Friday 11 April 2008

ဖြစ်ချင်တိုင်းလဲ မဖြစ်ပါ

လောကမှာ ဖြစ်ချင်တိုင်းလဲ မဖြစ်တတ်တာ သဘာဝပါ။ ကိုယ်ဖြစ်ချင်တာတစ်ခု ဖြစ်သွားတာက တစ်ခု။ ဖြစ်ချင်တာထက် ဖြစ်သင့်တာကို လုပ်ရတယ်ဆိုတာ ကိုယ်တိုင်ကြုံမှ သိရတာမျိုးပါ။ သူတစ်ပါးကို ကြည့်ပြီး အပြစ်ပြောတတ်ကြပေမယ့် ကိုယ်တိုင်သူ့နေရာကိုရောက်မှ ဘာလို့ဒီလိုလုပ်ရတာလဲဆိုတာ ပိုသိမှာပါ။ နေရာတစ်ခုရထားတဲ့ လူတစ်ယောက်က အဲဒီနေရာနဲ့ ထိုက်တန်အောင် နေနိုင်ဖို့အတွက် ကိုယ်ဖြစ်ချင်တာတွေကို စွန့်လွှတ်လိုက်ရပါတယ်။ သားသမီး အလိမ္မာ ဖြစ်ဖို့အတွက် ကိုယ်အဖြစ်ချင်ဆုံး အရာတွေ ဘ၀မှာ ၂ ခါပြန်မရနိုင်တော့တဲ့ အရာတွေကို ကျောခိုင်းလိုက်ရတယ်။ မိဘစကား နားထောင်တာဟာ မမှားပါဘူးဆိုတဲ့ စကားတစ်ခွန်းထဲနဲ့ ရင်ဘတ်ကြီးတစ်ခုလုံးကို ရင်းလိုက်ရတာ တန်သလား မတန်ဘူးလား ဆိုတဲ့ ချင့်ချိန်မှုတောင် မလုပ်လိုက်မိဘူး။ အရာရာဟာ မိဘသဘောကျ နေလာတဲ့ လူတစ်ယောက်အတွက် ဒီတစ်ခါလဲ မိဘသဘောကျပါပဲ။ တစ်ခါတစ်လေတော့လဲ ကိုယ့်စိတ်တိုင်းကျဆိုတာလေးကို စိတ်ကူးယဉ်မိတယ်။ လက်တွေ့မှာတော့ မိဘဆိုတဲ့ တံတိုင်းကြီးကို ဘယ်လိုမှ မကျော်လွှားနိုင်ခဲ့ဘူး။ တကယ်လို့များ ကိုယ်သာဆိုးပေတေနေတဲ့ ကလေးလေးဖြစ်ခဲ့မယ်ဆိုရင် ကိုယ်ဖြစ်ချင်တာတွေများ ဖြစ်ခွင့်ရမှာလား။ ဒါပေမယ့်လည်း အဲဒီဘ၀ရောက်ခဲ့ရင်လည်း ကိုယ့်ကိုကိုယ် ကျေနပ်နိုင်မယ် မထင်ဘူး။ ဘယ်ဘ၀ပဲ ရောက်နေနေ ကိုယ့်ကိုကိုယ်တော့ ဘယ်လိုမှ မကျေနပ်နိုင်ကြတာ လူတွေရဲ့ သဘာဝပဲလား မသိတော့ပါဘူး။ လက်ရှိအချိန်ဟာ အကောင်ဆုံးလို့ ပြောတဲ့စကားအတိုင်း ကိုယ့်စိတ်ကို ထားနိုင်ရင်တော့ အကောင်းဆုံးပါပဲ။

2 comments:

Dr. Yi Yi Win said...

ပြုပြင်မှုက “အနိစ္စ”
မခံသာမှုက “ဒုက္ခ”
ကိုယ့်သဘောနဲ့ ကိုယ်မဖြစ်တာက“အနတ္တ” မို့ လားညီမလေးရေ။
ပြိုင်လာလျှင်အရှုံးပေး နှလုံးအေးတဲ့ဆေး တဲ့။ အရှုံးမပေးလိုသူအဖို့ တော့အေးချမ်းမှုတွေ
စတေးရမှာပေါ့။ အဆုံးမှာအေးချမ်းမှုတွေရှိနေတယ်သေချာရင်တော့ အရှုံးမပေးပဲအနိုင်
ရအောင်သာယူကြသင့်တယ်။

စိုးထက် - Soe Htet ! said...

ပစ္စုပ္ပန် တည့်တည့် ရှုတာ က ...
လောဘ ၊ ဒေါသ မောဟ ကင်းပြီး ... အနိစ္စ ဒုက္ခ အနတ္တ ဆိုတဲ့ လက္ခဏာရေး သုံးပါးကို မြင်သိ လက်ခံ လာ နိုင်မှာပါ ..

နောက်လဲလာလည်နော်

Glitter Graphics