
ဟန်မြစ်ကို ကားနဲ့ဖြတ်တုန်း ရိုက်ထားတာပါ။

ဟန်မြစ်ကမ်းနံဘေးမှာပါ။ ရေပေါ် စားသောက်ဆိုင်ကလေးတွေလဲ ရှိပါတယ်။

ဟန်မြစ်ကိုကူးတဲ့ တံတားပါ။ အပေါ်က ကားလမ်းဖြစ်ပြီး အောက်ကတော့ ရထားသွားတာဖြစ်ပါတယ်။

ဟိုးအဝေက လှမ်းမြင်နေရတာကတော့ အိုလံပစ်ပြိုင်ပွဲကျင်းပဘူးတဲ့ အားကစားရုံပါ။

ကိုးရီးယားက ဘတ်စ်ကားပါ

ဒါကတော့ လာလည်တဲ့ခရီးသည်တွေကို လိုက်ပို့ပေးတဲ့ ကားတွေပါ။ ဒီနေရာကတော့ အလှကုန်အရောင်းဆိုင်မှာပါ။


ကားနဲ့သွားတုန်း လှမ်းရိုက်ထားတာ



တောင်ကုန်းလေးတွေပေါ်က အိမ်လေးတွေ

မြို့ရိုးပေါ်ကနေ မြင်ရတဲ့ပုံပါ


ဟိုးအရင် နန်းတော်မြို့ရိုးတံခါးကနေ လှမ်းမြင်ရပုံ
ကိုးရီးယားက ပုံလေးတွေကို ပြမယ်ဆိုပြီး လုပ်နေတာ အချိန်ကြာသွားတယ်။ ဒီနေ့တော့ သတိတရနဲ့ပဲ ဆိုလ်းမြို့ပတ်ဝန်းကျင်ပုံလေးတွေကို တင်ပေးလိုက်ပါတယ်။ ဒီတစ်ခေါက် ကင်မရာမန်းကတော့ နှင်းမဟုတ်ပါဘူး။ နှင်းရဲ့ မောင်လေးပါ။ ဆိုလ်းမြို့ရဲ့ အမြင့်ဆုံးမျှော်စင်ကို မရောက်ခဲ့ပါဘူး။ိ
နန်းတော်ဟောင်းရဲ့ မြို့ရိုးတံခါးကို ၀င်ကြည့်လို့ရပါတယ်။ ဟိုအရင်က ပုံစံအတိုင်းပြုပြင်ထားတာပါ။
7 comments:
မင်္ဂလာပါနှင်းလေးရေ။ ဘလော့တွေကျော်စရာမလိုတော့လို့ ဝမ်းသာပြီးလာလည်တာ ဦးဦးဖျားဖျားပဲ ဒီကိုရောက်တာ။ ပုံလေးတွေခံစားသွားပြီနော်။
ပုံတွေကိုကြည့်သွားတယ်..ပြီးတော့ကိုးရီးယားကိုလာလည်ပြီးအွန်စောနဲ့တွေ့ချင်လို့ဟီး..ကူညီပေးပါလား......
လှလိုက်တာ.. Tower တက်ခဲ့သေးလား။
သန့်ရှင်းသပ်ရပ်ပြီး သွားချင်စရာ.. တစ်ခါလောက်တော့ လာလည်ချင်ပါသေးတယ်။
ဟန်မြစ်ရေတက်နေတဲ့အချိန်ထင်တယ်နော်..
နန်းတော်ကြီးထဲဝင်လည်လို့ရလားဟင်?
အစုံပဲရိုက်ပြထားတာ.. စက်ဘီးစီးနေတဲ့လမ်းလေးကလည်း လျှောက်ချင်စရာ။း)
ဟန်မြစ်က လှတယ်နော်။
ပြီးတော့ အရှည်ကြီးပဲ။
ဘက်စကားစီးရင်း လမ်းတစ်လျှောက်လုံး မြင်နေရတဲ့ ဟန်မြစ်ကို ငေးရတဲ့အရသာကို ပြန်လွမ်းနေမိတယ်သိလား။
ကိုးရီးယားဇာတ်လမ်းတွဲတွေတော့ အမြဲ ကြည့်ဖြစ်တယ်။ သန့်ရှင်းသပ်ရပ်တဲ့ မြို့တစ်ခုပဲနော်။ ဖော်ပြပေးလို့ ကျေးဇူး။
Blog တွေ ကြည့်ရင်း နှင်း ရဲ့ blog ကိုရောက်လာတာပါ။ နန်းတော်ထဲ ၀င်ကြည့်လို့ရလား သိပါရစေ?
သဒ္ဓါသူ
Post a Comment