Monday, 14 September 2009

ရင်ဖွင့်သံ

နှင်း စိတ်ထဲမှာ ၀မ်းနည်းနေသလို အရမ်းလဲ အားငယ်စိတ်တွေ ၀င်နေမိတယ်။ ခပ်ငယ်ငယ်ထဲက မိသားစုတွေရဲ့ နွေးထွေးတဲ့ မေတ္တာကိုရရှိခဲ့ပေမယ့် အဲဒီအရွယ်ထဲက မိဘတွေရဲ့ စိတ်တိုင်းကျနေခဲ့ရတယ်။ ကလေးသဘာဝ စကားနားမထောင်တာကလွဲလို့ အရွယ်ကလေးရောက်လာတော့ နှင်းရဲ့ လျှောက်ရမယ့်လမ်းမှန်သမျှကို မိဘတွေကပဲ စီစဉ်ပြီး လျှောက်ခိုင်းခဲ့တယ်။ ခပ်ငယ်ငယ်ထဲက မာမားဝယ်ပေးတဲ့ အင်္ကျီတွေကိုပဲ ၀တ်ခဲ့ရပြီး ကိုယ်နှစ်သက်တဲ့ပုံစံကို ရွေးချယ်ခွင့်ဆိုတာ အလွန်နည်းပါးခဲ့ရတယ်။ အထက်တန်းရောက်နေတာတောင် မာမားတို့စီမံတဲ့ ကျူရှင်မှာတက် မာမားတို့ လုပ်ခိုင်းတာတွေကိုပဲ လုပ်ခဲ့ရတယ်။ ၁၀ တန်းအောင်ပြီးတော့ တက္ကသိုလ်တက်တော့လဲ မာမားသင်စေချင်တဲ့ ဘာသာကိုပဲ ယူခဲ့ရတယ်။ တက္ကသိုလ်ကို တက်ချင်ပေမယ့် စိတ်မချဘူး အချိန်ကုန်ပါတယ်ဆိုပြီး အဝေးသင်ပဲတက်ခိုင်းလို့ ကိုယ့်ဆန္ဒဆိုတာကို မြိုသိပ်ခဲ့ရတယ်။ ကျောင်းပြီးရင် သူများတွေဘွဲ့ဝတ်စုံနဲ့ တက်ယူသလို ကိုယ်လဲတက်ယူမယ်ဆိုတဲ့ စိတ်ကူးကို နိုင်ငံခြားသွားရမယ်ဆိုတဲ့ အမိန့်တခုနဲ့ အဝေးရောက်ဘွဲ့အဖြစ်ပြောင်းလဲခဲ့ရတယ်။ သူများတကာတွေ ဘွဲ့နှင်းသဘင်မှာ နေရာယူနေချိန် နှင်းကတော့ လေယာဉ်လက်မှတ်ကိုင်ပြီး လေယာဉ်ပေါ်တက်ခဲ့ရတယ်။ တိုက်ဆိုင်တာကလဲ မမေ့နိုင်စရာပါပဲ။ တနေ့တည်းမှာ လာဆုံနေခဲ့တယ်လေ။ ဘ၀အတွက်ဆိုတာကို စဉ်းစားလိုက်တိုင်း မိဘတွေစိတ်ဆင်းရဲမှာစိုးလို့ အရာရာကို မြိုသိပ်ပြီး ကိုယ့်ပတ်ဝန်းကျင်ကလူတွေ စိတ်ချမ်းသာဖို့ ဦးစားပေးတတ်လာခဲ့တယ်။ သူတို့တွေကို နားလည်ပေးရင်းနဲ့ ကိုယ့်ဆန္ဒဆိုတာတွေဟာ ပျောက်ကွယ်မှန်းမသိ ပျောက်သွားခဲ့ရတယ်။
အချိန်တန်လို့ နှလုံးသားထဲက ပေါက်ဖွားလာတဲ့ သံယောဇဉ်ဆိုတာလေး ဖြစ်လာတော့လဲ ကိုယ့်ဆန္ဒဆိုတာထက် ကိုယ်သံယောဇဉ်တွယ်ရတဲ့သူအတွက် ပထမဖြစ်သွားခဲ့ရတယ်။ ကိုယ်ပြောချင်တာတွေ ကိုယ်ဘာဖြစ်ချင်တယ်ဆိုတာတွေဟာ သူစိတ်ညစ်မှာစိုးတယ်ဆိုတဲ့ အတွေးတခုထဲနဲ့ပဲ ဘာမှပြောမထွက်ခဲ့ပါဘူး။ အရာရာကို နားလည်ပေးနိုင်ဖို့ ကြိုးစားရင်း တခါတလေ ရင်ထဲမှာနာကျင်နေတာတောင် ပြောမထွက်ခဲ့ပါဘူး။ ကိုယ်ချစ်တဲ့သူတယောက်ကို အမြဲတမ်းပျော်ရွှင် စိတ်ချမ်းမြေ့စေချင်ပါတယ်။ ခပ်ငယ်ငယ်ထဲက သူများတကာကို နားလည်ပေးရင် ကိုယ့်ဆန္ဒဆိုတာမရှိတော့တဲ့ နှင်းရဲ့ရင်ထဲမှာ တခါတလေ ဘယ်သူမှမသိအောင် ကြိတ်ငိုနေခဲ့ရတာ များခဲ့ပါပြီ။ ဒီနေ့လဲ ရင်ထဲမှာ အရမ်းဝမ်းနည်းနေမိတယ်။ ဒါပေမယ့် ဘယ်သူမှမသိပါဘူး။ မခံစားနိုင်တော့လို့ ဘလော့ပေါ်ချရေးမလိုက်တာပါ။ နှင်းရဲ့ဘ၀မှာ ကိုယ့်ဆန္ဒအတိုင်းသာ ဖြစ်ခွင့်ရမယ်ဆိုရင် အများကြီးမလိုချင်ပါဘူး။ တခုလောက်ပြည့်မယ်ဆိုရင် ကျေနပ်ပါပြီလေ။

Saturday, 12 September 2009

Happy Birthday

ဒ ီ ေ န ႔ က ေ တ ာ ့ က ု ိ ယ့်  ကို ကို ယ် ကို ကို က ေ လ လ ိ ု ႔ အ ျ မ ဲ ေ ျ ပ ာ တ တ်ြ ပီး နှ င်း ကို လ ည်း က ေ လ း ေ လ း င ယ ္ ေ လ း င ယ ္ ေ ရ ႏ ွ င ္ း ေ ရ ည ီ မ ေ လ း ေ ရ စ တ ဲ ့ သ ူ ႔ စ ိ တ် ထဲ ရှိ တဲ့  အ ခါ စိ တ် ကူးေ ပါ က် သ လိုေ ခါ် တ တ် တဲ့  သူ ရဲ့  ေ မ ြ း ေ န ႔ ေ လ း ပ ါ။ ဘ ာ ေ တ ြ လ က ္ ေ ဆ ာ င ္ ေ ပ း ရ င ္ ေ က ာ င်း မ လဲ ရ ယ် လို့  ေ တ ြ း ေ န ေ ပ မ ယ့်  လ ည်း အ ချိ န် က လ ည်း မ ရှိေ တာ့  ဘူး။ အ လု ပ် က လ ည်း မ အား တာ နဲ့  ၁ ၈ ရ က် မှာေ မွး တာြ ဖ စ်ြ ပီး သူ က ၉ လ ပို င်း ၁ ၂ ရ က် ဆို ေ တ ာ ့ လ ပ ဲ က ြ ာ တ ာ ေ ပ ့ ါ။ တ က ယ ္ ေ တ ာ ့ ေ န ာ က် က ခု နှ စ် ကို ထ ည့်  မ တွ က် ချ င် လို့  တဲ့ေ လ။ သူ က အဲ လို မျိုး။ အြ မဲ တ မ်း မျ က် နှာ က တ ည် တ ည်ြ ကီးေ န တ တ် လို့  ဘာြ ဖ စ် လဲေ မး ရ င် အ ေ မ ေ မ ြ း ထ ဲ က အ တ ိ ု င်း လို့ြ ပ န်ေြ ပာ တ တ် တဲ့  သူ ပါ။ ေ မ ေ မ ေ မ ြ း တ ု န ္ း က ေ တ ာ ့ အ ဲ ေ လ ာ က် တ ည် မ ယ် မ ထ င် ပါ ဘူး။ သ ူ ႔ ေ မ ြ း ......


