Saturday 22 December 2007

တောင်းပန်ပါတယ်


သူများတွေကိုသာ ပွင့်လင်းစွာပြောသင့်တယ်လို့ ပြောခဲ့ပေမယ့် ကိုယ်တိုင်ကြတော့ မလုပ်နိုင်ခဲ့ဘူး။
အဲဒီလိုမလုပ်နိုင်တဲ့အတွက် နှင်း ပေးဆပ်လိုက်ရတာက ကိုယ်ချစ်ခင်တဲ့သူတွေရဲ့ အမုန်းကိုပဲရခဲ့တယ်။
အတွေးတွေ လွန်ပြီး မပြောပဲလုပ်ခဲ့မိတာဟာ နှင်း ကိုသူတို့တွေမုန်းအောင် လုပ်မိသလိုဖြစ်သွားတယ်။ သူတို့တွေထင်သလို မျိုးမဟုတ်ပါဘူး။ နှင်း တကယ်ကိုပဲစိတ်ထဲမှာအရမ်းခံစားရတယ်။ နှင်း လေသူတို့နဲ့ ဘယ်တော့မှ ခွဲသွားဖို့စိတ်မကူးခဲ့ဘူး။တစ်နေ့ ခွဲရမယ်ဆိုတာကို သိပေမယ့် အခုလိုမျိုးဖြစ်အောင် မရည်ရွယ်ပါဘူး။ နှင်းရဲ့အမှားတွေအတွက် သက်ဆိုင်သူတွေအားလုံးကို နှင်း တောင်းပန်လိုက်ပါတယ်။

No comments:

နောက်လဲလာလည်နော်

Glitter Graphics