Tuesday 17 June 2008

မသိလို့ပါဆို

ဟိုတစ်ရက်က အလုပ်ထဲမှာ အလုပ်လုပ်နေရင်းနဲ့ ညီမလေးတစ်ယောက်နဲ့ စကားပြောရင်း စိတ်ဆိုးကြတယ်။ ဘယ်လိုဖြစ်လဲဆိုတော့ နှင်း တို့နှစ်ယောက် စကားပြောရင်း အလုပ်လုပ်နေကြတယ်။ အဲဒီအချိန်မှာ ကြီးကြပ်ရေးမှုးက အလုပ်အကြောင်းကို ပြောလိုက်ပါတယ်။ ဖြစ်ချင်တော့ ကြီးကြပ်ရေးမှုးပြောလိုက်တာကို နှင်း ကမကြားမိဘူး။ စိတ်က တခြားကိုရောက်နေတယ်။ အဲဒါကို ညီမလေးက မမ ခုနက ကြီးကြပ်ရေးမှုး ဘာပြောလိုက်တာလဲလို့ မေးပါတယ်။ နှင်းကလဲ မကြားတော့ သူဘာပြောလို့လဲ ဆိုညီမလေးကို ပြန်မေးမိတယ်။ ညီမလေးကလဲ သူဘာပြောလဲ သိချင်လို့မေးတာကို ဘာလို့သူ့ကို ပြန်မေးတာလဲလို့ ပြောတယ်။ နှင်း ကလဲ ညီမလေးသိချင်တာကို ပြောပြမယ်။ သူဘယ်လိုပြောလိုက်လဲလို့ ထပ်မေးမိတယ်။ ကြီးကြပ်ရေးမှုး ပြောလိုက်တဲ့ တရုတ်စကားကို ညီမလေးရုတ်တရက် ပြန်မပြောပြနိုင်တာကို သတိမထားမိပဲ မေးမိတယ်။ သြော် ခက်တော့နေပြီ နှင်း ကလဲ မကြားမိ သူကလည်း မသိလို့မေးတယ်။ အဲဒီမှာတင် နှစ်ယောက်သား ရှုတ်ကုန်တော့တာပါပဲ။ ညီမလေးက ပွစိပွစိဖြစ်နေပါပြီ။ ဒါတောင် နှင်း ကလဲ သေချာမစ်ဉ်းစားမိပဲ ထပ်မေးမိတယ်။ နောက်တော့မှ ပြန်စဉ်းစားပြီး နှစ်ယောက်သားပြုံးမိတယ်။ ဟုတ်ပါတယ်။ နှင်း အမှားပါ။ မသိလို့ လာမေးတဲ့သူကို ဘာပြောတာလဲဆိုပြီး ပြန်မေးမိတယ်။ ညီမလေးက နှင်းကို ပြန်ပြောပြနိုင်မှတော့ လာမေးပါတော့မလာ။ အင်း တခါတလေလဲ ဖြစ်တတ်ပါတယ်။

3 comments:

Anonymous said...

မသိလို့ပါဆို ကိုဖတ်လိုက်တော့ ဘာမှန်းကို မသိလိုက်ဘူး
ဒါနဲ့  ကြီးကြပ်ရေးမှုးက ဘာပြောသွားတာလဲဟင်... အခုသိပြီလား

နှင်းလေး said...

အော် ဘာမှန်းကို မသိလို့ပါဆို

Dr. Yi Yi Win said...

ဖြစ်တတ်ပါတယ်နှင်းလေးရေ။ အဲဒါမျိုးဖြစ်လာရင် ကြီးကြပ်ရေးမှူးကို ပြန်မေးလိုက်မှာပဲ
အစ်မဆိုရင်လေ။ ကျွန်မသေချာအောင်ထပ်သိချင်လို့ ပါဆိုပြီးတော့ ပေါ့။

နောက်လဲလာလည်နော်

Glitter Graphics