၁ ၂. ၉ ၂ ၀ ၀ ၉ မ ွ ာ က ် ေ ရ ာ က ္ တ ဲ ့ က ု ိ က ု ိ လ ိ ု ႔ ေ ခ ၚ တ ဲ ့ သ ူ ေ မ ြ း ေ န ႔ မ ွ သ ည် နှ စ်ေ ပါ င်း ၁ ၂ ၀ တို င် စိ တ် ချ မ်း သာ ကို ယ် ကျ န်း မာ စွာ နဲ့  ကို ကို လို ချ င် တဲ့  ဘ ၀ြ ဖ စ် ချ င် တဲ့  ဆ န ၵ ေ တ ြ အ ာ း လ ံ ု း ျ ပ ည ္ ့ စ ံ ု ပ ါ ေ စ လ ိ ု ႔ ဆ ု ေ တ ာ င ္ း ေ ပ း လ ိ ု က် ပါ တ ယ်။

Friday, 11 September 2009

တောင်ပေါ်ပင်လယ်

ညောင်ရွှေကနေ အင်းလေးထဲကို စထွက်လာပြီ
လှေဦးထိပ်ကနေ မောင်လေးရိုက်ထားတာပါ။

ရေမိုင်ဘယ်လောက်ရှိလဲဆိုတာ သိရအောင် ဟိုကအမှတ်လေးကိုကြည့်ရတယ်။


အင်းထဲမှာ အခုလို ငါးဖမ်းနေကြတယ်။



ရေပေါ်မှာရှိတဲ့ တည်းခိုခန်းတွေလေ


ဖောင်တော်ဦး ဘုရား


အလိုတော်ပေါက်ဘုရား အတွင်းထဲက ဆင်းတုတော်

အလိုတော်ပေါက်ဘုရား


အင်းလေးထဲမှာ

ညောင်ရွှေမှာ ညအိပ်ဖို့ ရောက်သွားတဲ့အခါမှာ ညောင်ရွှေစာပြန်ပွဲရဲ့ နောက်ဆုံးရက်ဖြစ်နေပါတယ်။ ပွဲဈေးတန်းကလည်း နှင်းတို့တည်းတဲ့နေရာနဲ့ နီးနီးလေးဆိုတော့ ထမင်းစားသောက်ပြီး မောင်နှမတတွေ ပွဲဈေးသွားပတ်ကြပါတယ်။ ရှမ်းမလေးတွေစကားပြောတဲ့ အသံဝဲ၀ဲလေးတွေကို နားထောင်လို့ကောင်းတယ်ဆိုပြီးပါလာတဲ့မောင်လေးကပြောပါတယ်။ ရိုးရာအထည်ဆိုင်တွေမှာ လိုချင်တာတွေ ၀င်ကြည့်ရင်း ဈေးဆစ်ကြတော့ စကားပြောနားထောင်ရတာ ကောင်းလို့ အစ်မရေ စကားများများပြောနော်ဆိုပြီး မောင်လေး၂ ယောက်ကကပ်ပြောလာလို့ ရယ်ရသေးတယ်။ ဈေးတန်းထဲလဲရောက်ရော မိုးကရွာလာလိုက်တာ လူတွေလဲ ခပ်ကျဲကျဲလေးဖြစ်သွားတယ်။ မိုးကလည်း ခဏပဲရပ်သွားလို့ တော်သေးတယ်။ နောက်နေ့ ၁၀ လောက်ဆိုရင် ပွဲဈေးကသိမ်းမှာဖြစ်လို့ နောက်ဆုံးညဆိုတော့ နှင်းတို့လဲ အကုန်လျှောက်ကြည့်လိုက်တယ်လေ။ မြန်မာပြည်အနှံ့က ဈေးသည်တွေ လာရောင်းတာဆိုတော့ တနေရာတည်းမှာ အကုန်တွေ့ခဲ့ရတယ်။ မြန်မာပြည်ရဲ့ ပွဲဈေးနဲ့ ဝေးနေခဲ့တာလဲ တော်တော်ကြာပြီဆိုတော့ ပျော်လဲပျော်ပါတယ်။ ညဘက် တည်းတဲ့နေရာကိုပြန်လာတော့ မာမားတို့က အိပ်ဖို့လုပ်နေပြီ။
ဆည်မြောင်းဧည့်ရိပ်သာမှာ တညအိပ်ပြီးတော့ နောက်တနေ့မနက်ခင်း ၈ နာရီလောက်မှာတော့ အင်းထဲကိုသွားဖို့အတွက် ဆည်မြောင်းက စက်လှေနဲ့ လိုက်ပို့ပေးပါတယ်။ ကြီးကြီးမေ အမျိုးသားက ဆည်မြောင်းက အရာရှိဆိုတော့ သူ့လုပ်ဖော်ကိုင်ဖက်က အင်းလေးမှာတာဝန်ကျနေတာနဲ့ အခုလို အဆင်ပြေပြေ ဖြစ်သွားတာပါ။ ညောင်ရွှေကနေ အရင်ဆုံး ဖောင်တော်ဦးဘုရားကို လိုက်ပို့ပေးပါတယ်။ ဘုရားနားမရောက်ခင်မှာတော့ ရွှေဟင်္သာ ယက်ကန်းရုံက အရောင်းဆိုင်ကို ၀င်ပို့ပေးပါတယ်။ အမှတ်တရ ပစ္စည်းတွေ လိုချင်တဲ့ ရိုးရာအထည်တွေ ၀ယ်လို့ရတယ်ဆိုပြီး စက်လှေသမားက ၀င်ပို့ပေးတာပါ။ အရင် တက္ကသိုလ်တက်တုန်းကလည်း သူငယ်ချင်းတွေနဲ့ ရောက်ဖြစ်ပါတယ်။ အင်းလေးဆိုတာက ခပ်ငယ်ငယ် ၁ နှစ်ကျော်လောက်ကထဲက အိမ်ကမိသားစုလိုက် ဘုရားဖူးသွားဖူးနေတဲ့ နေရာဖြစ်လို့ မစိမ်းဘူးလို့ ပြောလို့ရတယ်။ ရွှေဟင်္သာမှာ လိုချင်တာတွေ ၀ယ်ပြီးတော့ ဖောင်တော်ဦးဘုရားကို သွားဖူးကြပါတယ်။ အင်းလေးဖောင်တော်ဦးဆိုတာ တန်ခိုးကြီးတယ်ဆိုပြီး နာမည်ကြီးတာ အားလုံးသိသလို ဖော်တော်ဦးဘုရားပွဲဆိုရင်လဲ အနယ်နယ်အရပ်ရပ်ကနေ လာတဲ့လူတွေနဲ့ အလွန်စည်ကားပါတယ်။ ဘုရားကိုရောက်တော့ ဖွားဖွားက ဆွမ်းပွဲကပ်ချင်တယ်ဆိုလို့ ဆွမ်းတော်ပွဲဝယ်ပြီး ကပ်လိုက်ပါတယ်။ မောင်လေးနဲ့ ပါပါးကတော့ ဘုရား ၅ ဆူကို ရွှေသင်္ကန်းကပ်ပါတယ်။ ဘုရားဖူးပြီးတာနဲ့ ဘုရားအောက်မှာရောင်းတဲ့ ဈေးဆိုင်တွေကို လျှောက်ကြည့်ကြပါတယ်။ အရင်တခါ လာတုန်းက ဘုရားအောက်က ဈေးဆိုင်တွေပဲရှိပြီး အခုကျတော့ ဘုရားကုန်းတော်ရဲ့ အနောက်ဘက်မှာ ဈေးဆိုင်တန်းတွေကို သီးသန့်ဆောက်ထားပြီး အထည်ဆိုင်တွေ စားသောက်ဆိုင်တွေနဲ့ တော်တော်လေး တိုးတက်လာပါတယ်။ တောင်ကြီးဘက်မှာက ၅ ရက်တဈေးဆိုသလို အဲဒီနေ့က ဖော်တော်ဦးဘုရားဈေးနေ့ဖြစ်လို့ ဘုရားပေါ်မှာ လူတွေပိုစည်ကားနေပါတယ်။ ဘုရားကုန်းတော်မှာလဲ သန့ှ်ရှင်းသပ်ရပ်ပြီး ပန်းအလှပင်တွေလဲ စိုက်ထားပါတယ်။
