Thursday 20 May 2010

တနေ့တာအလွဲများ

ဒီနေ့တော့ ပြောကိုမပြောချင်တော့ပါဘူးလို့ပဲ ပြောလိုက်ချင်တယ်။ မနက်မိုးလင်းလို့ အိမ်ကစထွက်ကတည်းက လွဲလိုက်တာ ညနေမိုးချုပ်တဲ့အထိပါပဲ။ အိမ်ကထွက်လို့ မနက်စာဝင်ဝယ်တော့ ခဏလေးစောင့်ပါဆိုလို့ ထိုင်စောင့်လိုက်တယ်။ မှာထားတာပြီးပြီဆိုလို့ ပိုက်ဆံရှင်းတော့ ၁ ကျပ်စေ့ကို ၅၀ အစေ့ထင်ပြီင်္း ဆိုင်ကထွက်လာတာ လမ်းတ၀က်ကျမှ လက်ထဲကြည့်တော့ ၁ ကျပ်စေ့ဖြစ်နေတယ်။ ပြန်သွားပြောဖို့ကျတော့ အလုပ်ချိန်ကနီးနေပြီ ထားလိုက်ပါတော့ဆိုပြီး ကားမှတ်တိုင်ဆီ သုတ်ချေတင်သွားတာ မှတ်တိုင်ရောက်တော့ စီးမယ့်ကားက ကပ်ပြီးလွတ်သွားတယ်။ ရပါတယ် နောက်ထပ်ကားကမြန်တယ်ဆိုပြီးစောင့်လိုက်တာ မိနစ်၂၀လောက်ကြာသွားတယ်။ အရင်ဆိုရင် ၃ စီးလောက်လာနေကျ ဒီနေ့ကျမှ ၁ စီးတည်းကို လူတွေပြုံတက်လိုက်တာ ကားကကျပ်နေတယ်။

ဒီလိုနဲ့အလုပ်ရောက်တော့ ကွန်ပျူတာလေးဖွင့် ဒီနေ့အရေးကြီးတဲ့ပစ္စည်းရှိတာ မြန်မြန်လုပ်လိုက်မယ်ဆို ထိုင်ကာရှိသေး လူကြီးတွေရောက်လာပြီး ပစ္စည်းဘာလို့မထွက်သေးတာလဲဆိုပြီး ပြောပါလေရော။ ကဲ တမနက်လုံး လူကအဆင်မပြေလာတော့ ဒေါသလေးကနည်းနည်းထွက်နေပြီ။ လူကြီးကိုလဲမသိတော့ဘူး။ ငါမပြီးတာမဟုတ်ဘူး testing ကစစ်မပေးလို့မပြီးတာဆိုပြီးဘုတောလိုက်တယ်။ လူကြီးတယောက်က ပြောပြီးလှည့်အထွက် နောက်တယောက်ကရောက်လာပြီး မေးပြန်ရော။ မရတော့ဘူး။ ဒေါသက တော်တော်ထွက်နေပြီ။ ဒေါသထွက်ထွက်နဲ့ ကစ္စည်းကိုလုပ်လိုက်တာ လက်စသတ်ဒါနီးလည်းကျရော နောက်ပစ္စည်းတခုဆင်တာ ပြဿနာရှိုလို့ နင့်ဆီရောက်လာရင် အမှားဖမ်းပေးပါဦးတဲ့။ ကဲ ထားလိုက်တော့ ကိုယ်ကနောက်ဆုံးအဆင့်ကြည့်ရမှာပဲဆိုပြီး ဟုတ် ကြည့်လိုက်မယ်ဆိုပြီး နေလိုက်တယ်။

ထမင်းစားနားတော့မယ်ဆိုတော့ လူကစားတဲ့ဆီစိတ်ရောက်သွားတော့ ဒေါသတွေလည်းမရှိတော့ဘူးပေါ့။ ဒီလိုနဲ့ ကိုယ်နဲ့ တွဲလုပ်တဲ့သူတွေ ဘယ်လိုနေလဲသွားကြည့်မယ်ဆိုပြီးအသွား နောက်ပြဿနာတခုက ဆီးကြိုနေပြန်တယ်။ အရေးကြီးပါတယ်ဆိုတဲ့ အာမခံတံဆိပ်ကို မကပ်မိဘူးတဲ့လေ။ ဘယ်လိုလုပ်ကြမလဲ။ ခေါင်းဆောင်ကိုပြောတော့ စိတ်ဆိုးပြီး သွားပြောပါလေရော။ မတတ်နိုင်တော့ဘူး။ သေချာမှာထားတာကို အခုလိုဖြစ်တော့ နှင်းလဲတော်တော်စိတ်ဆိုးမိတယ်။ တွဲလုပ်တဲ့သူတွေမှားရင် နှင်းကအရင်အဆူခံရပါတယ်။ နှင်းသေချာမပြောလို့ မသင်လို့ဆိုပြီး အပြောခံရပါတယ်။ ခေါင်းဆောင်ကပြောရှာတယ် စိတ်ကိုလျှော့ပါတဲ့။ သူကပြောသာပြောတယ်။ သူကိုယ်တိုင်လဲ စိတ်မလျှော့နိုင်ရှာဘူး။ သူကတော့ တာဝန်ပိုကြီးတာပေါ့။ ဒီလိုနဲ့ ထမင်းစားသွားလိုက်ကြတယ်။

