ဖေဖော်ဝါရီလမှာတော့ နှင်းအတွက် အရေးကြီးတဲ့သူတွေရဲ့ မွေးနေ့တွေ ရှိပါတယ်။ အဲဒီထဲကမှ ဖေဖော်ဝါရီရဲ့ ၁ ရက်နေ့မှာတော့ နှင်းရဲ့အချစ်ဆုံးသူငယ်ချင်း ၂ ယောက်ဖြစ်တဲ့ မွေးနေ့တူ ရက်တူ နှစ်တူ သူငယ်ချင်းလဲဖြစ်သလို ညီမတွေလိုလဲဖြစ်နေတဲ့ ၀ါဝါနဲ့ မွန်မွန်တို့ရဲ့ မွေးနေ့ပါ။ အခုတော့ တယောက်တနိုင်ငံဆီမှာ နေနေရတဲ့ သူတွေဖြစ်လို့ အရင်လို အတူတူသွားစားတာ ထွက်လည်တာတွေ မလုပ်နိုင်တော့ပါဘူး။ ကိုယ့်ဘ၀လမ်းကို ကိုယ်ဆီလျှောက်နေရပေမယ့် တယောက်ကိုတယောက် အမြဲတမ်းသတိတရနဲ့ စိုးရိမ်ပေးနေတတ်တဲ့ သူငယ်ချင်းတွေပါ။ အခွင့်အရေးရရင် မြန်မာပြည်မှာ ၃ ယောက်ဆုံနိုင်အောင် အမြဲတမ်းစဉ်းစားနေတတ်တဲ့သူတွေပါ။ အခုတော့ မဆုံနိုင်သေးခင် သူငယ်ချင်းတွေအတွက် အဝေးကနေပဲ ဆုတောင်းပေးလိုက်ရပါတယ်။
ဝါ၀ါနဲ့မွန်မွန်ရေ မွေးနေ့မှသည် နောင်နှစ်ပေါင်း ၁၂၀ တိုင် စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာနဲ့ ဘ၀လမ်းကို အောင်မြင်စွာ လျှောက်လှမ်းနိုင်ပါစေလို့ ဆုတောင်းလိုက်ပါတယ်။
Saturday, 30 January 2010
ဖေဖော်ဝါရီ ညီအစ်မ
ရေးသားချိန်
1/30/2010 11:13:00 PM
ရေးသားသူ
ဒီဇင်ဘာနှင်း
4
ယောက်ကဒီိလိုလေးပြောတယ်
Links to this post
Monday, 25 January 2010
မှတ်သားမိသမျှ
အခုတလော တရားတော်တွေ နာယူုဖြစ်တယ်။ အဲဒီတရားတော်တွေထဲက တချိုးစကားလုံးလေးတွေကို စိတ်ထဲစွဲပြီး မှတ်သားမိပါတယ်။
ဖြစ်သမျှအကြောင်း အကောင်းကြည့်ပဲဆိုပြီး မတွေးလိုက်နဲ့ မကောင်းရင် ကောင်းအောင်လုပ်ရမယ်။
ထင်တိုင်းမကြဲနဲ့။ အိမ်မှာထင်တိုင်းကြဲတဲ့သူတယောက်ရှိရင် စိတ်ဆင်းရဲရတယ်။ သူတပါးထင်တိုင်းကြဲတော့ ကိုယ်စိတ်ဆင်းရဲရသလို ကိုယ်ထင်တိုင်းကြဲရင်လဲ သူတပါးတွေ စိတ်ဆင်းရဲရတယ်။
သူတပါးလုပ်တာ စိတ်တိုင်းမကျဖြစ်ရင် သူမှကိုယ်မဟုတ်တာဆိုပြီး စိတ်ထဲတွေးလိုက်ပါ။
ပူပင်မှုဆိုတာ သူတပါးက လာပေးနေတာမဟုတ်ပါဘူး။ ကိုယ့်ဟာကိုယ် လိုက်ယူတာပါ။
မလှူရင်နေပါ။ မခိုးပါနဲ့။လှူဖို့ဆိုပြီး မခိုးမိစေနဲ့။
ရတာလေးတဲ့ ရှိတာလေးနဲ့ရောင့်ရဲပါ။ မရောင့်ရဲနိုင်ရင် အကုသိုလ်ဖြစ်မယ်။ မရောင့်ရဲနိုင်တာ ကြောက်စရာပါ။
ရေးသားချိန်
1/25/2010 12:11:00 AM
ရေးသားသူ
ဒီဇင်ဘာနှင်း
2
ယောက်ကဒီိလိုလေးပြောတယ်
Links to this post
Sunday, 24 January 2010
စုန်ရေ
