Sunday, 30 December 2007

ကြိုဆိုပါတယ် ၂၀၀၈ ရယ်


အော် ဘာလိုလိုနဲ့ နှစ်သစ်တစ်နှစ်ကို ရောက်တော့မယ်နော်။ ဒီဇင်ဘာ ၃၁ ရက်နေ့ညကို ကုန်လွန်ပြီးတာနဲ့ နောက်တစ်ရက်ရဲ့ နေရောင်ခြည်နဲ့အတူ နှစ်သစ်တစ်ခုကို ကြိုဆိုရမှာနော်။ လာမယ့် ၂၀၀၈ ခုနှစ်မှာ ပျော်ရွှင်စရာအပြည့်၊ စိတ်ချမ်းမြေ့စရာတွေနဲ့ဘ၀ကို ဖြတ်သန်းကြရအောင်နော်။ ၂၀၀၇ မှာကိုယ်လုပ်မိတဲ့အမှားမျိုး ၂၀၀၈ မှာမလုပ်မိအောင်ဆင်ခြင်ရမယ်။ မကောင်းတဲ့အရာမှန်သမျှကို နှစ်သစ်ကို သယ်ဆောင်မသွားပဲ ၂၀၀၇ မှာပဲထားခဲ့ကြရအောင်နော်။ ၂၀၀၈ ဆိုတဲ့နှစ်သစ်ကို အကောင်းဆုံးဆိုတဲ့အရာတွေနဲ့ ပျော်ရွှင်စွာကြိုဆိုလိုက်ရအောင်။

ရောက်ခဲ့ပြန်ပေါ့ ၃၁ ဒီဇင်ဘာ
၁ နှစ်ဆိုတဲ့အချိန်တွေဟာ
တစ်ကယ်ကိုပဲမြန်ဆန်တာ။
ဝမ်းနည်းကြေကွဲမှုတွေကို
ချန်ထားခဲ့ပါ ၂၀၀၇ မှာ။
ပျော်ရွှင်ဝမ်းသာမှုတွေကို
သယ်ဆောင်သွားပါ ၂၀၀၈ ကို။


Saturday, 29 December 2007

စားပါအုံး


ဒန်ပေါက်ဆိုင်မှာ ချာပါတီနဲ့ တစ်ခြားထမင်းနဲ့ဟင်းလဲရတယ်


ဒန်ပေါက်ကို ကြက်သားပေါင်သားနဲ့ ဘေးနားကငါးပိကြော်


စားရင်းနဲ့ အီလာပြီ မစားနိုင်တော့ဘူး

ဒီနေ့တော့ အပြင်ထွက်ပြီးစားခဲ့တာတွေကို သွားရည်ကျအောင်ပြောပြမယ်နော်။ ရွှေရသာ ဆိုတဲ့ဒန်ပေါက်ဆိုင်ကို သွားပြီး ဒန်ပေါက်ကို အပြီအပြင်စားခဲ့တယ်။ အားလုံးပဲ နှင်း နဲ့အတူစားရအောင်နော်။ အခုတော့ ဓါတ်ပုံလေးကိုပဲကြည့်လိုက်တော့နော်။ အော် အစားကောင်းစားနေရင် ချစ်ဆုံးကိုသတိရတယ်တဲ့။ နှင်းလဲတစ်ယောက်သောသူအတွက် ပိုပြီးစားခဲ့တယ်။
နှင်း ဆီလာလည်မှပဲ အားလုံးကိုလိုက်ကျွေးတော့မယ်။



Wednesday, 26 December 2007

လိုချင်တာ ဖြူစင်မှု


ဂုဏ်တွေငွေတွေကိုကြည့်
ပကာသနတွေကိုမက်ပြီး
လိုချင်တက်မက်မှုတွေဖုံးနေတဲ့
အချစ်ဆိုတဲ့အရာကို ငါမလိုချင်ဘူး..........
မျက်လုံးချင်းကြည့်
နှလုံးသားချင်းသိပြီး
ဘယ်အရာမှ မလိုအပ်ပဲ
ချစ်ခြင်းဆိုတာကိုပဲ လိုချင်တယ်.........
အရောင်တွေဆိုးမထားတဲ့
ဖြူစင်မှုရှိတဲ့ ချစ်ခြင်းကိုပဲ
ငါမျှော်လင့်တယ်............
တစ်ကယ်လို့များ
မင်းဆီမှာ အရောင်ဆိုးထားတဲ့
နှလုံးသားတစ်ခုရှိနေတယ်ဆိုရင်
ငါ့ဆီကို မလာခဲ့ပါနဲ့..............

