Wednesday 4 June 2008

ဲမြန်မာတွေ တော်ကြပါတယ်

အစ်မရီရီဝင်း တယောက် ကျော်ရခွရ ဒုက္ခတွေကြားထဲက စီဘောက်ကလေးပါထည့်တာ တွေ့တော့ ၀မ်းသာမိပါတယ်။ အော် မြန်မာနိုင်ငံကလူတွေ တော်ကြတာလဲ မပြောပါနဲ့။ နိုင်ငံတကာမှာ ကျောင်းတက်နေတဲ့ ကျောင်းသားတွေထဲမှာ မြန်မာကျောင်းသားတွေက ပိုတော်ကြတယ်လို့ လူပြောများပါတယ်။ တကယ်လဲဟုတ်မှာပါ။ သူများနိုင်ငံတွေမှာ ဘာမဆိုအလွယ်တကူရနေပေမယ့် မြန်မာနိုင်ငံကလူတွေအတွက် အခက်အခဲတွေနဲ့ ရင်ဆိုင်ပြီးမှ ရယူကြရပါတယ်။ အဲဒီအတွက် ပိုကောင်းတာကတော့ တော်ရုံအခက်အခဲလောက်ကတော့ မြန်မာတွေအတွက် အေးအေးဆေးဆေး ဖြတ်ကျော်နိုင်သွားတယ်။


ရန်ကုန်မှာနေတုန်းက အိမ်ဘေးကအန်တီပြောပြလို့ မြန်မာတွေတော်တာကို ပိုသိလိုက်ရတယ်။ အန်တီကျောင်းနေဘက်သူငယ်ချင်းက အမေရိကန်ကို ပြောင်းသွားတော့ သားသမီးတွေကိုလဲ ခေါ်သွားပါတယ်။ သားကလေးက ကျောင်းသားဆိုတော့ ဟိုရောက်တော့လဲ ကျောင်းဆက်ထားပါတယ်။ တနေ့ ကျောင်းကဆရာမက သင်္ချာပုစ္ဆာတွက်ခိုင်းပြီး အရင်ဆုံးလာပြတဲ့လူကို ဆုချမယ်ပေါ့။ အဲဒီမှာ အန်တီသူငယ်ချင်းသားလေးက အရင်ဆုံးအဖြေမှန်ကို ပြောပြနိုင်ခဲ့တယ်။ ဆရာမက တော်လိုက်တာလို့ ချီးကျူးပါတယ်။ သူအဖြေထွက်တဲ့အချိန်ထိ တခြားကျောင်းသားတွေမှာ ဂဏာန်းပေါင်းစက်နဲ့ အလုပ်ရှုပ်ကောင်းတုန်းတဲ့လေ။ ကဲ မြန်မာတွေ ဘယ်လောက်တော်လဲ နိုင်ငံခြားသားကတောင် ချီးကျူးရတယ်။

အခုလို အင်တာနက်ခေတ်ရောက်လာတော့လဲ မြန်မာနိုင်ငံက အွန်လိုင်းသုံးတဲ့ လူတွေက ပိုတော်ကြတယ်။ နှင်းတို့လို တခြားနိုင်ငံကလူတွေနဲ့ ယှဉ်လိုက်ရင် မြန်မာပြည်ကလူတွေက အကျော်အခွ ပိုတတ်ကြပါတယ်။ နှင်း သာမြန်မာပြည်ရောက်ရင် မကျော်တတ်တာနဲ့ပဲ အွန်လိုင်းကို တက်နိုင်တော့မှာ မဟုတ်ဘူး။ အခက်အခဲတွေနဲ့ ရင်ဆိုင်ရတာများလေ ပိုပြီးပညာရလေ တိုးတက်လေဆိုသလိုဖြစ်နေပြီ။ တနည်းနဲ့ မရရင် နောက်တနည်းနဲ့ လုပ်မယ်ဆိုတဲ့ စိတ်ကလေးလဲ အလိုလိုဝင်သွားတဲ့အတွက် ဘ၀အတွက် အကျိုးရှိတဲ့ အလေ့အကျင့်လေးတခုတော့ ရသွားတာပေါ့။ မြန်မာပြည်ကနေ အခက်အခဲတွေ အမျိုးမျိုးကို ကျော်ခွပြီး စာတွေရေးသားနေတဲ့ ဘလော့ဂါတွေကို လေးစားမိပါတယ်။

2 comments:

Dr. Yi Yi Win said...

ဖြစ်လာတဲ့အခြေအနေကို adaptation လုပ်နိုင်မှ ရှင်သန်ခွင့်ရကြတာမို့ လားနှင်းလေးရေ။
တို့ တွေအဖို့ တော့ ဒီအကွေ့ ဒီတက်နဲ့ လှော်၊ ဟိုအကွေ့ ရောက်တော့ဟိုတက်နဲ့ လှော်ရ
ဖန်များတော့ “နင်လားဟဲ့လောကဓံ” လို့ မေးရမလိုဖြစ်နေတာ။

စိုးထက် - Soe Htet ! said...

တော်မှာပေါ့ အဲဒါ ကျွန်တော့် အစ်မ ... :P

နောက်လဲလာလည်နော်

Glitter Graphics