မိဘလုပ်တဲ့သူက မွေးထားတဲ့သားသမီး ဘယ်လောက်များများ တတ်နိုင်သမျှ ပြည့်စုံအောင် လုံလောက်အောင် ဖြည့်ဆည်းပေးနိုင်ခဲ့ပါတယ်။ အခုတော့ သားသမီးတွေက မိဘတယောက် စိတ်ချမ်းသာပြည့်စုံအောင် မဖြည့်ဆည်းပေးနိုင်ကြပါဘူး။ ဒီသားသမီးက ပေးမလို ဟိုတယောက်ကပေးမလိုနဲ့ မိဘခမျှာ လိုချင်တာ လုပ်ချင်တာကိုတောင် ပြောမထွက်ပါဘူး။ ကိုယ့်အတွက်နဲ့ သားသမီးတွေ စိတ်ညစ်မှာမလိုလားတဲ့ မိဘရဲ့မေတ္တာက ကြီးမားလှပါတယ်။ ကိုယ့်ဆန္ဒကို မြိုသိပ်လို့ အလိုက်တသိပေးလာတဲ့အချိန်ကို စောင့်စားနေရတဲ့ မိဘတွေရဲ့ ဒုက္ခက သနားဖို့ကောင်းလှပါတယ်။ ဘယ်မိဘကမှ သားသမီးဆီက လိုချင်တဲ့စသူဆိုတာမရှိပါဘူး။ တတ်နိုင်ရင် မိဘက သားသမီးတွေကို အမြဲဖြည့်ဆည်းပေးချင်နေတဲ့ သူတွေပါ။ ဒါပေမယ့် အသက်အရွယ်ကြီးလာလို့ ကိုယ်မစွမ်းနိုင်တဲ့အခါမှာတော့ စိတ်ထဲမှာ အားငယ်စိတ်တွေ ၀င်လာပါတယ်။ ဒါကြောင့်လည်း မိဘမေတ္တာကို စုန်ရေအဖြစ် တင်စားပြောဆိုကြတာပါ။ ရေဆိုတာ မြင့်ရာကနေ နိမ့်ရာကို စီးဆင်းသလိုပဲ မိဘဆီက သားသမီးကို အမြဲစီးဆင်းခဲ့တာပါ။ သားသမီးဆီကနေ မိဘဆီကို ပြန်ဆန်ပြီးစီးဖို့ကတော့ တော်တော်ကိုနည်းပါတယ်။
တနေ့ကျရင်တော့ ကိုယ်လည်းပဲ မိဘနေရာကို ရောက်ကြမှာပါပဲ။ မရောက်ခင်ထဲက မိကတွေကို ကိုယ်ချင်းစာပြီး စုန်ရေအဖြစ်ကနေ ဆန်ရေအဖြစ်စီးနိုင်ဖို့ ကြိုးစားရဦးမယ်။
ရေးသားချိန်
1/24/2010 11:49:00 PM
ရေးသားသူ
ဒီဇင်ဘာနှင်း
2
ယောက်ကဒီိလိုလေးပြောတယ်
Links to this post
Friday, 22 January 2010
အရင်ကလဲ ဒီလိုပဲ
အလုပ်ထဲရောက်နေတော့လဲ တနေ့တနေ့ အလုပ်ထဲမှာ ဖြစ်နေတာတွေကိုပဲကြည့်ပြီး ပြန်တွေးမိသလို လူတွေရဲ့သဘောတွေကိုလည်း ပိုသိလာရတယ်။ အလုပ်ထဲမှာက လူတွေရဲ့ မာနလို့ပြောတဲ့ ငါသိတယ် ငါတတ်တယ်။ ငါမရှိရင် နင်တို့သိမယ် ဆိုတာတွေကို မကြာခဏ ကြားနေရတယ်။ ငါသိတယ် ငါတတ်တယ်ဆိုတာကတော့ ကိုယ်ကသိအောင်တတ်အောင်သင်လာခဲ့လို့ ပြောတာဖြစ်လို့ ဘာမှသိပ်ပြီးတော့လဲ ကပ်သပ်ပြီးမပြောချင်ပါဘူး။ ဒါပေမယ့် ငါမရှိရင် နင်တို့သိမယ်ဆိုတဲ့ အတွေးကိုတော့ သဘောမကျတာ အမှန်ပါပဲ။ ငါလုပ်နေတယ်ဆိုတဲ့ အဲဒီနေရာမှာ ငါမလုပ်ခင်တုန်းကရော တခြားလူတယောက်က လုပ်နေခဲ့တာပါပဲ။ တကယ်လို့ ငါမလုပ်တော့ရင် အဲဒီနေရာအတွက် ဒုက္ခရောက်နေတယ်လို့ မထင်လိုက်နဲ့ တခြားတယောက်က ၀င်လုပ်နေမှာပါပဲ။ ငါမရှိရင် နင်တို့သိမယ်လို့ မတွေးလိုက်နဲ့။ ငါမရှိလဲ အလုပ်ကတော့ ဆက်လုပ်နေကြမှာပဲ။
ဒီနေရာမှာ ငါမရှိခင်တုန်းက ဘယ်လိုနေလဲဆိုတာကိုသတိရပါ။ အဲလိုပဲ ငါမရှိတော့ရင်လဲ ဒီအလုပ်က ဆက်လုပ်နေကြမှာပဲ ဆိုတာကိုလည်း သိထားပါ။ ငါမရှိရင် မဖြစ်ဘူးဆိုတဲ့စိတ်ကို မထားပါနဲ့။ ငါမရှိလည်း နေ့နဲ့ညက ပြောင်းလဲနေမှာပဲ။ ငါမရှိခင်တုန်းကလည်း ဒီလိုပဲ။ ငါရှိလာတော့လဲ ဒီလိုပဲ။ ငါမရှိတော့ရင်လဲ ဒီလိုပဲ။