ဖောင်တော်ဦးဘုရားကို ဖူးပြီးသွားတော့ အလိုတော်ပေါက်ကို လိုက်ပို့ပေးမယ်ဆိုပြီး အလိုတော်ပေါက်ဘုရားကို သွားကြပါတယ်။ အရင်အခေါက်တွေ လာတုန်းက အလိုတော်ပေါက်ကို မရောက်ဖြစ်ပါဘူး။ အခုတခါမှ ရောက်ဖူးမှာဆိုတော့ စက်လှေသမားကို ကျေးဇူးတင်မိပါတယ်။ အလိုတော်ပေါက်ဘုရားကတော့ ဖော်တော်ဦးဘုရားလောက် မတိုးတက်ပါဘူး။ ဘုရားကိုလည်း တချို့နေရာတွေမှာ ပြန်လည်ပြုပြင်နေတာတွေ့ခဲ့ရတယ်။ ဘုရားကုန်းတော်ကလည်း ဖောင်တော်ဦးလောက် မကျယ်ဘူးလို့ ပြောပါတယ်။ အလိုတော်ပေါက်ရောက်တော့ ဘက်စုံပြုပြင်ဖို့ အလှူငွေထည့်ရင်းနဲ့ အလိုတော်ပေါက် ဆင်းတုတော်ဆိုပြီး ရောင်းနေတာတွေ့တာနဲ့ စိတ်ထဲမှာ ပူဇော်ချင်စိတ်ဖြစ်လာတာရယ် အိမ်မှာကလည်း ဘုရား၉ ဆူပြည့်ဖို့ ၁ ဆူလိုနေတာရယ် တိုက်ဆိုင်တာနဲ့ အလိုတော်ပေါက်ဘုရားကို ၀ယ်ပြီး ပင့်လာခဲ့ပါတယ်။ အဲဒီကနေပြီးတော့ ဘယ်ကိုမှဆက်မသွားတော့ပဲ ညောင်ရွှေကို ပြန်လာခဲ့ပါတယ်။ အင်းလေးထဲက တိုင်တရာကျောင်းတို့ ဘိုတဲတို့ကို မသွားခဲ့ပါဘူး။
အင်းလေးထဲမှာ စက်လှေစီးနေရင်းနဲ့ ဖြတ်သွားနေတဲ့ စက်လှေတွေကို ကြည့်လိုက်တဲ့အခါ စက်လှေပေါ်မှာ ဆိုင်ကယ်တွေတင်လာတာတွေ့ရပါတယ်။ အင်းထဲမှာနေတဲ့လူကလဲ ဆိုင်ကယ်ဝယ်ထားပါတယ်။ အင်းထဲမှာနေတဲ့အချိန် စက်လှေစီးပြီး ညောင်ရွှေလာတဲ့အခါ ဆိုင်ကယ်ကို စက်လှေနဲ့တင်လာပြီး ညောင်ရွှေမှာ ဆိုင်ကယ်စီးတာပါတဲ့။ အင်းလေးထဲမှာလဲ မြေနီကုန်းဆိုတဲ့ ရွာရှိပါတယ်။ အဲဒီရွာနားရောက်ရင် ရေကတခြားနေရာထက် ပိုပြီး နီနေပါတယ်။ နောက်ပြီး ဆည်မြောင်းကနေပြီး စက်တွေနဲ့ သောင်တွေကိုတူပြီး ကျွန်းမျောတွေကို သေသေသပ်သပ်လုပ်နေတာလဲ တွေ့ခဲ့ရပါတယ်။ အင်းလေးထဲက လှေလေးတွေပေါ်မှာ ကလေးငယ်ငယ်လေးတွေ ထိုင်နေတာတွေ့တော့ အသဲယားမိပါတယ်။ နှင်းတို့သာဆိုရင် မထိုင်ရဲဘူးလို့ ပြောလို့ အင်းလေးမှာမွေးတဲ့ကလေးကတော့ ရိုးနေပြီလို့ မာမားကပြောပါတယ်။ အင်လေးထဲရောက်နေတဲ့အချိန် မိုးမရွာလို့ ကံကောင်းတယ်လို့ ပြောရမယ်။ ဟိုးအရင် ဆရာမရယ် သူငယ်ချင်းတွေနဲ့လာတုန်းက လှေပေါ်မှာ မိုးမိတော့ လူကတော်တော်လေး အေးလာသလို ဘေးပတ်လည်ကိုကြည့်လိုက်တော့လဲ ဘာကိုမှ မမြင်ရပဲ ပင်လယ်ထဲရောက်နေသလို ထင်ရပါတယ်။ အဲဒီတုန်းက လိုက်ပို့ပေးတဲ့ ဆရာမရဲ့ မောင်ကပြောပြပါတယ်။ အင်းလေးမှာ မိုးရွားလာတဲ့အချိန်ဆိုရင် ဘေးကပတ်လည်ဝိုင်းနေတဲ့ တောင်တွေကို မမြင်ရတော့သလို ဘေးကိုကြည့်လိုက်ရင် ရေပြင်ကြီးကိုပဲတွေ့ရလို့ တောင်ပေါ်ပင်လယ်လို့ တင်စားပြီး ခေါ်ကြတယ်လို့ ပြောပါတယ်။
အင်းလေးရဲ့ ထူးခြားချက်တွေကို ငယ်ငယ်ကစာထဲမှာ သင်ခဲ့ရသလို လှေကို လက်ဖြင့်မလှော် ခြေဖြင့်လှော်သောအရပ်။ အိမ်ကိုကုန်းတွင်မဆောက် ရေတွင်ဆောက်သောအရပ် ဆိုသလို ကလေးငယ်တွေကအစ လှေကို ခြေထောက်နဲ့လှော်တာမြင်ရလို့ ပါလာတဲ့ မောင်လေးတွေက တအံ့တသြကြည့်ပြီး သဘောတွေကျနေပါတယ်။ သူတို့တွေက တခါမှ မရောက်ဖူးလို့ အခုလိုအံ့သြပြီး သဘောကျနေကြတာပါ။ အခုတော့ အင်းလေးထဲမှာလဲ ဓါတ်တိုင်တွေကို ကျွန်းမျှောတွေပေါ်မှာ ဆောက်ထားပြီး အင်းထဲကရွာတွေကို မီးသွယ်ထားတာတွေ့ရပါတယ်။ စိတ်ထဲကနေ မတော်လို့များ ဓါတ်တိုင်တွေလဲပြီး ရေထဲကျရင် ဘယ်လိုလုပ်မလဲလို့ ကြံဖန်တွေးပူလိုက်ပါသေးတယ်။ အဲလိုတွေ အတွေးပေါင်းစုံနဲ့ ညောင်ရွှေကို နေ့လည် ၁၂ နာရီကျော်လောက်မှာ ပြန်ရောက်လာပါတယ်။ ညောင်ရွှေကနေပြီး တောင်ကြီးကို ဆက်လက်ထွက်ခွာခဲ့ပါတယ်။