Sunday, 23 December 2007

လည်လည်သွားခဲ့တယ်


တောင်ပေါ်ကနေမြင်ရတဲ့ရှုခင်း

သစ်သားလမ်းကလေးကခြေကျင်တက်တဲ့သူတွေအတွက်

ဘုရားတောင်ခြေ
ဘုရားတောင်ပေါ်ကဈေးဆိုင်တန်းလေး

တောင်ပေါ်ကဘုရားကျောင်း



ဒီနေ့အလုပ်ပိတ်ရက် ဘယ်သွားရင်ကောင်းမလဲစဉ်းစားရင်း နှင်းတို့နေတဲ့ Tuchenမြို့နယ်မှာရှိတဲ့ ဘုရားတောင်ကိုရောက်သွားတယ်။ဒီဘုရားကျောင်းက တရုတ်ဗုဒ္ဓဘာသာဘုရားကျောင်းလေ။ ဘုရားဆင်းတုတော်တွေကို ဓာတ်ပုံပေးမရိုက်ဘူး။ တောင်ပေါ်ကို ကားနဲ့တက်လို့ရသလို ခြေကျင်တက်လိုသူတွေအတွက်လဲ လမ်းကလေးလုပ်ပေးထားပါတယ်။ နှင်း ကတော့အပျင်းကြီးတော့ ဘယ်တော့မဆို ကားနဲ့ပဲတက်တယ်။နောက်တစ်ခါလည်လည်သွားရင် အားလုံးကိုခေါ်မယ်နော်။

Saturday, 22 December 2007

ယုံကြည်ပေးပါနော်


မရည်ရွယ်ပဲမှားတဲ့ ငါ
မလုပ်သင့်တာကို လုပ်ခဲ့တဲ့ ငါ
မင်းဆီက ပြန်ရလိုက်တာက
ငါ မလိုချင်ဆုံးမင်းရဲ့အမုန်း
မင်းမကြိုက်တဲ့ အငို
မင်းမုန်းတဲ့ ပျော့ညံ့ခြင်း
ဒါတွေအားလုံးငါ့ဆီမှာရှိနေတယ်......
ခွင့်လွှတ်ပါလို့
မတောင်းဆိုရဲပေမယ့်
မင်းရဲ့ခွင့်လွှတ်မှုကို လိုချင်တာဟာ
ငါ့ ဘ၀ရဲ့အရေးကြီးဆုံးပါ..........
မင်းယုံကြည်အောင် ဘယ်လိုပုံမျိုးနဲ့မဆို
ငါ သက်သေပြနိုင်ပါတယ်.....
မင်းသာယုံကြည်ပေးမယ်ဆိုရင်
ငါ့ဘ၀မှာအရာအားလုံး ပြည့်စုံပါပြီ..........

တောင်းပန်ပါတယ်


သူများတွေကိုသာ ပွင့်လင်းစွာပြောသင့်တယ်လို့ ပြောခဲ့ပေမယ့် ကိုယ်တိုင်ကြတော့ မလုပ်နိုင်ခဲ့ဘူး။
အဲဒီလိုမလုပ်နိုင်တဲ့အတွက် နှင်း ပေးဆပ်လိုက်ရတာက ကိုယ်ချစ်ခင်တဲ့သူတွေရဲ့ အမုန်းကိုပဲရခဲ့တယ်။
အတွေးတွေ လွန်ပြီး မပြောပဲလုပ်ခဲ့မိတာဟာ နှင်း ကိုသူတို့တွေမုန်းအောင် လုပ်မိသလိုဖြစ်သွားတယ်။ သူတို့တွေထင်သလို မျိုးမဟုတ်ပါဘူး။ နှင်း တကယ်ကိုပဲစိတ်ထဲမှာအရမ်းခံစားရတယ်။ နှင်း လေသူတို့နဲ့ ဘယ်တော့မှ ခွဲသွားဖို့စိတ်မကူးခဲ့ဘူး။တစ်နေ့ ခွဲရမယ်ဆိုတာကို သိပေမယ့် အခုလိုမျိုးဖြစ်အောင် မရည်ရွယ်ပါဘူး။ နှင်းရဲ့အမှားတွေအတွက် သက်ဆိုင်သူတွေအားလုံးကို နှင်း တောင်းပန်လိုက်ပါတယ်။

