Tuesday 29 July 2008

တောင်ပေါ်မှာ တစ်ညတာ



အခန်းအပြင်ကနေမြင်ရပုံ




နှင်းတို့တည်းခိုရာနေရာ
SPA





ဒီမှာရေစိမ်ကြတယ်


ဒုတိယနေ့ညကိုတော့ တောင်ပေါ်မြို့ကလေးက ဟိုတယ်တစ်ခုမှာ ညအိပ်ကြပါတယ်။ တောင်တက်လမ်းကလေးကို တက်လာတဲ့အခါ ကလော တောင်ကြီးဘက်ကို သွားတဲ့အခါ မြင်တွေ့ရတဲ့ မြင်ကွင်းတွေကို ပြန်လည်သတိရမိပါတယ်။ တောင်စောင်းတွေမှာ ဆောက်ထားတဲ့အိမ်တွေ ဟိုတယ်တွေကို တွေ့ရတာ တစ်မျိုးလေး အမြင်ဆန်းနေပါတယ်။ တောင်ကျရေတွေကို စနစ်တကျ မြောင်းလုပ်ပြီး ချောင်းထဲကို စီးအောင်ပြုလုပ်ပေးထားတာကိုလည်း တွေ့ရပါတယ်။ တောင်ပေါ်မြို့လေးဆိုပေမယ့် အရမ်းကြီး မြင့်မားတာတော့မဟုတ်ပါဘူး။ ထိုင်ပေမှာ ကားတွေလူတွေ စက်ရုံတွေနဲ့ ရှုပ်ရှုတ်ခပ်နေတဲ့ မြင်ကွင်းကနေ အခုလို တောတောင် စိမ်းစိုပြီး သဘာဝရဲ့ ကျေးငှက်အသံ တောင်ကျရေစီးသံလေးတွေကိုကြားရတာ စိတ်ကို ကြည်လင်စေပါတယ်။ အဲဒီဟိုတယ်မှာလဲ တည်းခိုတဲ့လူတွေ အနားယူရင်း ရေပူရေအေး(SPA) စိမ်နိုင်အောင် ပြုလုပ်ပေးထားပါတယ်။ ညဘက်ရောက်နေပေမယ့် နှင်းတို့အဖွဲ့တွေ SPA သွားပြီး ရေစိမ်ကြပါတယ်။ နှင်းကတော့ မစိမ်ဘူး။ ဟီဟီ။။။။။။။ အဲဒီညက ဟိုတယ်ကကျွေးတဲ့ ထမင်းဝိုင်းက ကြာပင်ကထွက်တဲ့ အရာတွေနဲ့ကြည့် ချက်ထားတဲ့ ဟင်းတွေနဲ့ ကျွေးပါတယ်။ ကြာစေ့ကို ဟင်းချက်တယ်။ ကြာပန်းကို ဟင်းချိုချက်တယ်။ ကြာဖက်နဲ့ ထမင်းပေါင်းတယ်။ ကြာစေ့ကိုပဲ အချိုပွဲလုပ်ပြီးကျွေးပါတယ်။ အဲဒီညကတော့ ကြာပင်ကထွက်တဲ့ အရာတွေနဲ့ ထမင်းစားခဲ့ရပါတယ်။


2 comments:

Dr. Yi Yi Win said...

ကြာရိုးကို ဟင်းခါးချက်ထားတာတော့သောက်ဖူးတယ်။ စိတ်ဝင်စားစရာပဲနော်။

မင်းကျန်စစ်။ said...

ကြာပင်က စားစရာတွေက များလှချည်လား။ ခုမှကြားဖူးတော့တယ်။ စားတာများရင် ကြာရိုးလို ဖြစ်သွားမှာလဲ ကြောက်ရသေး :D

နောက်လဲလာလည်နော်

Glitter Graphics