ရေးသားချိန်
1/22/2010 08:24:00 PM
ရေးသားသူ
ဒီဇင်ဘာနှင်း
5
ယောက်ကဒီိလိုလေးပြောတယ်
Links to this post
အလကားရလို့လား
ရေးသားချိန်
1/22/2010 08:14:00 PM
ရေးသားသူ
ဒီဇင်ဘာနှင်း
4
ယောက်ကဒီိလိုလေးပြောတယ်
Links to this post
Monday, 4 January 2010
မပြော သြဇာရှိ
အခုတော့ ဖိုးဖိုးပြောပြခဲ့တဲ့ မပြော သြဇာရှိဆိုတဲ့ စကားလေးက တန်ဖိုးရှိတယ်ဆိုတာ လက်တွေ့သိလာရတယ်။ နှင်းအခုရောက်နေတဲ့ ပတ်ဝန်းကျင်မှာ တဗျစ်တောက်တောက် ပြောတတ်တဲ့ လူတွေကိုတွေ့ရပါတယ်။ သူတို့တွေက သူတို့စိတ်ထဲ သဘောမကျတာတွေ့တာနဲ့ အမြဲလိုပြောနေတတ်တော့ ဘေးမှာရှိတဲ့လူတွေက သူတို့စကားတွေကို အလေးမထားတော့ပါဘူး။ သူတို့တွေ အဲလိုပြောပါများတော့ ဘေးလူတွေအနေနဲ့ စိတ်ရှုတ်လာသလို သူတို့အပေါ်မှာလဲ အမြင်မကြည်တော့ပါဘူး။ နေရာတကာမှာ လိုက်ပြောနေလို့လဲ အသုံးမ၀င်နိုင်ပါဘူး။ တကယ်အရေးကြီးတဲ့အချိန်မှာ ကိုယ်ကပြောလိုက်လို့ တဖက်လူကလိုက်နာတယ်ဆိုရင် ပြောရတဲ့လူရော လိုက်လုပ်တဲ့လူရော အကျိုးရှိပါတယ်။
ရေးသားချိန်
1/04/2010 08:20:00 PM
ရေးသားသူ
ဒီဇင်ဘာနှင်း
4
ယောက်ကဒီိလိုလေးပြောတယ်
Links to this post
Friday, 1 January 2010
ကောင်းရှုံမြို့ရဲ့ မီးပန်းအလှ
ထိုင်ဝမ်ရဲ့ ဆိပ်ကမ်းမြို့ဖြစ်သလို တောင်ပိုင်းရဲ့ မြို့တော်ဖြစ်တဲ့ ကောင်းရှုံမှာလဲ အခုလိုဆင်နွှဲကြတယ်။
ရေးသားချိန်
1/01/2010 11:19:00 AM
ရေးသားသူ
ဒီဇင်ဘာနှင်း
1 ယောက်ကဒီိလိုလေးပြောတယ်
Links to this post
၁၀၁ ရဲ့ မီးပန်းအလှ
ဟိုအရင်နှစ်ကတော့ ကမ္ဘာရဲ့အမြင့်ဆုံးတိုက်ဖြစ်ခဲ့သလို ထိုင်ဝမ်ရဲ့ အမြင့်ဆုံးတိုက်ဖြစ်ရဲ့ ၁၀၁ အဆောက်အဦးမှာ နှစ်တိုင်း new year eve ကို ဆင်နွှဲကြပါတယ်။ ဒါကတော့ ၂၀၁၀ ကိုကြိုဆိုတဲ့ ၁၀၁ ရဲ့ မီးပန်းအလှပါ။
ရေးသားချိန်
1/01/2010 11:08:00 AM
ရေးသားသူ
ဒီဇင်ဘာနှင်း
0
ယောက်ကဒီိလိုလေးပြောတယ်
Links to this post
1 /1/ 2010
ရေးသားချိန်
1/01/2010 10:30:00 AM
ရေးသားသူ
ဒီဇင်ဘာနှင်း
0
ယောက်ကဒီိလိုလေးပြောတယ်
Links to this post
HAPPY NEW YEAR
HAPPY NEW YEAR AND WELCOME TO 2010
နှစ်ဟောင်းက စိတ်ညစ်စရာတွေ ၀မ်းနည်းမှုတွေကို ၂၀၀၉ မှာထားခဲ့ပြီး လာမယ့် ၂၀၁၀ မှာ မိတ်ဆွေ သူငယ်ချင်းများအားလုံး စိတ်ချမ်းသာပျော်ရွှင်နိင်ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်။
ရေးသားချိန်
1/01/2010 12:39:00 AM
ရေးသားသူ
ဒီဇင်ဘာနှင်း
1 ယောက်ကဒီိလိုလေးပြောတယ်
Links to this post