Thursday, 20 December 2007

ကိုယ် ဖြစ်ချင်သူ


သူ နေမကောင်းတဲ့အခါ
ကိုယ်က ပြုစုပေးတဲ့သူ
သူ စိတ်ဓာတ်ကျတဲ့အခါ
ကိုယ်က အားပေးတဲ့သူ
သူ အောင်မြင်မှုရတဲ့အခါ
ကိုယ်က ပီတိဖြစ်နေသူ
သူ ၀မ်းနည်းတဲ့အခါ
ကိုယ်က နှစ်သိမ့်ပေးသူ
သူ ပျော်နေတဲ့အခါ
ကိုယ်က ကြည်နူးနေသူ ပေါ့..........

ခွင့်ပြုပါ


တစ်ဘ၀စာ
ပါရမီဖြည့်ဘက် မဖြစ်ရရင်တောင်
တစ်ခဏစာ
ပါရမီဖြည့်ဘက်တော့ ဖြစ်ပါရစေ။

Wednesday, 19 December 2007

ဖြတ်ဖို့ခက်တဲ့အရာ


သံယောဇဉ် ဆိုတဲ့အရာဟာ ထားခဲ့မိရင် ဖြတ်ဖို့ရာအလွန်ခက်တယ်ဆိုတာ လူတိုင်းသိပါတယ်။ ဒါပေမယ့်လည်း တစ်ဦးနဲ့တစ်ဦး သံယောဇဉ်မထားပဲလဲ မနေနိုင်ကြပြန်ဘူး။ ထားမိပြီးရင်လည်း မဖြတ်နိုင်ကြပြန်ဘူး။ အနေနီးမှ သံယောဇဉ်ဆိုတာဖြစ်လာတာမဟုတ်ပါဘူး။
ကမ္ဘာကြီးက ရွာကြီးပါလို့ပြောဆိုနေတဲ့ အခုနေအချိန်ခါမှာ online ပေါ်မှာ တွေ့ကြ ခင်ကြတဲ့လူတွေ အပေါ်မှာသံယောဇဉ် ထားမိတတ်ကြတယ်။ အဲဒီလိုသံယောဇဉ်ထားမိတာကို ကိုယ်တိုင်လဲ အံ့သြမိတယ်။အပြင်မှာမတွေဘူးတဲ့ လူတစ်ယောက်အတွက် စိတ်ပူရတယ်။ ၀မ်းနည်းရတယ်။
သူဝမ်းနည်းရင် ကိုယ်ပါလိုက်ပြီး ၀မ်းနည်နေတတ်တယ်။ သူပျော်နေရင် ကိုယ်ပါလိုက်ပျော်နေတယ်။ စိတ်ဆိုတဲ့အရာဟာ အဲဒီလောက်ထိ ဆန်းကြယ်နေမယ်ဆိုတာကို ကိုယ်တိုင်ကြုံမှ သိခဲ့တယ်။ တစ်ရက်တစ်လေများ သူ online ကိုမလာရင် ကိုယ့်မှာနေလို့ကို မရတော့တာ။
သူ နေမကောင်းလို့လား? ဘာများဖြစ်နေတာလဲ ဆိုတဲ့အတွေးတွေ နဲ့ပေါ့။ တစ်ခါတစ်လေ ကိုယ့်ကို ကိုယ်စဉ်းစားကြည့်တယ်။ ရူးများရူးနေတာလား လို့။ စိတ်ကူးနဲ့ ရူးနေတာပါ လို့ပြောရင်လဲ ငြိမ်ခံနေရတော့မှာပဲ။ စိတ်ကူးဆိုတဲ့ အရာတွေရှိမှလဲ လက်တွေ့လုပ်ဖြစ်မှာလေ။
မှောင်နေတဲ့ အခါမှာ အလင်းရောင်လေးများရရင် ကောင်းမှာပဲဆိုတဲ့ စိတ်ကူးလေးရှိခဲ့လို့သာ လျှပ်စစ်မီးကို တီထွင်နိုင်ခဲ့တာပါ။ online ပေါ်မှာတွေ့တဲ့ သူကိုလဲ အပြင်မှာတွေ့ရရင် ကောင်းမှာပဲဆိုတဲ့ စိတ်ကူးလေးရှိရင် ကိုယ်တွေ့ချင်တဲ့ လူကိုတွေ့ခွင့်ရအောင် ကြိုးစားမှာပါ။
လက်တွေ့မဆန်မှန်း သိနေပေမယ့် သူ့အပေါ်မှာထားမိတဲ့ သံယောဇဉ်ကိုတော့ ဘယ်လိုမှဖြတ်လို့မရတော့ဘူး။ တစ်နေ့ကြရင် ကိုယ့်ကိုခွဲသွားမယ်ဆိုတာကို သိနေပါလျှက်နဲ့ ထားခဲ့မိတဲ့ ကိုယ့်ရဲ့သံယောဇဉ်ကို နားလည်ပေးနိုင်ပါစေလို့ပဲ ဆုတောင်းနေမိတယ်။
(စိတ်ထဲမှာ ဖြစ်နေတာလေးကို ချရေးမိတာပါ။)

