Tuesday 16 February 2010

ချယ်ရီနဲ့ အတူ



ထိုင်ဝမ်ရဲ့ တနေရာက ချယ်ရီပင်တန်း




ထိုင်ဝမ်ကို စရောက်ပြီးကတည်းက ပိတောက်ပန်းဆိုတာကို မမြင်ရတော့ပါဘူး။ မြန်မာပြည်မှာ ပိတောက်ကို ဧပြီလမှာ မြင်ရသလိုပဲ ထိုင်ဝမ်မှာတော့ ဇန်န၀ါရီ ဖေဖော်ဝါရီဆိုရင် ချယ်ရီကိုမြင်ရပါတယ်။ ပိတောက်ကို လွမ်းပေမယ့် အနားမှာရှိတဲ့ချယ်ရီနဲ့ပဲ ကျေနပ်လာတာ ၄ နှစ်ကျော်လာပါပြီ။ မြန်မာပြည်ကလူတွေ ပိတောက်ကိုချစ်ကြသလိုပဲ ထိုင်ဝမ်ကလူတွေကလဲ ချယ်ရီကိုချစ်ကြပါတယ်။ အခုအချိန်ဆိုရင် ချယ်ရီတွေလဲ အစွမ်းကုန်ဖူးပွင့်နေပြီဖြစ်လို့ ချယ်ရီပန်းတွေရှိတဲ့နေရာမှာ လူတွေစည်ကားနေပါပြီ။ နှင်းကိုယ်တိုင်လဲ ချယ်ရီပန်းတွေကိုချစ်တတ်လာပါတယ်။ ချယ်ရီပင်တွေအောက်ကို အရောက်သွားတတ်လာတယ်။ ၁ လပိုင်းတုန်းက ချယ်ရီရှိတဲ့နေရာကိုသွားခဲ့ပြီးပြီ။ ရွှေညာမြေက ပိတောက်ဝါကိုသတိရတဲ့အခါ ချယ်ရီကိုသာ ပန်ကာကျေနပ်ကွယ် ဆိုတဲ့ ဦးထီးဆိုင်ရဲ့ သီချင်းလေးကို အမှတ်ရမိပါတယ်။

3 comments:

နွေဆူးလင်္ကာ said...

တော်ဝင်ပိတောက်
ပျောက်နေတဲ့ ဘဝမှာ
ချယ်ရီကိုသာ အစားထိုးလို့
တိုးလို့သာ ချစ်လိုက်ပါတော့ကွယ်။

ShwunMi- said...

ချယ်ရီတွေလည်း အရမ်းလှပါတယ်.. တစ်ပင်လုံး ဝေလို့ပဲနော်..

မောင်သီဟ said...

လှလိုက်တဲ့ချယ်ရီပင်တန်းဗျာ

နောက်လဲလာလည်နော်

Glitter Graphics