Sunday 20 April 2008

ထိုင်ဝမ်က မြန်မာသင်္ကြန်ပွဲ

ကားတွေနဲ့ လှည်လည်


ဝင်ဝင်ခြင်း မြတ်စွာဘုရားကို ဖူးမြှော်


အ၀င်မုဒ်ဦး


မုန့်လုံးရေပေါ်


ရွှေရင်အေး


အမတ်တွေလဲ ပျော်ပျော်ပါးပါး

အန်တီတို့ရဲ့သင်္ကြန်ယိမ်း





ထိုင်ဝမ်မှာရှိတဲ့ မြန်မာတွေအတွက် သင်္ကြန်ပွဲကို ထိုင်ပေပါလီမန်လွှတ်တော် ကျုံးဟော်အမတ်လွှတ်တော်နဲ့ မြန်မာပြန်အသင်းတို့ပူးပေါင်းပြီး ပြုလုပ်ကျင်းပခြင်း ဖြစ်ပါတယ်။ ယခုနှစ် မြန်မာရိုးရာ သင်္ကြန်ပွဲကို ယခင်နှစ်တွေထက် ပိုမိုစည်ကားအောင် ကျင်းပပါတယ်။ ကလေး လူကြီး အားလုံးအတွက် ပြိုင်ပွဲလေးတွေအပြင် တိုင်းရင်းသားရိုးရာအက မြန်မာ့ရိုးရာအကတွေနဲ့ အားလုံးပျော်ရွှင်စွာ ရေကစားနိုင်ဖို့ ရေပန်းတွေကိုလဲ ပြင်ဆင်ပေးထားတယ်လေ။ နှင်း တို့လို မြန်မာပြည်ကလာတဲ့ လူတွေအပြင် ထိုင်ဝမ်နိုင်ငံသား ကလေး လူကြီး အားလုံးပျော်ပျော်ပါးပါး ပါဝင်ကစားကြတာကို တွေ့ရပါတယ်။ သင်္ကြန်ပွဲကို စတင်မဖွင့်လှစ်ခင် ကားတွေနဲ့ စီတန်းလှည့်လည်ကြတယ်။ ပါလီမန်အမတ်တွေလဲ ပျော်ပျော်ပါးပါး ပါဝင်ရေကစားကြတယ်လေ။

ဓါတ်ပုံနဲ့ video အတွက် ကင်မရာမန်းကတော့ ဒါရိုက်တာဖြစ်ရန် ကြိုးစားနေသော ကိုမင်းကျန်စစ် ကိုအားကျပြီး လက်ထဲကင်မရာရောက်ရင် မြင်မြင်သမျှ ရိုက်တတ်သော နှင်း ပါပဲ။ :P

2 comments:

မင်းကျန်စစ်။ said...

ဟိုက် အတုယူတော့မှားတော့မှာပဲနော်။ အတုမယူသင့်တဲ့ သူတွေကို မယူရဘူးကွ။း) ။ နောက်တာပါ။ မြန်မာရက်နဲ့ မတူပေမယ့် အမှတ်တရပွဲလေးလုပ်ဖြစ်တာ ပျော်စရာတော့ ကောင်းမှာပါ ညီမလေးရေ။ လက်ရာကတော့ အကို့ကို မမှီသေးဘူး :P

စိုးထက် - Soe Htet ! said...

အန်တီတွေပဲ ယိမ်းတာလားဗျ :P

နောက်လဲလာလည်နော်

Glitter Graphics