Monday, 17 December 2007

အော် ခုန်ချချင်တဲ့ သူ့ဒုက္ခ

A နောက်မှာ B ရှိတာလောက်ပဲသိလို့ ကိုယ့်ဘာသာပဲဘာသာပြန်လိုက်တော့နော်။


Austrian BASE jumper banned from Taiwan
TAIPEI, Taiwan -- The National Immigration Agency (NIA) under the Ministry of the Interior yesterday decided to ban Austrian BASE jumper Felix Baumgartner from entering Taiwan again, after he made an unlawful jump from the Taipei 101 Tower on Tuesday.

NIA officials said Baumgartner parachuted from the 91st floor of the 508-meter skyscraper on Dec. 11, landing on the roof-top car park of the neighboring Taipei World Trade Center building. He departed for Hong Kong that same day, soon after finishing the jump -- a promotional event sponsored by the energy drink manufacturer Red Bull.

NIA officials pointed out that Baumgartner, who entered Taiwan on a landing visa, violated the Immigration Act by engaging in "activity inconsistent with the purpose of his visit" and being involved in an act considered by the authorities to be detrimental to Taiwan's national interests, public safety, public order or the good customs of the country.

In related news, Baumgartner and his friends went to a bar in Hong Kong to celebrate his successful jump from the world's tallest building on Tuesday night.

He told a TVBS reporter that he tried two years ago to make a legal jump, but was rejected by the management of the Taipei 101 Tower. After two years of preparation,"I decided to come back in 2007 and try it illegally," he said.

Baumgartner also told the reporter he had to fly to Hong Kong immediately after finishing the jump, for fear of being jailed in Taiwan.

Meanwhile, Taipei police said despite having already left Taiwan, they are planning to refer Baumgartner for prosecution on charges of endangering public safety. They also claimed Taipei 101 management could sue him for intruding into the building and damaging the building's tiles during the jump.

Taipei 101 yesterday stepped up security checks after Baumgartner parachuted from its top.

"We have stepped up patrolling frequency of the observation deck," Taipei 101 spokesman Michael Liu said.

"If he wants to make commercial use out of this dangerous stunt, that would violate our intellectual property rights and we may sue him for that," he added.

As an internationally renowned daredevil, Baumgartner has performed a number of dangerous stunts throughout his career.

They include a skydive in 1999 from the Petronas Towers in Kuala Lumpur, Malaysia -- then the world's highest skyscraper -- and a jump from the Christ statue in Rio de Janeiro, Brazil, that same year.

In 2003, he became the first person to skydive across the English Channel using a specially made fiber wing, and in 2004, he became the first person to BASE jump from the Milau Viaduct in France.

