Sunday 22 June 2008

စိတ်နဲ့ကိုယ် မကပ်ပါ

ခုတစ်လော လူနဲ့ စိတ်နဲ့ မကပ်ဘူးဖြစ်နေပါတယ်။ မထင်မှတ်တာတွေ ဖြစ်လာသလို စိတ်ကလဲ ဘာတွေဖြစ်နေမှန်းကို မသိတော့ပါဘူး။ ကိုယ့်စိတ်ကို ဘာဖြစ်မှန်းမသိတော့လဲ ခက်သား။ အစားစားချင်စိတ်လဲမရှိသလို ဘာမှကိုလဲ လုပ်ချင်စိတ်မရှိပါဘူး။ ဘလော့မှာလဲ စာကောင်းကောင်းမရေးဖြစ်ဘူး။ ဓါတ်ပုံတွေလောက်ပဲ တင်ဖြစ်နေတယ်။ စိတ်ထဲရှိတာတွေကို ချရေးလိုက်မယ်လို့ စဉ်းစားလိုက်ပေမယ့် ကိုယ်ရေးလိုက်တာတွေ သူတစ်ပါးကို ထိခိုက်မှာစိုးတာနဲ့ ရင်ထဲမှာ ပြန်သိမ်းထာလိုက်ပါတယ်။ သိတဲ့မှတ်လား ပြောချင်နေတာကို မျိုသိပ်ရတာ ဘယ်လောက်နေရခက်လဲဆိုတာ။

တစ်ခါတစ်လေတော့ အလုပ်ကပင်ပန်းလာရင် ကိုယ့်ကို အားပေးနှစ်သိမ့်ဖော်လေး လိုချင်သား။ အဲတစ်ခါတစ်လေကျတော့လဲ ကိုယ့်ကို ရယ်စရာလေးတွေ ပြောပြမယ့်လူ လိုပြန်ရော။ ဒါပေမယ့် အခုလို ကိုယ်နဲ့ စိတ်နဲ့ မကပ်တော့ ဘယ်လိုလူမျိုးမှ မလိုချင်တော့ဘူး။ အရာရာကို ကြည့်ရတာ စိတ်တိုင်းမကျတာတွေကြည့် ဖြစ်နေလို့လေ။ အင်း ဒါကြောင့် ပြောကြတာနဲ့တူပါတယ်။ ဒီအတိုင်းဆိုရင်တော့ အပျိုကြီးဖြစ်ပါပြီတဲ့။ ဟုတ်ပါတယ် ဒီလိုစိတ်နဲ့ကတော့ အနှေးနဲ့ အမြန်အပျိုကြီး ဖြစ်တော့မယ်ဆိုတာ ကိုယ်တိုင်လဲ ထင်မိတယ်။ ကိုယ့်ဟာကိုယ်တောင် ဘာဖြစ်မှန်းမသိတော့ သူများဘာဖြစ်လဲ မသိတော့ပါဘူး။ အော် အဒေါ်တွေ အဖော်ရအောင်လို့ပါနော်။ ကဲ ဘာဖြစ်မှန်းမသိလို့ ဘာတွေရေးမိမှန်းလဲ မသိတော့ပါဘူး။ နားလည်သလိုသာ ဖတ်ပြီး ထင်ချင်သလိုသာ ထင်လိုက်တော့နော်။

ရူးနေပြီလို့ထင်ရင်လဲ ကောင်းပါတယ်။ လုပ်ချင်တာတွေ လုပ်လို့ရမှာမို့ပါ။ အော် အပျိုကြီးမလုပ်တော့ဘူးဆိုရင် အားလုံးကို ကြော်ငြာမယ်နော်.:P



3 comments:

ကိုရင်နော်ခင်လေးငယ် said...

ဟေးးး.. ဘာတွေရေး.. အပျိုကြီးတော့ မလုပ်ပါနဲ့ဟယ်.. စိတ်နဲ့ကိုယ်ကပ်အောင်နေမှပေါ့.. ရင်ထဲရှိတာ အကုန်ချရေး.. အားပေးမယ်.. စိတ်ညစ်ရင်ဂီတာတီးပါလားပျိုပျိုရယ်.. (မေဆွိ) .. :)
ကိုကိုမကြာမကြာလာခဲ့ ကိုရင်နော်နဲ့ခင်လေး ရန်ဖြစ်တာ လာလာကြည့်.. ဟဟားး... ခင်မင်လျက်..

Anonymous said...

Life is like that!
Don't give up! We must meet a lot of tricky problems in our life(especially regaring the GUYs)!
Don't easily trust the GUYs... Be careful...
Try to find out the TRUTH....

MA MA...

ရွှန်းမီ said...

အဆင်ပြေပါစေ..

နောက်လဲလာလည်နော်

Glitter Graphics