သူလေးကယ်လို့

ဟိုတနေ့က ဓါတ်ပုံတွေ ပျောက်နေတယ်ဆိုပြီး စိတ်ညစ်သွားတာ အခုတော့ စိတ်ချမ်းသာသွားပြီ။ စိတ်ထဲမှာ စီဒီဆိုတာကိုပဲ သတိရပြီး ကွန်ပျူတာမှာလဲ မရှိတော့ဘူးဆိုပြီး အရမ်းစိတ်ညစ်နေခဲ့ရတာ။ my flash လေးကို လုံးဝသတိမရလိုက်ဘူး။ အခုတော့ အဲဒီထဲမှာ ထည့်ထားမိလို့ ပုံတွေ ပြန်ရပြီ။ ဒါကြောင့် ခရီးစဉ်ကို ဆက်လက်ရေးပါမယ်။

Tuesday, 8 September 2009

စိတ်ညစ်နေပါတယ်

မနေ့က ခရီးသွားတဲ့ ဓါတ်ပုံတွေ တင်မယ်ဆိုပြီး ကွန်ပျူတာမှာ ရှာတာ မတွေ့လို့ စိတ်ညစ်နေပါတယ်။ ဟိုတလောက ကွန်ပျူတာ format လုပ်လိုက်တာ မသိမ်းထားမိပဲ အကုန်ပါသွားတယ်။ တကယ်ကို ကိုယ့်ကိုကိုယ် စိတ်ကုန်မိတယ်။ ဓါတ်ပုံတွေလဲ မရှိတော့ စာကြည့်ပဲလဲ မရေးချင်တော့ဘူး။ အခုမှ ဘယ်လိုလုပ်ရမလဲ မသိတော့ဘူး။ စီဒီကလဲ မြန်မာပြည်မှာ ထားခဲ့မိတယ်။ တကယ်ကိုဝမ်းနည်းမိတယ်။ မိသားစုပုံတွေလဲ အကုန်ပါသွားပြီ။ အခုဘယ်လိုလုပ်ရမှန်း မသိတော့ဘူး။ ဘာတခုမှကို မကျန်ခဲ့ဘူး။ ကွန်ပျူတာကို ပြန်ပြီး လုပ်ချင်တာပဲ သတိရပြီး D ထဲမှာသွားသိမ်းဖို့ကို သတိမရလိုက်တာ။ အခုလိုဖြစ်သွားတယ်။ ဓါတ်ပုံတွေ မတင်နိုင်မှတော့ ခရီးသွားခဲ့တာတွေကို ဆက်မရေးချင်တော့ဘူး။ လောလောဆယ် စိတ်တွေအရမ်းညစ်သွားပြီ..............

Monday, 7 September 2009

တောင်ပေါ်ခရီးအစ

ရေးချင်တာတွေ ပြောချင်တာတွေက များနေတော့ မြန်မာနိုင်ငံသွားတုန်းက အကြောင်းလေးတွေကို ဆက်ပြောပြမယ်နော်။ မြန်မာပြည်ပြန်တုန်း ဘုရားဖူးသွားမယ်ဆိုတဲ့ ဆုံးဖြတ်ချက်အတိုင်း မိသားစုတွေ ဘုရားဖူးထွက်ခဲ့ပါတယ်။ ဘယ်သွားမလဲဆိုတာကို နှင်းကပဲ ရွေးချယ်လိုက်ပါတယ်။ ခပ်ငယ်ငယ်ထဲက ရှမ်းပြည်နယ် တောင်ကြီးဆိုတာ ခဏခဏ ရောက်ဖူးခဲ့ပါတယ်။ ဖိုးဖိုး ဖွားဖွားတွေနဲ့အတူတူ အန်တီအငယ်က အဲဒီဘက်မှာ နေတော့ အလည်သွားဖြစ်နေပါတယ်။ ၅ တန်းမှာတော့ မာမားက တောင်ကြီးဘက်မှာ နေချင်တယ်ဆိုပြီး နှင်းတို့မိသားစု တောင်ကြီးဘက်ကိုပြောင်းသွားပါတယ်။ မာမားကို တောင်ကြီးမြို့မှာ မွေးခဲ့တာဖြစ်ပြီး တောင်ကြီးမှာပဲ ၁၀ ကျော်သက်အထိနေလာခဲ့တဲ့အတွက် မာမားက တောင်ကြီးဘက်ကို ပိုသဘောကျပါတယ်။ ပါပါးကတော့ ရန်ကုန်ဘက်မှာကြီးတော့ တောင်ကြီးကို အေးတယ်ဆိုပြီး မကြိုက်ပါဘူး။ ပထမကတော့ တောင်ကြီးဘက်မှာ အခြေချမယ်စိတ်ကူးပေမယ့် ဘ၀အလှည့်အပြောင်းကြောင့် အမ်းမဆုံးသွားတော့ နှင်းတို့တွေ ရန်ကုန်ကို ပြန်ပြောင်းလာခဲ့ရတယ်။ ရန်ကုန်ကို ပြန်လာခဲ့ရပေမယ့် နှင်းတို့သားအမိတွေက တောင်ကြီးဘက်ကို ပိုကြိုက်ကြပါတယ်။ အခုလည်း ဘယ်သွားမလည်းမေးတော့ တောင်ကြီးတက်မယ်ဆိုပြီး ရွေးလိုက်ပါတယ်။ ပါပါးရော မာမားကတော့ နှင်းစိတ်တိုင်းကျပဲ လိုက်လျောပေးပါတယ်။

