နေမကောင်းဖြစ်ပြီဆိုရင် ကူးမှာကြောက်ကြပါတယ်။ ဒါကြောင့် နှာခေါင်းစည်းလေးနဲ့ နပ်စ်မလေးလုပ်နေရတာပေါ့ကွယ်။ ကိုယ့်ကြောင့်သူများတွေကို ကူးစက်မှာလဲစိုးရိမ်ရသေးတယ်။ ဒါကြောင့် ဘလော့ဂ်မောင်နှမတွေကို ကူးမှာစိုးတာကြောင့် ဘယ်မှသွားမလည်တော့ပါဘူး။ နေမကောင်းတာလေးကို အခွင့်ကောင်းယူပြီး အပါးခိုလိုက်ပါတယ်။ အခုတော့ နှာခေါင်းသံလေးနဲ့ နှပ်ကလေးတရှုံရှုံလုပ်ပြီး ချောင်းကလေးတဟွတ်ဟွတ်ဆိုးကာ အိပ်ပါတော့မယ်။


MOON LIGHT SHOW











လမ်းဘေးဝဲယာကနေပြီး အခုလိုစောင့်ကြည့်ကြပါတယ်



Ever Land Resort ရဲ့ Moon Light Show ကို ညပိုင်း ၈ နာရီကနေ ၈ နာရီ ၃၀ အထိပြသပါတယ်။

EVER LAND RESORT



SKY WAY နဲ့အခုလိုတောင်အောက်ကို ဆင်းပါတယ်







ဒီငှက်ကလေးတွေကို ကိုယ်တိုင်အစာကျွေးလို့ရပါတယ်

ညဘက်မီးထွန်းထားတဲ့အလှ



Premium OUTLET ကနေ နေ့လည်စာသွားစားပြီးတဲ့အခါမှာတော့ Ever Land Resort ဆိုတဲ့ စားကွင်းကိုသွားကြပါတယ်။ အဲဒီကစားကွင်းမှာ ကလေးတွေအတွက် လူကြီးတွေအတွက် ကစားစရာတွေအပြင် တိရိစ္ဆာန်လေး တချို့ကိုပါ ပြသထားပါတယ်။ ကျားဖြူတွေ ပင်ဂွင်းတွေ ပင်လယ်ဖျံတွေအပြင် ငှက်ကလေးတွေကိုလည်း ကိုယ်တိုင်အစာကျွေးလို့ ရပါတယ်။ Friendly Monkey Valley ဆိုတဲ့နေရာမှာတော့ မျောက်ကလေးတွေကိုလည်း ပြသထားပါတယ်။ အဲဒီထဲမှာပဲ Safari World ဆိုတဲ့နေရာမှာတော့ ခြင်္သေ့တွေ ကျားတွေ ဆင်တွေ စတဲ့အကောင်ကြီးတွေကို ဒီအတိုင်းလွှတ်ထားပါတယ်။ အထဲကို ၀င်ကြည့်ချင်ရင်တော့ အန္တရာယ်အရှိအောင် ကာကွယ်ထားတဲ့ အဲဒီကကားလေးတွေကို စီးပြီး ၀င်ကြည့်ရပါတယ်။ ကစားကွင်းကိုရတောင်စောင်းလေးပေါ်မှာ ဆောက်ထားတာဖြစ်လို့ ပေါ်အောက်ကို ဒီအတိုင်းပဲ လမ်းလျှောက်ဆင်းလို့ ရသလို Sky Way နဲ့သွားလဲရပါတယ်။ နှင်းတို့အဖွဲ့ကတော့ တောင်အောက်ဘက်ကို Sky Way နဲ့ပဲ ဆင်းသွားကြပါတယ်။ အဲဒီနေ့က ကိုးရီးယားနိုင်ငံရဲ့ အားလပ်ရက်ဖြစ်လို့ လာရောက်လည်ပတ်တဲ့လူ များတဲ့အတွက် ဘာပဲကစာကစား ဘာပဲလုပ်လုပ် အားလုံးတန်းစီရပါတယ်။


အဲဒီကစားကွင်းမှာ နေရာတွေကို သူ့နာမည်တွေသူ ပိုင်းခြားထားပါတယ်။
1. Global Fairs (A world market full of Interesting Shopping Goods)
2. American Adventure(World of living adventure & Thrill)
3. Magic Land( A Mysterious Country of Magic Fairy Tales)
4. European Adventure(European Fragrance and Romance)
5. Zoo-Topia( A World Encounter With Animals from the Whole World)

