အင်း နှင်း ဈေးရောင်းရင်တော့ အဲဒီနာမည် အပေးမခံရအောင် အမြဲတမ်း ရယ်ပြနေမှာ........:P
Saturday, 27 December 2008
ဒေါ်ရှုတည်ဆိုင်
ဈေးဝယ်တဲ့အခါမှာ တစ်ခါတလေလဲ ဒီလိုအဖြစ်မျိုးလေးတွေကို မကြာခဏ ဆုံဖူးကြမှာပါ။ ဆိုင်ထဲဝင်သွားလို့ရှိရင် ကိုယ်လိုချင်တာလေးတွေ့လို့ ဆိုင်ရှင်ကိုပဲဖြစ်ဖြစ် အရောင်းစာရေးကိုပဲ ဖြစ်ဖြစ် ပြောလိုက်ရင် သူတို့စိတ်ထဲမှာ တကယ်မ၀ယ်နိုင်ဘူလို့ ထင်ရင် မျက်နှာထားက ခပ်တင်းတင်းနဲ့ စိတ်မရှည်သလို အမူအရာမျိုးနဲ့ ထုတ်ပြတတ်ကြတယ်။နောက်တစ်ခုလောက်ထပ်ပြပါဦး ပြောမိလို့ကတော့ အတူတူပါပဲ ဆိုပြီး ပြောချင်ပြောတတ်ကြတယ်။ မ၀ယ်နိုင်ဘူးလို့ထင်တော့ ထပ်ပြီး ထုတ်မပြချင်တော့ဘူးလေ။ သူထုတ်ပြတဲ့ထဲက တစ်ခုတလေကိုများ ဒါလေးယူမယ်နော်လို့ ပြောလိုက်လို့ကတော့ မျက်နှာမှာ အပြုံးတွေပြောင်းသွားပြီး နောက်အမျိုးအစားတွေကိုပါ ထုတ်ပြတတ်ကြတယ်။ လူတွေရဲ့စိတ်ကလဲ ခက်သားပဲ။ တကယ်လို့များ အဲလိုဆိုင်မျိုးမှာ ဈေးဝယ်မိရင်လေ ဆိုင်နာမည်ဘာလဲဆိုတာကို ကြည့်မနေနဲ့တော့နော်။ “ဒေါ်ရှုတည်” ဆိုင်လို့သာပေးလိုက်ပေတော့။ ဈေးရောင်းတာကို ရှုတည်တည်ကြီးနဲ့ဆိုတော့ တခြားနာမည်တွေကို ပေးထားလဲ လိုက်မှ မလိုက်တာနော်။
အင်း နှင်း ဈေးရောင်းရင်တော့ အဲဒီနာမည် အပေးမခံရအောင် အမြဲတမ်း ရယ်ပြနေမှာ........:P
အင်း နှင်း ဈေးရောင်းရင်တော့ အဲဒီနာမည် အပေးမခံရအောင် အမြဲတမ်း ရယ်ပြနေမှာ........:P
Subscribe to:
Post Comments (Atom)
1 comment:
Customer always right. လေဗျာ။
Post a Comment