ဘယ်သူတွေလိုက်မလဲမေးတော့ ကြီးကြီးမေတို့ အတွဲရယ် နှင်းတို့မိသားစုရယ် ဖွားဖွားရယ် မောင်နှမ၀မ်းကွဲလေး ၃ ယောက်ရယ် ခရီးစထွက်ခဲ့ကြတယ်။ ကြီးကြီးမေတို့ကို ပျဉ်းမနားမှာ ၀င်ခေါ်ပြီး မနက် ၉ နာရီလောက်ကနေပြီး စထွက်လာခဲ့ပါတယ်။ ပျဉ်းမနား ပျော်ဘွယ်လမ်းသစ်ဘက်ကနေ သွားကြပါတယ်။ ပျော်ဘွယ်လမ်းက အသစ်ဖောက်ထားလို့ ကောင်းတယ်လို့ ပြောလို့ရပါတယ်။ အဲဒီကနေ လာလိုက်တာ တောင်ပေါ်စတက်မယ့်နေရာမှာတော့ ဆိုင်းစိုင်မောဝ် ဆိုထားသလိုပါပဲ မိုင် ၁၀၀ ကျော်သာရှိတဲ့ လမ်းရဲ့အတိုင်းအတာ တနေကုန်အောင်မောင်းကြရတယ်။ ဆိုသလိုပဲ တကယ်ကိုပါပဲ။ ကျောက်ခဲစားထားရင်တောင် အစာကြေလောက်ပါတယ်။ ကတ္တရာလမ်းဆိုတာမှ ဟုတ်ရဲ့လားလို့ ထင်ရလောက်အောင်ကို ချိုင့်ခွက်တွေ ကျောက်တုံးတွေနဲ့ တော်တော်လေးကို မောင်းနေရတာပါ။ ESE လို အမြန်ကားတွေတောင် ဟိုယိမ်းဒီယိမ်းနဲ့ ဘေးနားက ချောက်ကမ်းပါးနားမှာ ကပ်ပြီးမောင်းနေတာကို ကြည့်ပြီး အသည်းအေးမိပါတယ်။ လွိုင်ကော်ဘက်က လာတဲ့ကားတွေကတော့ ခရီးသည်တွေအကုန်လုံး နှာခေါင်းစည်းတွေတပ်ထားပါတယ်။ နှင်းတို့တွေလဲ ကားပေါ်မှာ တယောက်ကို တယောက်ကြည့်ပြီး ရယ်မိပါတယ်။ ခေါင်းတွေကဖွေးနေတော့ မာမားကပြောတယ် တောထဲကထွက်လာတဲ့ မျောက်ဖြူတွေ ဖြစ်နေပြီတဲ့လေ။ တောင်ပေါ်ရဲ့ တချို့နေရာတွေမှာ လမ်းချဲ့ဖို့ တောင်ကမ်းပါးရံကို မိုင်းခွဲပြီး ဖြိုနေတဲ့အတွက် တချို့နေရာတွေမှာ ခဏစောင့်နေရပါတယ်။
ကားပေါ်မှာမောင်လေးက ဆိုင်းထီးဆိုင်တို့ ဆိုင်းစိုင်မော်ဝ်တို့ဆိုထားတဲ့ သီချင်းတွေဖွင့်ထားတော့ ဘေးကရှု့ခင်းတွေနဲ့ အလွန်လိုက်ဖက်နေပါတယ်။ ထိုင်ဝမ်မှာလဲ တောတောင်တွေထဲရောက်ဖူးပါတယ်။ ဒါပေမယ့် ကိုယ့်နိုင်ငံရဲ့ အလှက ပိုပြီးလှတယ်လို့ပဲ ထင်မိပါတယ်။ ထိုင်ဝမ်ရဲ့ တောင်တွေက သက်နုကျောက်တောင်တွေဖြစ်လို့ တောင်မကြာခဏပြိုပါတယ်။ တောင်ပေါ်လမ်းက ရွာတွေဖြစ်တဲ့ ရေယားတို့ ရေယောင်းမ တို့မှာတော့ ပိန္နဲသီးတွေ အတော်ပေါပါတယ်။ ဈေးတွေကတော့ သူ့ဟာနဲ့သူပါပဲ။ တောင်ကြီးဘက်ကို စတက်ပြီဆိုတာနဲ့ ရာသီဥတုက အောက်မြန်မာပြည်နဲ့မတူတော့ပဲ အေးစိမ့်စိမ့်လေး ဖြစ်လာပါတယ်။ ကလောမြို့ကိုရောက်ဖို့ တော်တော်လေး မောင်းလိုက်ရပါတယ်။ ကလောနားကို နီးလာတော့ ထင်းရှုးတောတန်းတွေကို တွေ့ရပါတယ်။ ကလောမြို့ကို ညနေစောင်းလောက်မှာ ရောက်တော့ ကျောင်းသားလေးတွေတောင် ကျောင်းလွှတ်နေပါပြီ။ ကလောမြို့ကလဲ အရင်နဲ့ ဘာမှကို မတူတော့ပဲ တော်တော်ကို တိုးတက်လာပါတယ်။ ကလောကို ရောက်မှပဲ လမ်းက ကောင်းပါတော့တယ်။ ကလောကနေ အောင်ပန်း ဟဲဟိုး အဲဒါတွေကိုဖြတ်ပြီး ရွှေညောင်ကိုဝင်တော့ ညနေ ၅ နာရီလောက်ပဲ ရှိပါသေးတယ်။ အမှန်က တောင်ကြီးကို ဆက်တက်မယ်လို့ စီစဉ်ထားပေမယ့် အချိန်ရှိနေသေးတာကြောင့် ညောင်ရွှေကိုသွားဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ညောင်ရွှေမှာ တညအိပ်ပြီး မနက်ခင်း အင်းထဲသွားဖို့ အစီအစဉ်ချလိုက်ပြီး ညောင်ရွှေက ဆည်မြောင်းဧည့်ရိပ်သာမှာ တညအိပ်လိုက်ကြပါတယ်။

အင်းလေးအကြောင်းကိုတော့ နောက်ဆက်တွဲမှာ ဓါတ်ပုံနဲ့တကွ ဖော်ပြပေးမယ်နော်။ မြန်မာကားတွေ ကြော်ငြာထိုးသလို မကြာမှီ လာမည် မျှော်

Sunday, 6 September 2009

cry on my shoulder

If the hero never comes to you
If you need someone you're feeling blue
If you're away from love and you're alone
If you call your friends and nobody's home
You can run away but you can't hide
Through a storm and through a lonely night
Then I show you there's a destiny
The best things in life
They're free

Chorus:

But if you wanna cry
Cry on my shoulder
If you need someone who cares for you
If you're feeling sad your heart gets colder
Yes I show you what real love can do
If your sky is grey oh let me know
There's a place in heaven where we'll go
If heaven is a million years away
Oh just call me and I make your day
When the nights are getting cold and blue
When the days are getting hard for you
I will always stay here by your side
I promise you I'll never hide

Repeat chorus

What real love can do
What love can do
What real love can do
What love can do
What real love can do
What love can do

ဒီသီချင်းလေးကို ခုတလော နားထောင်ဖြစ်နေပါတယ်။ နှင်း စိတ်တွေအရမ်းညစ်နေတဲ့အချိန်မှာ တယောက်သောသူက အချိန်တွေအကုန်ခံပြီး ကွန်နက်ရှင်မကောင်း အလုပ်တွေမအားတဲ့ ကြားထဲကနေ ပို့ပေးတာဖြစ်သလို နှင်း ခံစားရတာတွေနဲ့လဲ တိုက်ဆိုင်နေလို့ နေ့တိုင်းနီးပါး နားထောင်ဖြစ်နေပါတယ်။ ကိုယ်စိတ်ညစ်နေတဲ့အခါ ဒီသီချင်းထဲကလိုပဲ လာပြောတာကို ကြားလိုက်ရတဲ့အတွက်လဲ စိတ်ထဲမှာတော်တော်လေး ပျော်လဲပျော်မိသလို ၀မ်းလဲနည်းမိပါတယ်။

