မြို့ထဲကိုသွားတယ်။လမ်းမှာအသိတစ်ယောက်နဲ့တွေ့တော့ အစ်ကိုကွမ်းစားပါဦး ဗမာဆေးနဲ့လေ ဆိုတော့ ဖေဖေက အေးကွာတစ်ယာပေးဆိုပြီး ယူစားလိုက်တယ်။အဲဒါနဲ့ လက်ဖက်ရည်သောက်မယ်ဆိုပြီး ဆိုင်မှာ လက်ဖက်ရည်မှာသောက်တယ်။ဖေဖေ့ တပည့်လေးတစ်ယောက်ကလာ နှုတ်ဆက်ပြီး ဆရာကွမ်းစားပါဦး အာမွှေးနဲ့လေဆိုတော့ အေးကွာတစ်ယာပေးဆိုပြီး ယူစားပြန်တယ်။ခဏနေလို့ နောက်တစ်ယောက်ကလာပြီး အစ်ကို ကွမ်းစားပါဦး နှပ်ဆေးနဲ့လေဆိုတော့လဲ ယူစားလိုက်ပြန်တယ်။သမီးတွေ့တာတော့ ဖေဖေက ကွမ်းကိုဘာနြဲ့ဖစ်ဖြစ်အကုန်စားတယ်။ဒါပေမယ့် သူကိုယ်တိုင်ဝယ်စားတာတော့ သမီးမတွေ့ဘူးတဲ့။ အော် ညီမလေးဖေဖေက ကွမ်းကိုအစုံစားတယ် ၀ယ်တော့မစားဘူးပေါ့နော်လို့ ကျွန်မကပြောလိုက်တဲ့အချိန်မှာ ကျွန်မပြောလိုက်တာကို ကြားသွားတဲ့ညီမလေးရဲ့ ဖေဖေပြောလိုက်တာက “ကွမ်းစားတာကိုကြိုက်တယ်။ ကိုယ်တိုင်ဝယ်စားရင် အမြဲစားဖြစ်နေမှာစိုးလို့ပါတဲ့။”

No comments:
Post a Comment