Sunday 11 January 2009

အချစ်ရူး

မှားမယ်မှန်းသိပေမယ့်
သိသိကြီးနဲ့ မိုက်ခဲ့ပြီး
အချစ်ဆိုတာကို လက်ခံခဲ့မိတယ်

မဖြစ်သင့်မှန်းသိပေမယ့်
love is blind ဆိုတာကိုရေရွတ်လို့
ဇွတ်တိုးချစ်ခဲ့တယ်

နောင်တတွေ ရမယ်မှန်းသိပေမယ့်
မမြင်ချင်ယောင်ဆောင်ပြီး
မျက်မှန်မည်းကြီး တပ်ခဲ့တယ်

ပတ်ဝန်းကျင်ရဲ့ စကားလုံးတွေအောက်မှာ
ခေါင်းမဖော်ဝံ့တဲ့ ငါ့မျက်နှာ
အချစ်ဆိုတာအတွက် ရင်နာနေရတယ်

အားလုံးကို သိပေမယ့်
အချစ်ဆိုတာကို ကိုးကွယ်မိတဲ့
ငါဟာ အရူးတပိုင်းဖြစ်နေပြီ

2 comments:

Anonymous said...

ကဗျာလေးက မာန်တွေရော ကြေကွဲခြင်းတွေရော.. မကျေနပ်ခြင်းတွေရော.. ရသစုံကိုတွေ့နေရတယ်..

Welcome said...

အချစ်ဆိုတာ
လူရဲ့စိတ်အလိုကို လိုက်ရင်တော့
ပျော်စရာအတိပါပဲ
လူရဲ့ စိတ်အလိုကို မလိုက်တော့ရင်ဖြင့်
အရူးတစ်ယောက်ထက် သာတတ်ပါတယ်
ဘာပဲဖြစ်ဖြစ်
အချစ်နဲ့ မကင်းနိုင်သေးသမျှ
ပျော်လိုက် ရူးလိုက်နဲ့ပါပဲ
ပျော်ရွှင်နိုင်ပါစေ .. ..
http://winzaw-mdy.blogspot.com

နောက်လဲလာလည်နော်

Glitter Graphics