Sunday 6 April 2008

ဖြေရှင်းသင့်လို့ ဖြေရှင်းပြတာ သည်းမခံနိုင်ခြင်း မဟုတ်ပါ

မြတ်စွာဘုရားရှင်က
ဗြဟ္မဇာလသုတ္တန်မှာ
“အဘူတံ အဘူတတော
နိဗ္ဗေဌေတဗ္ဗံ- မမှန်တာကို
မမှန်ဘူးလို့
ဖြေရှင်းပြရမယ်” လို့
မိန့်ကြားတော်မူထားပါတယ်။
ဘုရား တရား သံဃာ
ရတနာသုံးပါးနဲ့ ပက်သက်တဲ့
မဟုတ်မမှန်တာတွေကို
“ဘာကြောင့် မဟုတ်ဘူး။
ဘာကြောင့်မမှန်ဘူး” လို့
အကြောင်းအကျိုး ခိုင်လုံစွာ
ဖြေရှင်းပြရမယ်တဲ့။
သည်းခံတာပဲ
ကောင်းပါတယ် ဆိုပြီ
နှုတ်ဆိတ်ငြိမ်တိတ်မနေရဘူးတဲ့။
အဲဒီလို
ဘာမှ ပြန်ဖြေရှင်းမပြဘဲ
နှုတ်ပိတ်နေတာဟာလည်း
သည်းခံခြင်းးအစစ်
မဟုတ်ပါဘူးတဲ့။

အရှင်ဆန္ဒာဓိက

1 comment:

စိုးထက် - Soe Htet ! said...

ဗြဟ္မဇာလသုတ္တန် လာ ရှင်းပြချက်က တစ်ကယ့်ကို လက်တွေ့မှာ ထင်ဟပ်နေပါတယ် :)

နောက်လဲလာလည်နော်

Glitter Graphics