Saturday 21 February 2009

ကမ္ဘာသစ်လေး ဖန်တီးခြင်း

ဒီနေ့ ကိုမိုးကျော်ဝင်းနဲ့ စကားပြောဖြစ်ပါတယ်။ အစ်ကိုနဲ့ပြောနေရင်းကနေ ဘလော့ကို မြန်မာနိုင်ငံမှာ သုံးလို့အဆင်မပြေနိုင်လို့ စိတ်ညစ်နေတယ်လို့ ပြောဖြစ်တယ်။ ဒါနဲ့ပဲ အစ်ကိုက မြန်မာနိုင်ငံမှာ သုံးမယ်ဆိုရင်တော့ http://sites.google.com မှာ သုံးရင်အဆင်ပြေနိုင်မယ်လို့ ထင်တယ်ဆိုပြီး ပြောတာနဲ့ပဲ အစ်ကို့ရဲ့ အကူအညီနဲ့ ကမ္ဘာသစ်လေးတခုကို ဖန်တီးလိုက်ပါတယ်။ တကယ်လို့များ မြန်မာနိုင်ငံမှာ ဘလော့ကိုဝင်ဖို့ အခက်အခဲတွေ ဖြစ်ပြီး ပိုစ့်အသစ်မတင်နိုင်ခဲ့ဘူးဆိုရင်တော့ နှင်းရဲ့ လိပ်စာအသစ်ကလေးမှာ လာရောက်လည်ပတ်ကြပါလို့ ဖိတ်ခေါ်လိုက်ပါတယ်။ နေရာအသစ်ကလေးကတော့ http://sites.google.com/site/decemberhninblogspot မှာပါ။ ဒီဇင်ဘာနှင်းဆိုတဲ့ နာမည်လေးနဲ့ပဲ ဆက်လက်ပြီးတော့ စိတ်ထဲရှိတာလေးတွေကို မျှဝေနေဦးမှာပါ။

1 comment:

နေလင်း said...

မနှင်းရေ...

have a nice trip...
keep on writing ...

ပို့စ်အသစ်တွေ မျှော်နေပါ့မယ်..

နောက်လဲလာလည်နော်

Glitter Graphics