မကြာခင်ရက်ပိုင်းအတွင်းမှာ ဇာတိမြေကို ပြန်ပါတော့မယ်။ အဲဒီအတွက် ဒီရက်ပိုင်းတွေမှာ အလုပ်တွေရှုပ်နေလို့ ဘလော့ကိုလဲ မကြည့်ဖြစ်ပါဘူး။ ဘယ်မှလည်းမလည်ဖြစ်ပါဘူး။ အပြီးလား ပြန်လာမှာလားလို့ မေးကြမယ်ဆိုရင်တော့ စိတ်ထဲမှာ ပြန်မလာချင်တော့ပါဘူး။ အမိမြေကို ထပ်ပြီးမခွဲချင်တော့ပါဘူး။ မိသားစုရဲ့ လိုအပ်ချက် ဘ၀ကပေးတဲ့ တာဝန်တွေကို လွှဲပြောင်းယူရတော့မယ်။ မြန်မာပြည်ကို ပြန်ရောက်ရင် အခုလို ကွန်ပျူတာရှေ့မှာ အချိန်မကုန်နိုင်တော့ပါဘူး။ ကိုယ်နေရမယ့် မြို့လေးကလဲ အွန်လိုင်းမရှိတဲ့နေရာဆိုတော့ ဘလော့ကိုလဲ ပစ်ထားရတော့မယ်။ ဒါပေမယ့် အတတ်နိုင်ဆုံး ဘလော့နိုင်အောင် ကြိုးစားကြည့်ပါမယ်။ တကယ်တမ်း ဘလော့လေးကို ခွဲရမယ်ဆိုတော့ မခွဲနိုင်ပါဘူး။ စိတ်ထဲမှာ နှမျောတသဖြစ်မိသလို ဘလော့မောင်နှမတွေနဲ့လဲ မတွေ့ရတော့ဘူးဆိုတဲ့အသိက လူကိုဝမ်းနည်းစေပါတယ်။ ဘလော့လေးထဲမှာ ၁ နှစ်ကျော် ပျော်ရွှင်နေရတဲ့ ဘ၀လေးကို ဘယ်လိုမှ မမေ့နိုင်ပါဘူး။
နောက်တခုကတော့ မကျော်မခွတတ်တဲ့ ဒုက္ခပါပဲ။ ထိုင်ဝမ်မှာက ကျော်စရာမလိုတော့ မြန်မာပြည်ပြန်ရောက်ရင် ဘလော့ကို ဘယ်လိုဝင်ရမလဲ မစဉ်းစားတတ်တော့ပါဘူး။ တွေ့ရမယ့် အခက်အခဲတွေကတော့ အများကြီးရှိမလားဆိုပြီး တွေးပူနေမိပါတယ်။ မြန်မာပြည်ကို ပြန်ရမယ်ဆိုလို့ ပျော်မိသလို ဘလော့လေးကို ခွဲရမယ်ဆိုတော့ ၀မ်းနည်းမိပြန်တယ်။ ဘလော့ဂါမောင်နှမတွေ ဘလော့ကိုလာလည်တဲ့ သူငယ်ချင်းတွေကို ဒီနေရာကနေ နှုတ်ဆက်လိုက်ပါတယ်။ အချိန်ရရင် အခွင့်အရေးရရင် ဆက်လက်ပြီး ဘလော့နေဦးမှာပါ။
သိတဲ့သူများရှိရင် ပြောပြပေးကြပါ။ နယ်မြို့တွေမှာ ဒစ်ဂျစ်တယ်ဖုန်းရှိရင် အွန်လိုင်းသုံးလို့ရပါသလား။ ဘယ်လိုနည်းတွေနဲ့ သုံးလို့ရသလဲဆိုတာ ပြောပြပေးကြပါနော်။ တချို့ကပြောတော့ ကဒ်နဲ့သုံးလို့ရတယ်လို့ ပြောပါတယ်။ ဘယ်လိုလုပ်ရသလဲဆိုတာ သိရင်ပြောပေးကြပါနော်။