Saturday 5 July 2008

ပြင်ချင်ရင် ပြင်လို့ရပါတယ်

စိတ်တွေညစ်နေလို့ ဘာမှကိုမလုပ်ချင်ပဲ အရာရာကို ပစ်ထားခဲ့မိတယ်။ တစ်ခါတစ်လေ လူတွေဟာ ဘာလို့များ အဲဒီလိုတွေ ဖြစ်နေတာလဲလို့ စဉ်းစားမိပါတယ်။ ခုတလော နှင်း ပတ်ဝန်းကျင်နဲ့ နှင်း အံမ၀င်ဖြစ်နေတာ တော်တော်ကြာပါပြီ။ ကိုယ့်ဘာသာ နေပြန်တော့လဲ အထင်လွဲတာတွေနဲ့ အမြင်မကြည်တာတွေကို ခံနေရတယ်။ နှင်းကပဲ မှားနေတယ်လို့ ထင်မိတယ်။ ဘာလို့လဲဆိုတော့ အစထဲက သိနေတာကို ဘာမှမဖြစ်လောက်ပါဘူးဆိုပြီး ကိုယ်မှမဟုတ်တာဆိုတဲ့ အတွေးတစ်ခုထဲနဲ့ နေလိုက်မိတာက အမှားပါပဲ။ အဲဒီလိုနေလို့ မဖြစ်တော့ဘူးဆိုတာ အခုတော့ ကောင်းကောင်းသိသွားပါတယ်။ ကိုယ့်စိတ်နဲ့ နှိုင်းပြီး အရာရာကို လုပ်လို့မရတော့ဘူးဆိုတဲ့ အသိဝင်သွားပါတယ်။

လူတိုင်းမှာ ရှိနေတဲ့ အကျင့်စရိုက်ကို ပြောင်းလဲလာအောင် ကြိုးစားချင်နေတဲ့ နှင်း ရဲ့စိတ်ကိုလည်း ပြင်ရတော့မယ်။ လူတစ်ဦးရဲ့ အကျင့်ကို ပြင်လို့ရပေမယ့် မွေးဖွားလာကတည်းကနေ ကြီးပြင်းလာတဲ့ စရိုက်ကိုတော့ ပြင်လို့မရဘူးဆိုတာ အခုတော့ သိသွားပါပြီ။ အကျင့်ဆိုတာကို ပြုပြင်လို့မရဘူးဆိုပြီး လူတစ်ယောက်က ပြောလာပါတယ်။ ဒါဆိုရင် နှင်း စဉ်းစားမိတာလေးကို ပြောပြမယ်နော်။
ဥပမာ.........လူတစ်ယောက်ဟာ မနက်ခင်းတိုင်း ၈ နာရီမှာ အိပ်ယာထတတ်တဲ့ အကျင့်တစ်ခုရှိနေမယ်။ ဒါပေမယ့် သူအလုပ်တစ်ခုကို ၀င်ရောက်လုပ်ကိုင်တဲ့ အချိန်မှာတော့ မနက်ခင်း ၆ နာရီထမှ အလုပ်မှီမယ်။ ဒါဆိုရင် သူဟာ အလုပ်လုပ်ဖို့အတွက် မနက် ၆ နာရီမှာ အိပ်ယာကို ထဖြစ်အောင် ထရတော့မှာမို့ ၈ နာရီအိပ်ယာထတဲ့ အကျင့်ကို ပြင်ရတော့မယ်။ ၁ ရက် ၂ ရက်တော့ အနေခက်နေပေမယ့် နောက်ပိုင်းနေသားကျသွားရင် ၆ နာရီ အိပ်ယာထတာလဲ အကျင့်ဖြစ်သွားမှာပါ။ အဓိကကတော့ ကိုယ့်အကျင့်မကောင်းမှန်းသိရင် ဒါမှမဟုတ် ကိုယ်တိုင်က ပြုပြင်ချင်စိတ်ရှိရင် အကျင့်ဆိုတာ ပြင်လို့ရပါတယ်။

စရိုက်ဆိုတာကိုတော့ ပြင်ဖို့ရာ နဲနဲခက်နေမယ်လို့ ထင်မိတယ်။ မွေးဖွားလာကတည်းက ပါလာတဲ့ စိတ်ဓာတ်နဲ့ မိဘနဲ့ ပတ်ဝန်းကျင်က သင်ပေးလိုက်တဲ့ စရိုက်ဆိုတော့ ကြီးပြင်းလာတဲ့ အချိန်မှာ ပြင်မယ်ဆိုရင် နဲနဲခက်ခဲပါတယ်။ ဒါပေမယ့် တကယ်တမ်းသာ ပြုပြင်ပြောင်းလဲချင်ရင် ပြောင်းလဲလို့ရပါတယ်။ အဓိကကတော့ စိတ်ဓာတ်ခိုင်မာဖို့ပါပဲ။ ရအောင်လုပ်ရမယ်ဆိုတဲ့ စိတ်နဲ့ ငါ လုပ်နိုင်ရမယ်ဆိုတဲ့ ကိုယ့်ကိုကိုယ် ယုံကြည်ဖို့ပါပဲ။



1 comment:

Dr. Yi Yi Win said...

အကျင့်စရိုက်ဆိုတာ မွေးရာပါ မဟုတ်လို့ ပြုပြင်လို့ ရပါတယ်နှင်းရေ။ နည်းနည်းခက်တာလေးပဲပြောစရာရှိတာပါ။

နောက်လဲလာလည်နော်

Glitter Graphics