Tuesday 6 January 2009

ကျေနပ်စွာချစ်နေမယ်

အချစ်ဆိုတာဘာလဲ
လာမမေးပါနဲ့
ငါ တကယ်မသိလို့ပါ။

လူတွေပြောတော့ ရယူခြင်းတဲ့
တချို့ကြတော့ စွန့်လွှတ်ခြင်းတဲ့
ငါ့အတွက်ကတော့ သူပျော်ရွှင်နေဖို့ပဲ

သူပျော်နေရင် ငါငိုနေရလဲ
ကျေနပ်ပါတယ်။
သူပျော်နေဖို့အတွက်ဆိုရင်လေ
ငါရင်တွေကွဲသွားပါစေ
ကျေနပ်နေမှာပါ။

ထားခဲ့မယ်မှန်းသိပေမယ့်
သူ့ရင်ခွင်မှာ ခဏနားခိုရတာကိုပဲ
ငါကျေနပ်နေမိတယ်။

သူ ဘယ်နေရာရောက်နေနေ
ဘယ်သူ့ရင်ခွင်မှာခိုနေနေ
ငါ့ရင်ခွင်မှာတော့
သူ အမြဲရှိနေမှာပါ။

3 comments:

မီယာ said...

တကယ်ချစ်လို့ပါ

ကဗျာမလေး said...

မေတ္တာစစ်နဲ့ ချစ်တဲ့ အချစ်စစ်စစ်ပေါ့ ...နော်။

Welcome said...

အချစ်ဆိုတာ ရယူပိုင်ဆိုင်ခြင်း ဖြစ်ခဲ့ရင် အရာရာဟာ လှပနေမှာ မလွဲဧကန်ပါပဲ။

http://winzaw-mdy.blogspot.com

နောက်လဲလာလည်နော်

Glitter Graphics