ဒီနှစ်တော့ ဖေဖော်ဝါရီ ၁၄ ရက်က ချစ်သူများနေ့ဖြစ်သလို တရုတ်ရိုးရာ နှစ်ဆန်း ၁ ရက်နေ့လဲ ဖြစ်နေပြန်ပါတယ်။ ဘာတွေလုပ်ဖြစ်လဲလို့ မမေးနဲ့နော်။ အိမ်မှာနေပြီး အိပ်လိုက်စားလိုက်ပါပဲ။ သူများတကာတွေလိုလဲ တွဲထွက်ရအောင် မရှိလေပြန်တော့ အိမ်ထဲမှာပဲ ကိုယ်နဲ့မဆိုင်သလို နေလိုက်ပါတယ်။ ဒီလိုနဲ့ဖြတ်သန်းလာတာ နှစ်ပေါင်းတော်တော်ကြာပေါ့။ မာမားတို့နဲ့ဖုန်းပြောဖြစ်တယ်။ ဘာမှကို ထူးထူးခြားခြားရှိပါဘူး။ နှင်းရဲ့ အစ်ကိုဝမ်းကွဲတွေက လှမ်းမေးကြတယ်။ ဘယ်မှမသွားဘူးလားတဲ့။ ဟုတ် သူတို့လိုမှမရှိတာ ဘယ်သွားရမလဲနော်။ ဒါပေမယ့် တွဲပြီးကြည်နူးနေတဲ့သူတွေကိုကြည့်ပြီး ကိုယ်လဲ ကြည်နူးမိပါတယ်။ သူတို့တွေအတွက်လဲ ဆုတောင်းပေးနေမိပါတယ်။ ချစ်တဲ့သူတွေ တသက်လုံးပျော်ရွှင်စွာ လက်တွဲပြီး ဖြတ်သန်းနိုင်ပါစေ။

Happy Valentine's Day Glitter Graphics

1 comment:
Happy Chinese New Year!..
Post a Comment