Tuesday 13 November 2007

မကောင်းမှန်းသိပေမယ့် သောက်ကြတယ်

အရက်ဆိုတဲ့အရာဟာ မကောင်းမှန်းလူတိုင်းသိပါတယ်။ အဲဒီမကောင်းတဲ့ဟာကိုပဲ လူတွေဟာ သောက်သုံး
နေကြတယ်။ စိတ်ညစ်လို့ အရက်သောက်တာပါ။ အရမ်းကိုပျော်လို့ အရက်သောက်တာပါ ဆိုပြီး အကြောင်းအမျိုးမျိုး ပြပြီး အရက်သောက်နေကြတယ်။ အရက်ကြောင့်ပဲ လူတွေမှာရောဂါရတယ်။ မသေသင့်ပဲသေရတယ်။ အရက်ကြောင့်ပဲ လူတွေမှာ မမှားသင့်တဲ့အမှားတွေ မှားခဲ့ကြတယ်။ ကိုယ့်ရဲ့အမှားအတွက် ဘ၀နဲ့ရင်းပြီး ပေးဆပ်ရတာတွေလဲရှိကြတယ်။ အရွယ်မရွေး အရက်ကြောင့် အမှားတွေကို ကျူးလွန်နိုင်ပါတယ်။ ဆယ်ကျော်သက်တွေကို အရက်ဆိုတာမကောင်းဘူး ။ မသောက်နဲ့လို့ပြောရင် ဘာလို့မကောင်းဘူး ပြောတာလဲဆိုပြီး စူးစမ်းခြင်ကြတယ်။ ဆယ်ကျော်သက်အရွယ်မှာ အဲဒီလိုစူးစမ်းရင်း ကိုယ့်ကိုကိုယ် မထိန်းနိုင်တော့ အမှားတွေကိုကျူးလွန်မိကြတယ်။ ဥပမာ စကားများကြမယ်။ ရန်ဖြစ်ကြမယ်။ ဒီ့ထက်ဆိုးတဲ့ ဘ၀နဲ့ရင်းပြီးပြန်ပေးဆပ်ရမယ့်အမှားတွေလဲရှိပါတယ်။ ယောက်ကျားလေးပဲ အရက်သောက်တာမဆန်းပါဘူးလို့ ပြောကြတယ်။ ဟုတ်ပါတယ် မဆန်းပါဘူး။ ဒါပေမယ့် ကိုယ်ကိုကိုယ် ထိန်းနိုင်ရင် ပိုပြီးကောင်းပါတယ်။ မထိန်းနိုင်ရင် ကိုယ်တင်ဒုက္ခရောက်တာ မဟုတ်ပါဘူး။ မိဘ၊ သူငယ်ချင်း၊ ပတ်ဝန်းကျင်ကိုပါ ထိခိုက်ပါတယ်။ တတ်နိုင်ရင် အရက်ဆိုတာကို မသောက်ပဲနေနိုင်ရင် အကောင်းဆုံးပါ။ အရက်ကြောင့် လူတွေဒုက္ခရောက်ခြင်းကနေ ကင်းဝေးကြပါစေ။


No comments:

နောက်လဲလာလည်နော်

Glitter Graphics