Monday 28 April 2008

အနှစ်မသိလေသမျှ အပြစ်ကြည့်နေကြဦးမှာပါပဲ

တကယ်တော့
လူတစ်ယောက်ကို
အပေါ်ယံကြည့်ပြီး
ဝေဖန်တဲ့အလုပ်ဟာ
အပေါ်ယံသမားတွေရဲ့ အလုပ်ပါ။
ကိုယ်ကိုယ်တိုင်က
အပေါ်ယံသမားဖြစ်နေရင်တော့
သူတစ်ပါးကိုလည်း
အပေါ်ယံကြည့်ပြီး
ဝေဖန်တော့တာပေါ့။
တချို့ဆို ကိုယ့်ကိုယ်ကို
လုံးဝအပြစ်ကင်းစင်နေသလို
သဘောထားပြီး
သူတစ်ပါးကို
နေရာတကာ အပြစ်ရှာတတ်ပါတယ်။
သူတစ်ပါးကို ပြောတဲ့အပြစ်မျိုး
ကိုယ့်မှာရှိနေတာကိုတောင်
သတိမမူနိုင်ကြတော့ပါဘူး
သူတစ်ပါးကို
“ပုဂ္ဂိုလ်ရေးမဝေဖန်ပါနဲ့” ပြောပြီး
ကိုယ်ကိုယ်တိုင်ကျတော့
ပုဂ္ဂိုလ်ရေး ဝေဖန်နေတဲ့သူတွေရှိသလို
သူတစ်ပါးကို
“အဝေဖန်ခံနိုင်ရမယ်” ပြောပြီး
ကိုယ်ကိုယ်တိုင်ကျတော့
အဝေဖန်မခံနိုင်ကြတဲ့လူတွေလည်း
ရှိပါတယ်။

အရှင်ဆန္ဒာဓိက

2 comments:

Dr. Yi Yi Win said...

သူများကိုလက်ညှိုးတစ်ချောင်းထိုးရင် ကိုယ့်ကိုလည်း အနည်းဆုံး သုံးချောင်းတော့ပြန်
ထိုးမှာပဲမဟုတ်လားညီမလေးရေ(လက်မကိုတော့ဖယ်ထားပါတော့လေ)။
ဝေဖန်တယ်ဆိုရာမှာ အပြုသဘော၇ှိသလို၊ အဖျက်သဘောလည်းရှိတယ်။ အပြုသဘော
နဲ့ ဝေဖန်သူဟာကောင်းစေချင်တဲ့စေသနာနဲ့ အကြံပြုပြောဆိုတာဖြစ်တယ်။ အဖျက်သ
ဘောနဲ့ ဝေဖန်သူကတော့ မနာလိုစိတ်ကြောင့်ဖြစ်တယ်။
“မြရွှေဂူ ပတ္တမြားကို လ
ဝက်များက ငြူစူစွာ
ညွံလူးကာတိုက်လည်း
ပွတ်လေလေ ရွှေဂူမှာ အရောင်ထွက်တယ်
ရှေးကထက်ကဲ။ ။”တဲ့..။ နာမည်ကျော်ဆရာတော်ကြီးရေးခဲ့တာလေ။အဖျက်သဘောနဲ့ 
တိုက်ခိုက်တာဆိုရင် အတိုက်ခိုက်ခံရသူက လူမှန်ဖြစ်နေရင် ပိုလို့ တောင်အရောင်တောက်
ပလာမယ်ဆိုတဲ့သဘောလေးပေါ့။

emayarKhin said...

အဲဒါကြောင့်လူတွေနဲ့
နီးအောင်မနေချင်တာ.............
တော်ပါပြီစိတ်ကုန်တယ်...........
တောထဲကသစ်ပင်ပေါ်မှာသွားနေမယ်။

နောက်လဲလာလည်နော်

Glitter Graphics