ဒီဇင်ဘာနှင်း
Tuesday, 16 February 2010
ပန်းပြပွဲ
ဝါးလုံးလေးတွေမှာစာရေးပြီးအခုလိုချိတ်ထားတယ်။
ပန်းခင်းအပေါ်ကလမ်းကြီးကတော့ ထိုင်ပေ ကောင်းရှုံ အမြန်ရထားလမ်းကြီးပါ။
အခုလိုအသည်းပုံလေးလဲဖော်ထားတယ်။
အခုလို မုန့်ဈေးတန်းလေးမှာ စားချင်တာစားရင် ပန်းခင်းထဲလမ်းလျှောက်ကြပါတယ်။
အလုပ်ပိတ်ရက်တရက် နယ်မြို့လေးတမြို့ကိုသွားပြီး ပန်းပြပွဲကို သွားကြည့်ဖြစ်ပါတယ်။ ပန်းပြပွဲဆိုလို့ ပန်းခြံတွေထဲမှာ အလှဆင်ထားတာမဟုတ်ပဲ လယ်သမားတွေ အလုပ်သိမ်းပြီးလို့ လယ်ကွက်ထဲမှာ ပန်းမျိုးစေ့တွေ ကျဲပြီး အလှဆင်ထားတာဖြစ်ပါတယ်။ လယ်ကွက်ပြင်ထဲ ပန်းခင်းတွေ တဆက်တည်းမြင်နေရတာဟာ ပင်လယ်ပြင်လိုဖြစ်နေလို့ တချို့တွေက ပန်းပင်လယ်ရယ်လို့ တင်စားပြောဆိုကြပါတယ်။ အလုပ်ထဲက ဖိအားတွေများနေရာကနေ အခုလို ရှုခင်းမျိုးကို မြင်လိုက်ရတဲ့အတွက် စိတ်ကို တမျိုးပြောင်းစေပါတယ်။
No comments:
Post a Comment
Newer Post
Older Post
Home
Subscribe to:
Post Comments (Atom)
နောက်လဲလာလည်နော်
No comments:
Post a Comment