Sunday 6 June 2010

စေတနာအမှား

မိဘတွေက သားသမီးတွေကို ထွန်းပေါက်စေချင်တိုးတက်စေချင်သလို မိတ်ဆွေသူငယ်ချင်းပဲ ဖြစ်ဖြစ် မောင်နှမတွေပဲဖြစ်ဖြစ် ကောင်းစားစေချင်တဲ့ စေတနာစိတ်ကလေးတွေ ရှိတတ်ကြပါတယ်။ အဲလိုစိတ်ကလေးတွေနဲ့ တယောက်ကိုတယောက် ဖေးမကူညီတတ်ကြသလို အမြင်မတော်တာတွေ့ရင်လဲ ပြုပြင်အောင် ဆုံးမတတ်ကြပါတယ်။ အဲလိုပြောဆို ကူညီတဲ့အခါ အပြောမတတ်တော့ ဆဲသလိုဆိုသလိုပဲ ဖြစ်စေချင်တဲ့ဇောနဲ့ ပြောလိုက်တဲ့အခါ ကိုယ်ကတော့ စေတနာနဲ့ပြောလိုက်ပေမယ့် နားထောင်သူရဲ့စိတ်ထဲမှာကျတော့ နားဝင်မကောင်းတော့ပါဘူး။ ငါ့ကိုအပြစ်ပြောနေတယ် ဆိုတဲ့အမြင်မျိုးဖြစ်သွားသလို ငါကသူ့လိုမလုပ်နိုင်ဘူးဆိုတဲ့ သိမ်ငယ်စိတ်မျိုးလဲ ဖြစ်သွားနိုင်တယ်။ ကိုယ်ကတော့ စေတနာနဲ့ ပြောလိုက်ပေမယ့် စေတနာကသူ့အတွက် မကောင်းတဲ့အတွေးဆီကို ရောက်အောင်ပို့လိုက်သလိုဖြစ်သွားတယ်။ စိတ်အားငယ်အောင် လုပ်သလိုဖြစ်သွားပါတယ်။

နှင်းပတ်ဝန်းကျင်မှာလဲ အခုလို စိတ်မျိုးဖြစ်သွားတဲ့သူတွေကို ခုတလောမြင်နေရတယ်။ တိုးတက်စေချင်လို့ပြောနေပေမယ့် တဖက်ကကျတော့လဲ အပြောခံရလေ သိမ်ငယ်လေဆိုသလို ဖြစ်သွားတယ်။
တကယ်တော့ လူတယောက်ကို ပြုပြင်စေချင်ရင်ပဲဖြစ်ဖြစ် ကူညီချင်ရင်ပဲဖြစ်ဖြစ် သူရဲ့ စိတ်ဓာတ်ကို မထိခိုက်နိုင်တဲ့စကားမျိုး အကူအညီမျိုးနဲ့ သူတိုးတက်လာအောင် ကူညီနိုင်မယ်ဆိုရင် ပိုပြီးအဆင်ပြေပါတယ်။

1 comment:

ShwunMi- said...

ဖြစ်တတ်ပါတယ် မနှင်းလေး..
ရွှန်းမီလည်း အစက စကားပြောသိပ်မတတ်တော့ စိတ်မကောင်းစရာဖြစ်ရတယ်..
အထင်လွဲမိတာရယ် အထင်လွဲခံရတာရယ်.. ကြာတော့လည်း ပြေလျော့သွားမှာပါ။

နောက်လဲလာလည်နော်

Glitter Graphics