Monday 23 November 2009

၂၀၁၂

အခုတလော ၂၀၁၂ ရုပ်ရှင်ကားက လူတိုင်းရဲ့ စိတ်ဝင်စားမှုကို ရယူသွားပါတယ်။ အဲဒီကားရုံမတင်ခင်ထဲက လူတွေက ကြည့်ချင်နေကြတယ်။ ကမ္ဘာပျက်တာကို ရိုက်ထားတာဆိုပြီး ပိုစိတ်ဝင်စားနေကြတယ်။ ၂၀၁၂ ဒီဇင်ဘာမှာ ဘာဖြစ်မလဲဆိုတဲ့စိတ်တွေ လူတော်တော်များများမှာ တွေးနေကြမှာပါပဲ။ နှင်းကိုယ်တိုင်လဲ သိချင်တာပါပဲ။ ဒါပေမယ့် ဖြစ်သမျှအကြောင်း အကောင်းကြည့်ပါပဲ။ ကိုယ်တယောက်ထဲ တွေးကြောက်နေလို့လဲ ပြီးသွားမယ့် အရာတခုမဟုတ်ပါဘူး။ အဲဒီတော့လဲ လက်ရှိအချိန်က အကောင်းဆုံးပါပဲ။

လူတွေကို ဒုက္ခပေးနေတာက တခြားအရာမဟုတ်ပါဘူး။ ကိုယ့်စိတ်ပါပဲ။ တကယ်မဖြစ်လာသေးတာတွေကို စိတ်ကနေ ဖြစ်လာတော့မှာပဲဆိုတဲ့ စွဲလမ်းစိတ်ကြောင့် ပိုဒုက္ခများသွားတာတွေ ဖြစ်တတ်ပါတယ်။ စိတ်ကြောင့်ပဲ လူပင်ပန်းဖြစ်ရတယ်။ အဲဒီမဖြစ်သေးတာတွေကို ကိုယ့်စိတ်ကအထင်နဲ့ ထင်ချင်ရာထင်နေတော့ တကယ့်အမှန်ကို မမြင်နိုင်အောင်လဲ ဖြစ်တတ်တယ်။ ကိုယ်ထင်ချင်ရာတွေထင် ကိုယ့်အထင်အတိုင်းလုပ်နေပြီး တကယ်လုပ်သင့်တာတွေကို သတိမရပဲ ဖြစ်သွားတတ်တယ်။ စိတ်ဆိုတဲ့အရာကို ထိန်းချုပ်နိုင်ဖို့ တော်တော်လေး ခဲယဉ်းပါတယ်။

ခုတလော စိတ်ထဲမှာတွေးနေတာတွေကို ရေးနေမိတယ်။

4 comments:

မောင်သီဟ said...

ဘလော့ဂ်တွေပေါ်မှာသာပလူပျံနေတား)
မလေးရှားနိုင်ငံသားတွေကြည့်မိတယ်
ဘာမှမထူးခြားသလိုပဲ
အခုရုပ်ရှင်ကိုလဲ ရုပ်ရှင်လိုပဲမြင်နေကြတယ်
း) တခုခုတော့လွဲနေကြပြီ
း)

Dr. Yi Yi Win said...

ဒါကြောင့် ပစ္စုပ္ပန် တည့်တည့်ပဲကြည့်မှကောင်းတာနေမယ်နော် နှင်းလေး။

Yu Ya said...

ဟုတ်တယ် မနှင်းရေ.. 2012 ရုပ်ရှင်ကလည်း စွဲဆောင်မှု ရှိလွန်းပါတယ်ဗျာ.. အင်မတန်မှလည်း ခမ်းခမ်းနားနားကြီးကို ရိုက်ကူးထားတာကိုး..

စိတ်..စိတ်..စိတ်..

yu ya

akaykay said...

Had u fished to watch that movie?
မောင်ဘကြိုင် say twar ta-lo bar pal.
that don't make very effective to me.

နောက်လဲလာလည်နော်

Glitter Graphics