ဆိုပြီး အပိုင်းတွေ ခွဲထားပါတယ်။ နောက်တစ်ခုကတော့ The World Of Festivals တွေကိုလည်း အဲဒီမှာ ပြုလုပ်ပါတယ်။
1. Christmas Holiday Fantasy (Nov to Dec)
2. Snow Festival (Jan to Fed)
3. Flower Carnival (Mar to Jun)
4. Summer Splash( Jun to Aug)
5. Happy Halloween( Sep to Oct) ဆိုပြီး ပွဲတော်တွေအလိုက် ပြင်ဆင်ထားပါတယ်။ နှင်းရောက်သွားတဲ့အချိန်က အောက်တိုဘာလဆိုတော့ Happy Halloween ပွဲတော်အတွက် ပြင်ဆင်ထားပါတယ်။ ရွှေဖရုံသီးလေးတွေကို သရဲပုံစံအဖြစ် ပြင်ဆင်ထားတာကလည်း ချစ်စရာလေးတွေအဖြစ် မြင်ရပါတယ်။ ညဘက်ရောက်တော့ မီးလေးတွေထွန်းထားပါတယ်။

Four Season Garden မှာတော့ ရေပန်းအလှကိုတွေ့ရသလို ပန်းတွေကို အရောင်စုံ အလှစိုက်တာကလည်း မျက်စိပသာဒ ရှိလှပါတယ်။ ညဘက်ရောက်တော့ ပန်းခင်းတွေအလယ်မှာ မီးရောင်စုံလေးထွန်းထားတော့လည်း တစ်မျိုးလေး လှနေပြန်ပါတယ်။

ညဘက်ရောက်တဲ့အခါမှာတော့ Moon Light Show ပြသပါတယ်။ Moon Light Show ပြသတဲ့နေရာကတော့ ကစားကွင်းရဲ့ တောင်အောက်ဘက်မှာပါ။ လျှပ်စစ်မီးတွေနဲ့ အလှဆင်ထားတဲ့ အလှပြကားတွေအပြင် လူတွေကိုယ်ပေါ်မှာ ရောင်စုံလျှပ်စစ်မီးလေးတွေဆင်ပြီး ကပြကြပါတယ်။ အဲဒီအစီအစဉ်ကိုတော့ ည ၈ နာရီမှာ စတင်ပါတယ်။ Path of parade ကနေပြီး Carnival Plaza ဆိုတဲ့နေရာကို လာရာလမ်းတစ်လျှောက် တစ်ဖက်တစ်ချက်ကနေပြီး စောင့်ကြည့်ရပါတယ်။ Ever Land Resort ရဲ့ လူကြိုက်များတဲ့ အစီအစဉ်ဖြစ်တဲ့အတွက် အစီအစဉ် မစခင်ကထဲက လာမယ့်လမ်းတစ်လျှောက် ကြိုတင်နေရာဦးရပါတယ်။ တစ်ချို့ကလည်း လှေကားတွေမှာထိုင်ကာတစ်မျိုး လမ်းဘေးမှာ မတ်တတ်တစ်မျိုး စောင့်ကြည့်ကြပါတယ်။ ဒီအစီအစဉ်က ၈ နာရီကနေစတင်ပြီး ၈ နာရီ ခွဲလောက်မှာ ပြီးသွားပါတယ်။ အစီအစဉ်ပြီးပြီဆိုတော့ အားလုံးပဲ ပြန်ဖို့အတွက် သွားကြပါတယ်။ ညရောက်ပြီဖြစ်လို့ ကစားတဲ့အရာတွေကို ပိတ်ထားပါတယ်။ ဒီအစီအစဉ်က တောင်ကုန်းလေး အောက်ဘက်မှာ ဖြစ်နေပြီး အ၀င်အထွက်ဂိတ်ကတော့ တောင်ကုန်းအပေါ်မှာ ဖြစ်ပါတယ်။ ၀င်ထွက်ဂိတ်ကိုသွားဖို့ Sky Way နဲ့သွားလဲရသလို လမ်းလျှောက်ပြီးသွားလဲ ရပါတယ်။ အပြန်ကျတော့ Sky Way နဲ့ သွားဖို့ကြည့်လိုက်တော့ အချိန်တော်တော်ကြာ တန်းစီရမှာဖြစ်လို့ လမ်းလျှောက်ပြီး ပြန်တက်ကြပါတယ်။ အဆင်းတုန်းကတော့ ဒီလောက်မောမှန်း မသိပါဘူး။ အပြန်လဲကျရော တောင်ကုန်းအပေါ်ကို တက်ရတာ တော်တော်မောပါတယ်။ အေးတယ်ဆိုတာ ဘယ်လိုပျော်သွားတယ်မသိဘူး။ ချွေးတွေပါ ပြန်လာပါတယ်။ တောင်ကုန်းပေါ်ရောက်ခါနီး ကျတော့ စက်လှေခါးတပ်ထားပါတယ်။ လမ်းလျှောက်ပြီး မသွားချင်တော့ စက်လှေခါးပေါ်တက်လိုက်ပါတယ်။ ပေါ်ကို ပြန်ရောက်လာတော့ နှင်းတို့အဖွဲ့ရှိရာသွားစုကြပါတယ်။ အဲဒီကနေပြီး လူစုံပြီဆိုတော့ ဆိုလ်းမြို့မှာ တည်းခိုမယ့် RAMADA SEOUL HOTEL ကို သွားကြပါတယ်။

နောက်လဲလာလည်နော်

Glitter Graphics