Friday 22 January 2010

အလကားရလို့လား

ုလူတွေမှာ ပါးစပ်တွေရှိနေတာက စကားပြောဖို့အတွက်ဆိုတာ သဘာဝကြီးက ဖန်တီးပေးထားပြီးသားပါ။ မွေးကင်းစ စကားမပြောတတ်သေးခင်ကတောင် အသံလေးတွေထွက်ပြီး ငိုသံရယ်သံ အု အား ဆိုပြီး ပြောတတ်ခဲ့ကြတယ်။ တကယ်တမ်းစကားတွေ ပြောတတ်လာတဲ့အခါကြတော့ အလကားရထားတဲ့ ပါးစပ်နဲ့ စကားတွေတတ်တိုင်း ပြောတော့တာပါပဲ။ တခါတလေ ကိုယ့်အတွက် ကောင်းရင်ပြီးရောဆိုပြီး တဖက်ထဲကြည့်ပြီး ပြောလိုက်တဲ့ အလကားရတဲ့ ပါးစပ်ကနေ အလွယ်ပြောလိုက်တဲ့ စကားတွေကြောင့် တဖက်လူတွေအပေါ် ထိခိုက်ရတာတွေ ဖြစ်လာပါတယ်။ တခါတလေ ကိုယ့်တာဝန် ကိုယ့်အမှားကို တာဝန်မယူချင်လို့ လူတွေယုံအောင်လဲ စကားတတ်တိုင်း လှည့်ပြောတတ်ကြတယ်။ အဲဒီပါးစပ်ကပဲ ကိုယ်မလုပ်နိုင်တာတွေကို အလွယ်ပြောပြီး ကတိဆိုတာတွေလည်း ပေးတတ်ကြပြန်တယ်။ မွေးကတည်းက ပါလာတဲ့ပါးစပ်နဲ့ အလွယ်ပြောတတ်တဲ့ စကားတွေက ကိုယ့်ရဲ့ ကိုယ့်ကျင့်တရားတွေ ကိုယ့်သိက္ခာတွေကို ပျက်စီးစေတယ်ဆိုတာ သတိမထားမိကြလို့များ အလွယ်ပြောနေကြတာလား ..........

4 comments:

ShwunMi- said...

ဟူး.. မပြောရင်လည်းမကောင်းဘူး.. လိုတာထက်ပိုပြောရင်လည်း မကောင်းဘူးလို့ တွေးမိတယ်..

ပိုးဟပ်လေး said...

တချို့ စကားတွေကပြောသင့်ပါတယ်...
ကျွန်တော်ကိုယ်တိုင်ကြုံနေရလို့ပါ
ိအဲဒီလိုမှ မပြောရင် စကားဘယ်လိုမှဖြတ်မရပါဘူး
ရစ်နေတတ်ကြလို့ပါ
ဒါပေမဲ့ စကားခံပြီးပြောပါတယ်
"ကတိမပေးဘူး"လို့........

ပိုးဟပ်လေး said...

တချို့ စကားတွေကပြောသင့်ပါတယ်...
ကျွန်တော်ကိုယ်တိုင်ကြုံနေရလို့ပါ
ိအဲဒီလိုမှ မပြောရင် စကားဘယ်လိုမှဖြတ်မရပါဘူး
ရစ်နေတတ်ကြလို့ပါ
ဒါပေမဲ့ စကားခံပြီးပြောပါတယ်
"ကတိမပေးဘူး"လို့........

ပိုးဟပ်လေး said...

တချို့ စကားတွေကပြောသင့်ပါတယ်...
ကျွန်တော်ကိုယ်တိုင်ကြုံနေရလို့ပါ
ိအဲဒီလိုမှ မပြောရင် စကားဘယ်လိုမှဖြတ်မရပါဘူး
ရစ်နေတတ်ကြလို့ပါ
ဒါပေမဲ့ စကားခံပြီးပြောပါတယ်
"ကတိမပေးဘူး"လို့........

နောက်လဲလာလည်နော်

Glitter Graphics