Friday 18 April 2008

သုညဘဝ

တွေ့ဆုံကြုံကွဲ
ဖြစ်မြဲဓမ္မတာအရ
ခွဲခွာခြင်းရဲ့ အစဟာ
တွေ့ဆုံခြင်းဆိုတာ
ငါခဏမေ့သွားခဲ့လို့
ရင်ထဲမှာ အပူမီးတောက်ခဲ့တယ်။

ရှင်ကွဲမကွဲရင်
တစ်နေ့ သေကွဲကွဲရမယ်ဆိုတာ
ငါမေ့နေလို့
အတ္တစွဲတွေထားမိတာ။

မွေးကတည်းက ဘာမှမပါတာ
သေသွားရင်လည်း ဘာမှမပါသွားတဲ့
လူ့ဘ၀ကြီးထဲမှာ
ဘ၀တွေ အတက်အကျနဲ့
ဘာကိုမှ ဖမ်းဆုပ်မရ
နောက်ဆုံးတော့လဲ
အားလုံးထားခဲ့ရတာပါပဲ။

1 comment:

Dr. Yi Yi Win said...

“ငါရောက်ခဲ့ရာဒီအခန်းထဲ…သုံညများနှင့်ပြည့်နှက်နေပြီ
လူ့ လောကဆိုတာအခန်းတစ်ခု
ဝင်လာပြီး ပြန်ထွက်သွားခဲ့ရ ဒီအခန်းထဲ” ဦးကျော်ဟိန်းဆိုခဲ့တာပါ။

နောက်လဲလာလည်နော်

Glitter Graphics