Saturday 14 February 2009

ချစ်သူများနေ့

ချစ်သူများနေ့တဲ့ နှင်းနဲ့တော့ ဘာမှမဆိုင်သလို ဖြစ်နေပါတယ်။ ဒီနေ့ အပြင်ထွက်တော့ ချစ်သူများနေ့အတွက် လက်ဆောင်ပန်းစည်းလေးတွေ ချောကလက်လေးတွေ တကယ်ကိုလိုချင်စရာတွေကြည့်ပါပဲ။ ဒါပေမယ့်လည်းပေါ့လေ ကိုယ့်ကိုလာပေးမယ့်သူမှ မရှိတာ ဘေးကနေလှလိုက်တာလို့ ငေးကြည့်နေရတာပေါ့။ ဒါပေမယ့် ချစ်သူရှိတဲ့ သူတွေအတွက်ကတော့ ဒီနေ့လေးက တကယ်ကို အမှတ်တရဖြစ်စေမှာပါ။ ချစ်သူရှိတဲ့သူများ ပျော်ရွှင်စွာချစ်သူလက်ကိုတွဲလို့ နောက်နှစ်ပေါင်းများစွာကို ဖြစ်ကျော်နိုင်ပါစေ။ ချစ်သူမရှိသေးသောသူများလည်း ချစ်သူများနေ့မှာ မိမိချစ်ရတဲ့သူကို ရှာဖွေတွေ့ပြီး ပျော်ရွှင်နိုင်ကြပါစေ လို့ဆုတောင်းလိုက်ပါတယ်။

4 comments:

Dr. Yi Yi Win said...

နှင်းလေးကို ချစ်ခင်သူတွေ ရှိပါတယ်နှင်းလေးရဲ့။ ချောကလက်တော့ ၀လာမှာဆိုးလို့ စားပါနဲ့ ကွယ်။

khin oo may said...

နှင်းဆီလေးပွင့်လေးဘဲပေးလိုက်မယ်။ ဟုတ်ပလား။

ဆောင်း said...

မမ ရဲ့ ချစ်ရတဲ့ ညီမကို အာကာသ လက်ဆောင် ပေးမှာပေါ့...

စိုင်းစိုင်းလားရှိုး said...

နှင်းလေးရေ ချောကလက်မစားနဲ့ ၀လာလိမ့်မယ်။

နောက်လဲလာလည်နော်

Glitter Graphics