Saturday 27 March 2010

မည်သူမပြုမိမိမှု

ဘယ်အရာပဲဖြစ်ဖြစ် ဘယ်သူတသူတဦးတယောက်ကမှ လာလုပ်လို့မရပါဘူး။ ဖြစ်လာသမျှအကြောင်းတွေက မိမိကိုယ်တိုင်ပြုလုပ်ပြီး ဖြစ်လာတာတွေကြည့်ပါပဲ။ တချို့ကပြောတယ်။ ကံကောင်းလိုက်တာ အားကျလိုက်တာတဲ့။ သူဘာကြောင့်ကံကောင်းနေတာလဲ သူကံကောင်းအောင်ဘာတွေလုပ်နေလဲ ကြည့်ပါ။ ကိုယ်လဲကံကောင်းချင်ရင် သူ့လိုလုပ်ပါ။ သားသမီးကံကောင်းတယ်။ ပေးကမ်းထောက်ပံ့မယ်သူများတယ်ဆိုပြီး အားကျနေတတ်ကြတယ်။ သားသမီးကံကောင်းချင်ရင် ကိုယ်ကလည်း မိဘပေါ် သားသမီးဝတ်ကျေအောင်လုပ်ပါ။ ပေးကမ်းထောက်ပံ့မယ်သူများချင်ရင် ကိုယ်ကလည်းသူတပါးကိုပေးကမ်းတတ်ပါစေ။ အပေးဆိုတာရှိမှ အယူဆိုတာလည်းရှိမှာပါ။ အယူပဲရှိပြီးအပေးမရှိရင်တော့ အမြဲမကောင်းနိုင်ဘူး။

1 comment:

ShwunMi- said...

မနှင်းလေး.. မတွေ့တာ ကြာပြီနော်.. အလုပ်များနေလား..
မနှင်းလေး အတွေးစာတွေ ဖတ်ရတာ စိတ်ထဲမှာ အားရှိတယ်။
ပျော်ရွှင်အဆင်ပြေပါစေနော်။

နောက်လဲလာလည်နော်

Glitter Graphics