Love



ကိုယ့်ချစ်သူအပေါ်ကို ကိုယ်တကယ်ချစ်တတ်ရဲ့လား ? ချစ်သူကို ချစ်တာလား ကိုယ့်ကိုကိုယ်ချစ်တာလား ဆိုတာ သေချာစဉ်းစားသင့်တယ်။ ချစ်သူကို ချစ်ပါတယ်ပြောနေပြီး အရာရာကို ကိုယ့်စိတ်တိုင်းကျ ဖြစ်ချင်နေတာက ချစ်သူကို ချစ်တာလား ကိုယ့်လိုဘကို ဖြည့်ချင်တာလား။ တချို့တွေက ပြောကြပြန်တယ်။ အခုလို တားမြစ်နေတာတွေ သူလိုချင်တာတွေတောင်းဆိုနေတာက ချစ်သူကိုသိပ်ချစ်လို့ပါတဲ့။ ဘာဖြစ်လို့ သိပ်ချစ်လို့တားမြစ်တာပါဆိုပြီး ကိုယ့်ချစ်သူရဲ့ လွတ်လပ်ခွင့်ကို ပိတ်ပင်ချင်ရတာလဲ။ တကယ်ချစ်တယ်ဆိုရင် သူ့ကိုလွတ်လွတ်လပ်လပ်နဲ့ ပျော်ရွှင်အောင် ပေးနေသင့်တယ်။ အဲလိုတားဆီးပိတ်ပင်နေတော့ တဖက်လူက လွတ်လပ်မှုမရှိတော့သလို သူများစိတ်နဲ့ ကိုယ့်ကို နေရသလိုဖြစ်နေပါတယ်။

တချို့ကျတော့ ကိုယ့်ချစ်သူကို သ၀န်တိုတတ်ကြတယ်။ ချစ်သူရဲ့ အချော့ကို ခံချင်လို့ တမင်စိတ်ကောက်လိုက်တာ တမင်တကာ ချွဲလိုက်တာက ချက်ချင်းစိတ်ကောက်ပြေတတ်ကြပါတယ်။ ဒါပေမယ့် မိတ်ဆွေချင်း စကားပြောတာကို ဘာပြောမှန်းမသိပဲ စိတ်အထင်နဲ့ စိတ်ဆိုးပြီး ပြဿနာရှာတော့ ဘာမှမဟုတ်ပဲ ကိုယ့်ချစ်သူခမျာ စိတ်ညစ်ရပါတယ်။ အဲလိုသာမကြာခဏဖြစ်နေရင် ဘယ်လိုလုပ် ပျော်ရွှင်ကြည်နူးဖို့ကောင်းတဲ့ ချစ်သူဘ၀ကို ရနိုင်တော့မလဲ. ။ ချစ်သူဖြစ်ပါစေ အိမ်ထောင်သည်ဖြစ်ပါစေ သူတို့မှာလဲ သူတို့လွတ်လပ်ခွင့်နဲ့ သူတို့ကိုယ်ပိုင်အချိန်တော့ ရှိပါတယ်။ တချိန်လုံး သူက ကိုယ့်အနားမှာ နေပြီး ကိုယ့်စိတ်တိုင်းကျ ဖြစ်နေဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ တချို့ကျတော့ ကိုယ်ခေါ်လိုက်ရင် ချက်ချင်းရောက်မှ ကြိုက်တာတို့ ချိန်းထားလို့ နောက်ကျရင် မကြိုက်လို့ ပြဿနာရှာတာတို့ လုပ်တတ်ကြတယ်။ မိန်ကလေးတော်တော်များများက အဲဒါမျိုးတွေ ဖြစ်တတ်ကြတယ်။ တကယ်တော့ သူ့မှာလဲ သူ့ကိစ္စလေးတွေ ရှိမှာပါ။ ယောကျာင်္လေးမိုလို့ အရင်ရောက်နေရမယ် နောက်မကျရဘူးရယ်လို့ ပုံသေမတွေးထားသင့်ဘူး။

ယောကျာင်္းလေးဖြစ်ဖြစ် မိန်းကလေးဖြစ်ဖြစ် ကိုယ့်ချစ်သူအပေါ်မှာ ယုံကြည်မှုရှိမယ်။ သစ္စာရှိမယ်။ နားလည်မှုရှိမယ်။ အေးမြတဲ့ မေတ္တာမျိုး ပေးနိုင်မယ်ဆိုရင် အဲဒီချစ်သူ ၂ ယောက်ရဲ့ဘ၀မှာ ပျော်ရွှင်စရာတွေ တော်တော်များများကို ပိုင်ဆိုင်နိုင်မယ်လို့ ယုံကြည်မိတယ်။

နေချင်ပါတယ် ဒါပေမယ့်

မနေ့ညက အွန်လိုင်းမှာခင်လာတာ ကြာပြီဖြစ်တဲ့ မောင်လေးတယောက်က နှင်းမြန်မာပြည်ကနေ ပြန်လာတာကိုသိတော့ ဘာဖြစ်လို့ပြန်လာတာလဲ အစ်မက ထိုင်ဝမ်မှာပဲ အပြီးနေတော့မှာလား မြန်မာပြည်ကိုမလာတော့ဘူး စတဲ့မေးခွန်းတွေကို ဆက်တိုက်ကိုမေးလာပါတယ်။ မြန်မာပြည်မှာနေတာ ဘာများအဆင်မပြေတာရှိလို့လဲ ကောင်းနေတာပဲမှတ်လားတဲ့။လက်ရှိအဲဒီမောင်လေးက အနောက်နိုင်ငံတခုမှာ ရောက်နေတာဆိုတော့ မြန်မာပြည်မှာ ဘာတွေဖြစ်နေတယ်ဆိုတာ သူမသိလို့လဲ အခုလိုပြောတာလို့ တွေးမိပါတယ်။ မြန်မာပြည်ပြန်တဲ့အခါ ကိုယ့်မြေ ကိုယ့်နိုင်ငံကို ပြန်ရောက်လို့ ပျော်ရွှင်ရပါတယ်။ ကိုယ့်ဆွေမျိုးတွေကို တွေ့ရလို့လဲ ကြည်နူးရပါတယ်။ ဒါပေမယ့် ဒါတွေက ခဏတာ ပျော်ရွှင်ခဲ့ရတာပါ။ ဘ၀အတွက် ဘာလုပ်ရမလဲဆိုပြီး တွေးကြည့်လိုက်တော့ တော်တော်လေး စိတ်ညစ်သွားရပါတယ်။ ဘ၀နဲ့နှိုင်းပြီးပြောလိုက်ရင် ကြီးကျယ်တယ်ဖြစ်နေပါ့မယ်။

