Sunday 28 October 2007

ကမ္ဘာ့အမြင့်ဆုံးတိုက် ၁၀၁

ဒါကညဘက်မီးထွန်းထားတာ
ဝရံတာကနေ ၁၀၁ ကိုမြင်ရပုံပါ ဟိုကအချွန်လေးနဲ့ အဆောက်အဦးပေါ့
ကျွန်မရောက်ရှိနေတဲ့ ထိုင်ဝမ်မှာ ကမ္ဘာ့အမြင့်ဆုံးအဆောက်အဦး ရှိပါတယ်။လက်ရှိတော့အမြင့်ဆုံးပါ။ အထပ်ပေါင်း ၁၀၁ ထပ်ရှိပါတယ်။ ထိုင်ဝမ်မှာတော့ အလွယ် ၁၀၁ လို့ပဲခေါ်ကြပါတယ်။ နှစ်စဉ် newyear night ကြရင် ၁၀၁ မှာည ၁၂း၀၀ တိတိမှာ မီးရှုးမီးပန်းဖောက်ပါတယ်။ ၁၀၁ မှာမီးပန်းဖောက်တာကို ကြည့်ဖို့အတွက် ညနေကထဲကသွားကြရတယ်။ ၁၀၁ ဘေးပတ်ဝန်းကျင်မှာလဲ stage show တွေနဲ့စည်ကားလှပါတယ်။ ကျွန်မကတော့ ၁၀၁ အထိသွားပြီးမကြည့်ဖြစ်ပါဘူး။ ကျွန်မအတွက် ကံကောင်းတယ်လို့ ပြောရမှာပဲ ။ကျွန်မနေခွင့်ရတဲ့ အခန်းကနေလှမ်းကြည့်ရင် ၁၀၁ ကိုမြင်တွေ့နေရလို့ပါပဲ။ ရာသီဥတုသာယာနေရင် ၁၀၁ ဟာအဝေးကနေကြည့်ရတာအရမ်းကိုလှပပါတယ်။ရာသီဥတုဆိုးဝါးနေရင်တော့ ဘာမှကိုမတွေ့ရတော့ပါဘူး။ နာမည်ကြီးတဲ့ရုပ်ရှင်မင်းသားတွေ အားကစားသမားတွေ လာရောက်လည်ပတ်ကြပါတယ်။

No comments:

နောက်လဲလာလည်နော်

Glitter Graphics