Sunday 15 November 2009

သူကသိပါ့မလား

နှင်းတို့တတွေမှာ ခံစားတတ်တဲ့ စိတ်ကပါလာတော့လဲ တခုခုဆိုရင် စိတ်ထဲမှာ ခံစားတတ်ကြပါတယ်။ တယောက်ယောက်ကို သတိရတာတို့ ကိုယ်သံယောဇဉ်ရှိတဲ့သူကို တမ်းတလွမ်းဆွေးနေတာတို့ဆိုတာ လူတိုင်းမှာရှိပါတယ်။ ဒါပေမယ့် သေချာစဉ်းစားကြည့်ရအောင်။ လူတယောက်ကို ကိုကသတိတရ ရှိနေတဲ့အချိန် သူ့ကိုသတိရလွန်းလို့ ကိုယ့်စိတ်မှာ ပူလောင်ပြီး နေမထိထိုင်မသာ ဖြစ်နေတဲ့အချိန်မှာ တဖက်လူက သိပါ့မလား။ ကိုယ့်ကိုရော သတိရပါ့မလား။ ကိုယ်ကသာအိပ်မရဖြစ်နေတာ သူကအိပ်ပျော်နေလောက်ပြီ။ ကိုယ်ကသာ ပူလောင်ပြီး မပျော်နိုင်ဖြစ်နေတာ သူကတော့ ပျော်ချင်လဲ ပျော်နေလောက်တယ်။ တကယ်တော့ ကိုယ့်စိတ်ကတဖက်သတ် ဒုက္ခပေးနေတာ။ သူက သိချင်မှတောင်သိမှာပါ။ တခါတလေလဲသိမှာပေါ့ တိုင်ဆိုင်မှုတွေရှိတဲ့အခါလေ။

စိတ်ချင်းဆက်သွယ်တာတွေရှိတယ်လို့ ပြောလို့ရပါတယ်။ ဒါပေမယ့် တော်တော်လေးရှားမှာပါ။

3 comments:

ShwunMi- said...

မသိလောက်ဘူး ထင်တာပဲ.. အဲ့ဒါကြောင့် အမြန်ဆုံးသိအောင် ပြောနိုင်ဖို့ email, messenger, mobile phone မျိုးစုံနေအောင် ပေါ်လာရတာ.. =)

khin oo may said...

အဲသလိုဆိုတော့ဘယ်လိုလုပ်ရင်ကောင်းမလဲ။

Yu Ya said...

telepathy တို့... sixth sense တို့ဆိုတာတွေ ကြားဖူးတယ် မနှင်းရေ.. နည်းနည်းကျင့်ကြည့်ပါလား..အဟီး။ ဆက်သွယ်လို့ ရရင် ရနိုင်မှာပေါ့နော်...

yu ya

နောက်လဲလာလည်နော်

Glitter Graphics