
Sunday, 28 October 2007
အရယ်အပြုံးမတတ်တဲ့ ကျွန်မ
ရယ်မောပျော်ရွှင်စွာ နေတတ်တာ ကောင်းပါတယ်။ ကျွန်မဟာ ရယ်မောခြင်းကို အရမ်းနှစ်သက်တယ်။ အဲဒီရယ်မောခြင်းကြောင့် ကျွန်မသူတစ်ပါးအပြောကို ခံခဲ့ရတာပါ။ ကျွန်မဖြစ်တာက ဒီလိုပါ။ တစ်ရက်တော့ အလုပ်ထဲမှာ အန်တီတစ်ယောက်က သူဖာသာစိတ်မကောင်းဖြစ်ပြီး ငိုရင်းနဲ့ပဲ အလုပ်လုပ်နေတယ်။ သူငိုနေတာကို တစ်ခြားလူတွေကလဲ သိနေတယ်။ ဒါပေမယ့် သူဘာကြောင့်ငိုတယ်ဆိုတာကို ဘယ်သူမှမသိကြဘူး။ နေ့လည်ထမင်းစားချိန်ရောက်တော့ ထမင်းစားခန်းထဲမှာ ကျွန်မကသူ့ဘေးနားမှာ ထမင်းအတူစားနေချိန်မှာ မျက်နှာချင်းဆိုင်မှာရှိနေတဲ့ အန်တီတစ်ယောက်က ကျွန်မကိုလှမ်းမေးတယ်။ သူဘာဖြစ်လို့ငိုတာလဲပေါ့ အဲဒီမှာကျွန်မကလဲ ကိုယ့်အကျင့်အတိုင်း ပြုံးပြီးမသိဘူးလို့ ဖြေလိုက်မိတယ်။ ပြုံးပြီးဖြေလိုက်တဲ့ ကျွန်မကို supervisor တွေ့သွားပြီး သူတစ်ပါးဝမ်းနည်းနေတာကို ဘေးကနေ လှောင်ရပါ့မလားဆိုပြီး ကျွန်မကိုပြောပါတော့တယ်။ ပထမကတော့ ကျွန်မအရမ်းဒေါသထွက်သွားတယ်။ သေချာပြန်စဉ်းစားတော့ ကျွန်မရဲ့ အမှားလဲပါပါတယ်။ စကားကို ရယ်မောပြုံးရွှင်စွာနဲ့ နေရာတိုင်းပြောလို့ မကောင်းဘူးဆိုတာကို သွားတွေးမိတယ်။ ရယ်မောတာကိုကြိုက်တဲ့ အရယ်အပြုံးမတတ်တဲ့ ကျွန်မရဲ့အားနည်းချက်ပေါ့။

Subscribe to:
Post Comments (Atom)
No comments:
Post a Comment