Friday 1 January 2010

1 /1/ 2010

၂၀၁၀ ခုနှစ်ရဲ့ ပထမဆုံးလ ပထမဆုံးရက်မှာ ကိုမိုးကျော်ဝင်းနဲ့ စကားပြောဖြစ်တယ်။ ဘလော့ပေါ်မှာ မရွှန်းမီရဲ့ဆုတောင်းကို ပထမဆုံးရခဲ့တယ်။ အိပ်ယာနိုးနိုးချင်း စိတ်ထဲမှာလဲ ကြည်ကြည်လင်လင်လေးဖြစ်နေတယ်။ အင်း ၂၀၁၀ ရဲ့အစကတော့ ကောင်းတယ်လို့ပဲပြောရမှာပဲ။ နှစ်သစ်မှာ အဒေါ်က အုန်းနို့ခေါက်ဆွဲချက်ကျွေးတယ်။ ညကတော့ အိမ်ထဲမှာပဲ ၁၀၁ ရဲ့ မီးပန်းအလှကို တီဗွီကနေပဲကြည့်လိုက်တယ်။ ဘာပဲဖြစ်ဖြစ် ၂၀၀၉ မှာဖြစ်ခဲ့တဲ့ စိတ်ညစ်စရာတွေ ၀မ်းနည်းမှုတွေ အဆင်မပြေမှုတွေကို မေ့ပျောက်သွားပါပြီ။ ၂၀၁၀ ကို လူသစ်စိတ်သစ်နဲ့ ဖြတ်သန်းဖို့အတွက် အားသစ်တွေမွေးနေတယ်။ နောက်တခုကတော့ အသက်တနှစ်ပိုကြီးသွားလို့ သေဖို့လဲတနှစ်နီးလာပြီလေ။

No comments:

နောက်လဲလာလည်နော်

Glitter Graphics