တနေ့တာ မနက်မိုးလင်းရင် ဘာစလုပ်ရမလဲလို့ စပြီးစဉ်းစားမိတယ်။ ပထမဆုံး မိုးလင်းတာနဲ့ စလုပ်ရတာကတော့ မီးမလာလို့ မီးသွေးစမွှေးရတာပါပဲ။ ချက်ပြုတ်ပြီးတာနဲ့ အိမ်အလုပ်တွေလုပ် ပြီးတာနဲ့ ကိုယ်ပိုင်အချိန်မှာ လုပ်ချင်တာတွေလုပ်ဖို့ စဉ်းစားမိတယ်။ ကွန်ပျူတာသုံးချင်တယ်ဆိုရင် မီးလာမှဖြစ်မယ်။ မီးစက်ဆိုတာက ကွန်ပျူတာကိုနိုင်လောက်အောင် အိမ်မှာမ၀ယ်ထားလို့ သုံးလို့မရတော့ဘူး။ မီးလာတဲ့အခါသုံးမယ်ဆိုတော့ မီးလာမှ ရေတင်လို့ရမယ် အ၀တ်လျှော်လို့ရမှာဖြစ်တော့ အဲဒါတွေကို ဦးစားပေးလုပ်လိုက်ရတယ်။ ဒါတွေပြီးလို့ ကွန်ပျူတာသုံးမယ်ဆိုရင် အွန်လိုင်းဆိုတာကို ချိတ်မှပဲ သုံးချင်တာသုံးလို့ရမယ်လေ။ အွန်လိုင်းမရှိတော့လဲ ကွန်ပျူတာဆိုတာ နှင်းအတွက် ဘာမှသိပ်အသုံးမကျတော့သလိုပဲ။ အွန်လိုင်းချိတ်တော့လဲ ကဒ်နဲ့သုံးမယ်ဆိုရင် အိမ်ဖုံးကို သူများတွေဆက်လို့မရတော့ဘူးလေ။ ADSL ဆိုတာကို သွယ်ဖို့ကျတော့လဲ ရုံးလုပ်ငန်းအတွက်မဟုတ်ပဲ ကိုယ့်တယောက်ထဲအတွက် မိဘကို ဒုက္ခမပေးချင်ပါဘူး။ အဲဒါတွေထားလိုက်ပါတော့။ ဒါတွေကမရှိလဲ ဖြစ်ပါတယ်လေ။ ၀ါသနာအရ လုပ်ချင်တာတွေမိုလို့ နေလို့ရပါသေးတယ်။

ကဲ ကိုယ့်ဘ၀ရပ်တည်ဖို့ အရေးကြီးတာက အလုပ်တခုခု လုပ်နေဖို့ပါပဲ။ ဘာလုပ်ရမလဲ စဉ်းစားလိုက်ပါတယ်။ အိမ်ရဲ့ အဓိကရပ်တည်ဖို့ ၀င်ငွေကို ပါပါး နဲ့ မာမားက ရှာနေတဲ့အတွက် နှင်းလုပ်စရာမလိုတော့ဘူး။ ဒါပေမယ့် ကိုယ်သုံးဖို့အတွက် ကိုယ်ရှာမယ်ဆိုတော့ ဘာလုပ်နိုင်မလဲ တွေးကြည့်တယ်။ မိဘဆီကနေ အရင်းအနှီးထုတ်ပြီး အလုပ်လုပ်မလား သူများဆီမှာ အလုပ်သွားလုပ်မလား နှစ်ခုစဉ်းစားမိတယ်။ မြန်မာနိုင်ငံမှာ အရင်နေခဲ့ကတည်းက သူများဆီမှာ အလုပ်လုပ်ဖို့ အိမ်ကခွင့်မပြုပါဘူး။ ကိုယ်တိုင်ကလည်း မလုပ်ချင်ခဲ့ပါဘူး။ အခုတော့ ပိုဆိုးသွားပါတယ်။ ကိုယ်ပိုင်အလုပ်လုပ်ချင်ပါတယ်။ ဒါပေမယ့် အလုပ်ရဲ့ အတွေ့အကြုံ မြန်မာပြည်မှာ ဖြစ်နေတာတွေကို လိုက်လို့မမှီတော့ဘူးဆိုတာ ကိုယ်တိုင်သိပါတယ်။ မြန်မာပြည်ရဲ့ စီးပွားရေးက တော်တော်လေး အပြောင်းအလဲ မြန်နေတယ်လို့လဲ ထင်မိပါတယ်။ ဘာလို့လဲဆိုတော့ အိမ်ကအလုပ်တခုလုပ်လိုက်တာ သေချာပါတယ် မြတ်ကိုမြတ်မယ်ဆိုတာ လူတိုင်းသိနေပါတယ်။ တကယ်တမ်း ရှင်းမယ်လဲလုပ်ရော ရှုံးလိုက်တာ မပြောနဲ့တော့။ စိတ်တော်တော်ညစ်သွားပါတယ်။ ဟုတ်ကဲ့ ရုံးစာထုတ်လိုက်တာ မင်းတို့မသိလို့ အခုလိုဖြစ်တာပါတဲ့။ ကဲ ဘာပြောတတ်တော့မှာလဲ သူတို့ခေတ်ပဲလေ သူတို့စိတ်တိုင်းကျပဲပေါ့။ ကိုယ်တွေက အပြင်ကစီးပွားရေးလုပ်တဲ့သူလေ။ သာမန်အဆင့်က စီးပွားရေးလုပ်တဲ့သူဆိုတော့ ဘယ်လိုလုပ် အထဲကကိစ္စကို သိမလဲ။ ထားလိုက်တော့ အားလုံးက ကံမကောင်းလို့ သတိတချက်လွတ်သွားလို့ဆိုပြီး စိတ်ကိုတော်တော်လေး ထိန်းလိုက်ရတယ်။ မြန်မာပြည်ပြန်ပြီးလုပ်လိုက်တာ ရင်ဝကို စောင့်ကန်ခံလိုက်သလို ဖြစ်သွားတယ်လေ။
အဲဒါကို သိလိုက်ရပြီးတဲ့အချိန်မှာတော့ မိဘတွေ သိတဲ့လူတွေ လုပ်တာတောင် ဒီလိုဖြစ်တယ်ဆိုရင် နှင်း လိုဘာမှမသိသေးတဲ့ ချာတိတ်တယောက်က ဘယ်လောက်အထိလုပ်နိုင်မှာလဲ။ သူငယ်ချင်းတွေ မိတ်ဆွေတွေကို အားကိုးပြီး လုပ်မယ်လို့ စိတ်မကူးလိုက်ပါနဲ့။ သူငယ်ချင်းအရင်းကြီးက လုပ်လိုက်လို့ ဆုံးရှုံးသွားရတဲ့လူတွေလဲ ဒုနဲ့ဒေးပါပဲ။ အခုနေအခါမှာတော့ လူငယ်တယောက်အတွက် တက်လမ်းဆိုတာကို ရှာလို့ ဘယ်မှာတွေ့နိုင်မလဲလို့ စဉ်းစားမိတယ်။ လူငယ်ဆိုတာက တက်ကြွနေတတ်သလို ဘ၀ကို မြင့်သထက်မြင့်အောင် ဘယ်လိုလုပ်ရမလဲဆိုတဲ့ အတွေးတွေနဲ့ ရှင်သန်နေကြတာပါ။ လူငယ်ဆိုတဲ့ မာန်လေးလဲရှိတော့ လုပ်လိုက်ရင် အောင်မြင်မှုဆိုတာကို လိုချင်ကြတာပါ။ ဒါပေမယ့် လုပ်ဖို့အခွင့်အရေးမရှိတော့ သူတို့ရဲ့ အရည်အသွေးကို ထုတ်ပြစရာမရှိဖြစ်နေပါတယ်။ ဘယ်သူမဆို ကိုယ်မွေးတဲ့နေရာ ကိုယ့်မိဘတွေ ကိုယ်ကျင်လည်နေတဲ့ ပတ်ဝန်းကျင်မှာပဲ နေချင်ကြတာပါပဲ။ ဒါပေမယ့် အဲဒါတွေက ကိုယ်လိုချင်တာတွေ ကိုယ်ဖြစ်ချင်တာတွေကို ဖန်တီးလို့ မရနိုင်တော့ဘူးဆိုတာကို သိလိုက်ရတဲ့အခါ ပျော်ရာမှာမနေ တော်ရာမှာနေရဆိုသလို အားလုံးကိုစွန့်ခွာပြီး အဝေးကို ထွက်လာကြရတာပါ။
မြန်မာပြည်ကိုလဲ ချစ်ပါတယ်။ မြန်မာပြည်မှာလဲ နေချင်ပါတယ်။ မိဘတွေနဲ့လဲ မခွဲချင်ပါဘူး။ ဒါပေမယ့် ကိုယ်လုပ်ချင်တဲ့ ကိုယ်လိုချင်တဲ့ ဘ၀တခုအတွက် အားလုံးကိုခွဲပြီး ပြန်လာခဲ့ရတာပါ။ တချိန်ချိန်တော့ မြန်မာပြည်ကို အပြီး ပြန်သွားဖြစ်မှာပါ။ အရာရာငြိမ်းချမ်းပြီး လူငယ်တွေအတွက် နေရာရမယ့်အချိန်ပေါ့.............

