Saturday 5 July 2008

အဆင့်အတန်းဆိုတာ ဘယ်လိုသတ်မှတ်တာလဲ

လူတွေပြောနေတဲ့ အဆင့်အတန်းဆိုတာ ဘာလဲဆိုပြီး စဉ်းစားနေတာကြာပါပြီ။ လူတွေပြောနေတဲ့ အဆင့်အတန်းဆိုတာ ပစ္စည်းဥစ္စာလား ရာထူးဂုဏ်ထူးတွေလား ပညာအရည်အချင်းတွေလား ဘာတွေလဲ။ လူတစ်ယောက်ရဲ့ အဆင့်အတန်းဆိုတာ ဒါတွေတစ်ခုမှ မဟုတ်ဘူးလို့ ထင်ပါတယ်။ လူတစ်ယောက်ရဲ့ အဆင့်ကို အဲဒီလူရဲ့ စိတ်ဓါတ်အဆင့်အတန်းကိုပဲ ကြည့်သင့်တယ်လို့ ထင်ပါတယ်။ ပညာတွေလဲ တတ်ပါတယ်။ ဥစ္စာတွေလဲ ပေါပါတယ်။ ရာထူးတွေလဲရှိပါတယ် ဒါပေမယ့် သူတစ်ပါးကို အကောင်းမမြင်နိုင် သူတစ်ပါးက ကိုယ့်ထက်သာရင် ၀မ်းမသာနိုင် သူတစ်ပါးကို ဒုက္ခရောက်အောင် လုပ်ချင်နေရင် ဒီလိုလူကို အဆင့်အတန်းရှိတဲ့ လူတစ်ယောက်အဖြစ် သတ်မှတ်လို့ရပါသလား။ ဒါပေမယ့် လူအများက ပေါ်ယံသဘောတွေကို ကြည့်ပြီး လူတွေကို အဆင့်သတ်မှတ်နေကြတယ်။

လူတစ်ယောက် အဆင့်အတန်းမြင့်မြင့် နေနိုင်မနေနိုင်ဆိုတာ အဲဒီလူရဲ့ လှုပ်ရှားနေထိုင်မှုတွေကို ကြည့်တာနဲ့ သိနိုင်ပါတယ်။ စကားပြောဆိုတာကလည်း အလွယ်တကူသိနိုင်ပါတယ်။ လူတစ်ယောက်ဟာ ဘယ်လိုအနေအထားမျိုးတွေနဲ့ ဘ၀ကို ဖြတ်သန်းလာသလဲဆိုတာ သူ့ရဲ့အပြောအဆို အနေအထိုင်တွေက ဖော်ပြနေတတ်ပါတယ်။ ကိုယ့်ဟာကို ဘယ်လိုအဆင့်ရှိတယ်ဆိုတာ ကိုယ်တိုင်အသိဆုံးပါ။ ကိုယ်အဆင့်အတန်းမြင့်တယ် မမြင့်တယ်ဆိုတာကို ပတ်ဝန်းကျင်ကလဲ သိပါတယ်။ ကိုယ်ဘယ်လိုနေထိုင် ဖြတ်သန်းလာလဲဆိုတာလဲ ကိုယ်အသိဆုံးပါပဲ။ ဘယ်အရာတွေ ဘယ်လိုပဲ ပြီးပြည့်စုံနေပါစေ စိတ်ဓါတ်ရေးရာမှာ မကောင်းရင်တော့ အဲဒီလူကို အဆင့်အတန်းမြင့်တဲ့လူအဖြစ် မသတ်မှတ်နိုင်ဘူးလို့ ထင်မိပါတယ်။

4 comments:

Anonymous said...

I agreed with you.

Dignity is the most important for everyone.

I never measure the status of person by high profile, position and their property.

CHATACTERS and DIDNIY is the ruler to measure the people status...

bcoz i met a lot of people and got a lot experiences from them...

e.g. some guys are look quite simple and cool and helpful. but he can get a lot of girlfreinds and a lot of contacts with so many girls in his email and handphone... so we cann't assest him he is too simple, honest , veryhelpful and cool guy, isn't it?

therefore, DIGNITY is very important for HUMAN BEING.

ma ma

တားမြစ် ထားသော... said...

အဆင့်အတန်းဆိုတာ ကိုယ်ရည်ကိုယ်သွေး (Personality)နဲ့ အများကြီးဆိုင်မယ် ထင်တယ်။ ကိုယ်ရည်ကိုယ်သွေး ကောင်းဖို့ဆိုတာကလည်း သတိနဲ့ဆင်ခြင်နိုင်မှပါ။

ပိုစ့်လေးကိုသဘောကျသဗျ။

Dr. Yi Yi Win said...

လူတွေသတ်မှတ်တဲ့လူ့ အဆင့်အတန်းဆိုတာကတော့ လူတွေဘာကိုတန်ဖိုးထားလဲဆိုတာပေါ်မူတည်မှာပါပဲ။
သူတို့ အတန်ဖိုးထားတဲ့အရာတွေနဲ့ ပြည့်စုံရင်အဆင့်အတန်းရှိသူဖြစ်ပြီး သူတို့ စံတွေနဲ့ မကိုက်ရင်တော့ အဆင့်မရှိသူလို့ သတ်မှတ်ကြမှာပေါ့။ ဒါတွေကလည်း လူတွေကသတ်မှတ်တာမို့ ကိုယ်ကိုယ်တိုင်ရဲ့ အဆင့်အတန်းကို ကိုယ်တိုင်သတ်မှတ်တာက ပိုမှန်နိုင်တာပေါ့လေ။ တို့ အမြင်လေဒတွေပါ နှင်းလေးရေ။

ဆောင်း said...
This comment has been removed by a blog administrator.

နောက်လဲလာလည်နော်

Glitter Graphics