Thursday 24 December 2009

Merry Christmas

Merry Christmas

ဗုဒ္ဓဘာသာဝင်တယောက်အနေနဲ့ ခရစ္စမတ်ဆိုတာနဲ့ မသက်ဆိုင်ပေမယ့် မြန်မာပြက္ခဒိန်ရဲ့ ရုံးပိတ်ရက်လဲဖြစ်သလို တမ္ဘာလုံးကလူတွေ တော်တော်များများလဲ ပျော်ရွှင်ကြတဲ့နေ့တနေ့ပါ။ ထိုင်ဝမ်မှာကတော့ တချို့အလုပ်တွေက ပိတ်ပေမယ့် နှင်းတို့အလုပ်ကတော့ မပိတ်ပါဘူး။ နှင်းအနေနဲ့ကတော့ ငယ်ငယ်လေးထဲကလဲ ဘာမှထွေထွေထူးထူးမရှိပဲ အိမ်ထဲမှာပဲ အချိန်ကုန်နေကြဖြစ်လို့ ဒီနေ့လဲပဲ အိမ်ထဲမှာပါပဲ။ မနှင်းဟေမာက ဂျီတော့ကနေ ဆုတောင်းလေးပို့ပေးမှပဲ မနက်ဖန်ဆိုရင်ခရစ္စမတ်နေ့ဆိုတာ သတိရပြီး စာထရေးဖြစ်တာပါ။ အလုပ်ထဲကလူတွေ ဒီညသွားကဲကြမယ် ပြောသံကြားပေမယ့် သတိမထားမိဘူး။ ဒီမှာက ခရစ္စမတ်အ၀င်ည ၂၄ ရက်ညမှာ ပါတီတွေသွားကြ ပျော်ပွဲတွေလုပ်ကြနဲ့ပေါ့။ ခရစ္စမတ်မတိုင်ခင်လေးတင် ထိုင်ဝမ်ရဲ့တောင်ပေါ်တချို့မှာ နှင်းတွေကျပါတယ်။ ဒီဇင်ဘာလရောက်ပြီဆိုရင် ဆောင်းနှင်းတွေရယ် ခရစ္စမတ်ရက်ရယ် နှစ်တနှစ်ရဲ့ နောက်ဆုံးရက် ဒီဇင်ဘာ ၃၁ ရယ်ဆိုတာ အမြဲမခွဲပဲရှိနေတဲ့ အရာတွေပေါ့။

သူငယ်ချင်းမိတ်ဆွေတွေအားလုံး ကမ္ဘာပေါ်မှာရှိတဲ့ လူတွေအားလုံး ခရစ္စမတ်မှာပျော်ရွှင်ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်။

ခရစ္စမတ်ရောက်တိုင်း ကြားနေကျသီချင်းလေးတွေ ဘယ်တော့မှရိုးမသွားတဲ့သီချင်းလေးတွေနဲ့ အားလုံးကို ပျော်ရွှင်ပါစေလို့ ဆုတောင်းလိုက်ပါတယ်နော်။





2 comments:

မောင်သီဟ said...

သူများတွေ မယ်ရီပျောက်လို့ ခရစ္စမတ်နေပေမယ့်
ကျွန်တော်တော့ မမတ်ဖူး
မဆိုင်လို့ပဲလား သိဖူး သူများပျော်နေတာတွေ့တော့
စိတ်ချမ်းသာမိသား
း)

linmgmg said...

ခရစ္စမတ်ရောက်ရင် အစ်မတွေကို သတိရမိတယ်။ ငယ်ငယ်တုန်းက အချိန်တွေကိုလဲ ပြန်သတိရမိတယ်။

နောက်လဲလာလည်နော်

Glitter Graphics