Thursday, 25 October 2007

ကျွန်မတွေ့ကြုံရသမျှ

နိုင်ငံခြားရောက် ကျွန်မရဲ့ဘ၀အစ

ကျွန်မတစ်ယောက် နိုင်ငံခြားရောက်တယ်ဆိုရင်ပဲ ပထမဆုံးကြုံတွေ့ရတဲ့ အခက်အခဲကတော့ ဘာသာစကားပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာနေတုန်းက ဘာသာစကားကို တတ်အောင်သင်ဖို့ မိဘတွေကပြောရင် ကျွန်မအလေးမထားမိခဲ့ဘူး။အခုတော့ ကျွန်မနောင်တရနေပါပြီ။ကိုယ်စားချင်တာလေးဝယ်စားဖို့တောင် မပြောတတ်တဲ့ကိုယ့်ကိုကိုယ် စိတ်တိုမိတယ်။ဒီလိုနဲ့ အလုပ်ထဲရောက်ပြန်တော့လဲ ဒီအခက်အခဲကိုပဲ ရင်ဆိုင်ရပြန်တယ်။အလုပ်အကြောင်းပြောပြရင် ကိုယ်ကလုံးစေ့ပတ်စေ့ နားမလည်တော့ မျက်နှာလေးငယ်ပြီး ကြည့်နေယုံကလွဲပြီး ဘာမှပြန်မပြောနိုင်ခဲ့ဘူး။ကိုယ်လုပ်လိုက်တာမှားနေရင် ပြောပြတာကိုနားမှမလည်တာ အခုတော့မှားပြီပေါ့ဆိုတာမျိုးတွေကို နေ့တိုင်းအပြောခံခဲ့ရတယ်။အခွင့်အရေးရှိတုန်းက အလေးမထားခဲ့တဲ့ကျွန်မ အခုတော့ငိုနေရပြီပေါ့။ ကိုယ်လုပ်တဲ့အကျိုး ကိုယ်ပြန်ခံစားနေရတာလေ။မိဘတွေကို ပြန်မပြောပြရဲဘူး ။ ကိုယ်ပိုင်အစွမ်းအစမရှိတော့ ကိုယ်လုပ်ချင်တာတွေကို မလုပ်ရဲဘုး။အပြင်သွားလို့ တစ်ယောက်ယောက်က ကိုယ့်ကိုစကားလာပြောမှာကိုတွေးကြောက်ပြီး အပြင်ကိုတစ်ယောက်ထဲမသွားရဲခဲ့ဘူး။ဒီလိုနဲ့ သူများတွေလည်ပတ်ပြီး ပျော်ရွှင်နေချိန်မှာ ကိုယ်ကတော့အိမ်တွင်းပုန်း ဘ၀ပေါ့။တရုတ်စကားပြောနိုင်တဲ့အဖော်မပါရင် အပြင်ကိုမသွားရဲတဲ့ကျွန်မဘ၀ပါ။
တရုတ်စာကိုဖတ်တတ်ဖို့ မဆိုထားနဲ့ စကားပြောတာတောင် ဖြောင့်အောင်မပြောနိုင်တဲ့ ကျွန်မဘ၀။အခုအချိန်မှာတော့ နောင်တတွေ တပွေ့တပိုက်နဲ့ပေါ့။ကိုယ်သွားမယ့်နိုင်ငံရဲ့ ဘာသာစကားကို သေသေချာချာ မလေ့လာခဲ့လို့ ရလိုက်တဲ့အကျိုးတွေပေါ့။နိုင်ငံခြားကို သွားမယ်လို့စိတ်ကူးရှိတဲ့လူတိုင်း္လဘာသာစကားကိုသေသေချာချာ လေ့လာပြီးမှသွားမယ်ဆိုရင် ကျွန်မခံစားရသလို စိတ်ဒုက္ခတွေခံစားရမှာမဟုတ်ပါဘူး။

No comments:

နောက်လဲလာလည်နော်

Glitter Graphics