အလုပ်လဲပြန်တက်ရော ပြဿနာနောက်တခုက ဆီးလို့ကြိုနေပြန်တယ်။ ဒီတခါတော့ ဒေါသကအထွတ်အထိပ်ရောက်သွားပြီ။ မရတော့ဘူး။ အရေးကြီးတယ်နော် အမှားလုံးဝမခံဘူးနော် သတိထားပါဆိုတာ နေ့တိုင်းပြောပါတယ်။ ကိုယ်တိုင်လဲ အမြဲသတိထားနေရပါတယ်။ နှင်းတို့ဆီမှာက bar code printer တွေထုတ်တယ်။ printer တိုင်းမှာ adapter ကိုတွဲပေးထားပါတယ်။ တွဲထားပြီးတဲ့ printer နဲ့ adapter ကို မှားပြီးထည့်လို့မရပါဘူး။ အခုတော့ တလွဲတွေထည့်ထားတော့ ပြဿနာကကြီးသွားပါပြီင်္။ ပထမကတော့ တခုတလေပဲဆိုပြီး ရပါတယ်။ နှင်းကွန်ပျူတာကနေကြည့်ပေးမယ်ဆိုပြီး တခုချင်းကြည့်ပါတယ်။ နောက်ကျတော့ တခုမကဘူး နောက်က LAN Card တွေပါ နံပါတ်တွေမှားနေပြီဆိုတော့ နှင်းလဲသည်းမခံနိုင်တော့ဘူး ထုတ်လုပ်ရေးရဲ့ ခေါင်းဆောင်ကိုသွားခေါ်ပြီး လာကြည့်ခိုင်းပါတယ်။ ဘယ်သူလဲဆူိုပြီးစစ်လိုက်တော့ ကိုယ်နဲ့တွဲတဲ့သူကလုပ်လိုက်တာ။ မတတ်နိုင်တော့ဘူး။ ငါတော့ ဒီလူနဲ့တွဲပြီး ဘယ်လိုလုပ်လဲဆိုတော့ ချက်ချင်းပဲ ၀န်ထမ်းရေးရာဌာနက လူကြီးရောက်လာပြီး လုပ်တဲ့သူကိုလာခေါ်သွားပါတော့တယ်။ ဒီလိုစကားတွေလဲ မပြောချင်ပါဘူး။ ကိုယ့်ကြောင့်လဲ ဘယ်သူ့ကိုမှ မထိခိုက်စေချင်ပါဘူး။ ဒါပေမယ့် အဲဒီလူတယောက်ရဲ့ လုပ်ရပ်ကြောင့် အလုပ်တခုလုံး ထိခိုက်မှာဆိုတော့ မပြောချင်လဲ ပြောလိုက်ရတယ်။

အလုပ်ဆင်းလို့အိမ်ပြန်မယ်ဆိုပြီး ဓါတ်လှေခါးစီးတော့ ၁ ထပ်မှာဆင်းမှာကို မနှိပ်မိပဲ မြေအောက်ထပ်ထိပါသွားတော့မလို့ ၃ ထပ်ရောက်မှ မြန်မြန်နှိပ်လိုက်ရတယ်။ ပြန်ခါနီးသာထပ်လွဲရင်တော့ မကောင်းတော့ပါဘူး။

တနေကုန် ပြဿနာပေါင်းစုံနဲ့ လူကတော်တော်ကိုမောပါတယ်။ ဒီနေ့လောက် တလွဲတွေများတာ ဒီနေ့ပါပဲ။ အခုလိုအလွဲတွေနဲ့ နောက်ရက်တွေမဆုံပါစေနဲ့လို့ ဆုတောင်းပါတယ်။

2 comments:

ပိုးဟပ်လေး said...

အင်းပေါ့လေ...
တစ်ခါတစ်လေကျရင်ဖြစ်တတ်တာလေးတွေပါပဲ
တစ်ခြားသူမှားတာကို ကိုယ်အပြစ်ပြောခံရတာတော့
ဘယ်ကောင်းမှာလဲနော်...
သီးခံလို့ မရတဲ့ အဆုံးတော့ လုပ်သင့်တာကို လုပ်ပါ..

ShwunMi- said...

နောက်ရက်တွေ ကံကောင်းလာမှာပါ မနှင်းလေး..
ပျော်ရွှင်အဆင်ပြေပါစေနော်

နောက်လဲလာလည်နော်

Glitter Graphics