Saturday, 5 September 2009

Daily

နေ့စဉ်နေ့တိုင်း မဖြစ်မနေ စိတ်ပါလဲလုပ် မပါလဲလုပ်နေရတဲ့ နှင်းတယောက်ရဲ့ တနေ့တာလှုပ်ရှားမှုလေးကို အခုလိုချရေးမိပါတယ်။

၁။ မနက်ခင်းမိုးလင်းလို့ ၆ နာရီမှာ Alarm ကမည်လာတာနဲ့ မဖွင့်ချင်သေးတဲ့ မျက်လုံးကို အတင်းကြိုးစားဖွင့်ရင် ရေချိုးခန်းထဲဝင်ပြီး ရေမိုးချိုး ကိုယ်လက်သန့်စင်လိုက်ပါတယ်။

၂။ ရေချိုးပြီးတာနဲ့ ဘုရားရှစ်ခိုး မေတ္တာပို့ ပါတယ်။ အဲဒါပြီးရင်တော့ ကိုယ်စားချင်တာ ဒါမှမဟုတ် ဦးလေးနဲ့ အဒေါ်ကလုပ်ပေးထားတဲ့ မနက်စာကို အိမ်မှာပဲ စားလိုက်ပါတယ်။

၃။စားပြီးပြီးဆိုရင် အ၀တ်လဲပြီးတာနဲ့ အိမ်ကနေ ၇ နာရီ ၄၀ မိနစ်လောက်မှာ စထွက်ပါတယ်။ ၅ မိနစ် ကျော်ကျော်လောက် လမ်းလျှောက်ပြီးရင်တော့ အလုပ်သွားဖို့အတွက် ကားမှတ်တိုင်ကို ရောက်သွားပါတယ်။

ဒီကားမှတ်တိုင်လေးမှာ မနက်တိုင်း ကားစီးပါတယ်။
ကားပေါ်မှာပါ။
၎။ ကားကတော့ သိပ်အကြာကြီး မစီးရပါဘူး။ လမ်းမပိတ်ဘူးဆိုရင် ၁၀ မိနစ်လောက်ပါပဲ။ လမ်းပိတ်ရင်တော့ ၁၅ မိနစ်လောက်ဆိုရင် အလုပ်ရုံနားက မှတ်တိုင်ကို ရောက်ပါတယ်။ အဲဒီမှတ်တိုင်ကနေ ၅ မိနစ်ကျော်ကျော်လောက် လမ်းပြန်လျှောက်လိုက်ရင်တော့ နှင်းအလုပ်လုပ်တဲ့ နေရာကိုရောက်ပါတယ်။
ဒါကတော့ နှင်းအလုပ်လုပ်တဲ့ နေရာပါ။ နှင်းရဲ့အလုပ်ရုံက တိုက်ရဲ့ အပေါ်ဆုံးထပ် ၁၃ ထပ်မှာပါ။



အလုပ်ရုံထဲကနေ မြင်နေရတဲ့ မြင်ကွင်းတွေပါ။



ဟိုးမှာ ၀ိုးတ၀ါးလေး မြင်နေရတဲ့ တိုက်အမိုး ချွန်လေးကတော့ ထိုင်ဝမ်ရဲ့ အမြင့်ဆုံးတိုက် ၁၀၁ အဆောက်အဦးပါပဲ

တောင်တန်းတွေကိုလှမ်းမြင်နေရတော့လဲ တခါတလေ ဘာကိုလွမ်းမှန်းမသိ လွမ်းနေမိပြန်တယ်။
၅။ အဲဒီလိုမြင်ကွင်းတွေကို မနက်ခင်း ၈ နာရီ ၃၀ မိနစ်လောက်ကနေ ညနေ ၆ နာရီ ဒါမှမဟုတ် ည ၈နာရီ ၃၀ လောက်အထိ တွေ့မြင်ခဲ့ရပြီးရင်တော့ တနေ့တာ အလုပ်ချိန်အပြီး အိမ်ကို ပြန်လာခဲ့ပါတယ်။ အိမ်အပြန်ကိုတော့ ဦးလေးက နေ့တိုင်း လာကြိုပေးလို့ ကားစီးရတဲ့ ဒုက္ခကနေ ဝေးသွားပါတယ်။
၆။ အိမ်ရောက်တာနဲ့ အ၀တ်လဲပြီး နောက်နေ့ထမင်းချိုင့်ထည့်ဖို့ ဟင်းချက်ပါတယ်။ အားလုံးလုပ်လို့ပြီးရင်တော့ ရေမိုးချိုးလို့ ထမင်းစားချင်စိတ်ရှိရင်လဲ စားလိုက်ပါတယ်။ မိုးချုပ်လို့ရှိရင်တော့ မစားတော့ပဲ တခုခုပဲစားလိုက်ပါတယ်။
၇။ အဲလိုတွေ လုပ်လို့ ပြီးတဲ့အချိန်လောက်ဆိုရင်တော့ ည ၉ နာရီကျော်သွားပါပြီ။ နှင်းရဲ့ ကိုယ်ပိုင်အချိန်ဆိုတာ အခုမှ စတာပါ။ အဲလိုကိုယ်ပိုင်အချိန်လေးမှာတော့ ကွန်ပျူတာရှေ့ ထိုင်ပြီး အချိန်ကုန်လိုက်တာ ည ၁၁ နာရီ ဒါမှမဟုတ် ၁၂ နာရီလောက်မှာတော့ ဦးလေးနဲ့အဒေါ်ရဲ့ မအိပ်သေးဘူးလားဆိုတဲ့ သတိပေးသံနဲ့အတူ အခန်းမီးလေးပိတ်လို့ အဖော်လေးဖက်ပြီး အိပ်လိုက်တာ နောက်တနေ့မနက် နှိုးစက်သံလေး မကြားမချင်းပေါ့။


၁၁ နာရီလောက်ဆိုရင်တော့ သူလေးက နှင်းရဲ့အဖော်လေးဖြစ်သွားပြီ။ ဘယ်တော့မှမပြောင်းလဲတဲ့ အဖော်လေးပေါ့။
အွန်လိုင်းပေါ်မှာ ဘလော့မှာအချိန်တော်တော်ကုန်တာကို ကိုယ်တိုင်သတိမထားမိပါဘူး။ ဒါပေမယ့်လည်း တနေ့တာမှာ အဲဒီအချိန်လေးကပဲ ကိုယ်လုပ်ချင်တာလုပ်ခွင့်ရတဲ့ ကိုယ်ပိုင်အချိန်လေးဖြစ်လို့ ကျေနပ်မိပါတယ်။ ဒါကြောင့်လဲ ဘလော့လေးကို တန်ဖိုးထားမိတယ်။ ဘလော့ဂါမောင်နှမတွေကိုလဲ ခင်တွယ်မိတယ်။

နောက်လဲလာလည်နော်

Glitter Graphics