In 2006, he skydived into and then BASE jumped from the Turning Torso building in Malmo, Sweden.

Sunday, 16 December 2007

ခဏလောက်ပြုံးရအောင်



ဖတ်ခဲ့ဖူးတဲ့ ဟာသတွေထဲက တစ်ချို့ကိုဖောက်သည်ချလိုက်တယ်နော်။

လျောကြေးပိုရချင်တယ်
ချိုင်းထောက်ကို အားပြုပြီးး လျှောက်လာသော ကိုဘမောင်ကို မိတ်ဆွေကတွေ့သဖြင့် မေးသည်။
“ကိုဘမောင် ချိုင်းထောက်ကြီးနဲ့ပါလား ဘာဖြစ်လို့လဲ”
“မော်တော်ကားတိုက်လို့”
“ကျွတ် ကျွတ် ကျွတ် ချိုင်းထောက်နဲ့လျှောက်နေတာကြာပြီလား”
“သုံးပတ်ရှိပြီ”
“အချထိ ချိုင်းထောက်မပါဘဲ မလျှောက်နိုင်သေးဘူးလား”
“ဆရာဝန်ကလျှောက်လို့ရပြီပြောတယ် ဒါပေမယ့် ကျွန်တော်ရှေ့နေကသဘောမတူဘူး”

ပိန်နည်း
အလွန်ဝသော အမျိုးသမီးလူနာက ဆရာဝန်ကိုပြောသည်။
“ဒေါက်တာ ပိန်ဖို့အတွက် ဘာလေ့ကျင့်ခန်းလုပ်ရင်ကောင်းမလဲဟင်”
“ခေါင်းကို ဘယ်စောင်းလိုက် ညာစောင်းလိုက် လုပ်ပေးပါ”
“တစ်နေ့ဘယ်နှစ်ကြိမ်လုပ်ရမလဲ”
“ခင်ဗျားကို အစာစားဖို့ ဖိတ်ခေါ်တဲ့အခါတိုင်း”

နှမြောစရာကြီး
ဆီးစစ်ရန် လိုသဖြင့် ဆေးရုဓာတ်ခွဲခန်းသို့ ဦးကပ်စေး ဆီးယူလာသည်။
ဓာတ်ခွဲခန်းဝန်ထမ်း အမျိုးသမီးကပြောသည်။
“ကပ်စေးနှဲတယ်အပြောခံရမှာ စိုးလို့”
နောက်တစ်နေ့--
“ရှင်ဘာဖြစ်လို့ ဆီးပုံးကို ပြန်ယူရတာလဲ”
“သြော် ဆီးထဲမှာ သကြားဓာတ်တွေ့တယ်လို့ ခင်ဗျားပဲပြောတယ်မဟုတ်လား၊ ဒီလောက်များတဲ့
သကြားလွှင့်ပစ်ရမှာ နှမြောစရာကြီး”

Saturday, 15 December 2007

သံယောဇဉ်


ဘာသာမတူ လူမျိုးကကွဲပြား
ဘ၀ကမတူ အဆင့်ချင်းကခြားနား
နေရာတွေမတူ နိုင်ငံချင်းကခြားထား
ဘယ်လိုပင်ကွဲပြားနေပါစေ
သံယောဇဉ်ဆိုတဲ့ အရာကိုတော့
ဘယ်အရာကမှ ပိုင်းခြားလို့မရပါဘူး..........

ကိုယ့်မျက်လုံ့း ဘယ်လောက်လျှင်လဲ စမ်းကြည့်ရအောင်



Friday, 14 December 2007

ပျော်ရွှင်စရာ ခရစ္စမတ်အချိန်လေး


glitter graphics
ဒီဇင်ဘာလဆောင်းလေအေးနဲ့အတူ ပျံ့လွင့်လာတဲ့ christmas တေးသံလေးတွေကို ကြားနေရပါပြီ။ ဈေးဆိုင်တွေ super market တွေမှာ christmas သစ်ပင်လေးတွေ ရောင်စုံမီးလုံးလေးတွေနဲ့ အလှဆင်ထားတာတွေကို လှပစွာမြင်တွေ့နေရပါပြီ။ လူတိုင်းလဲ ပျော်ရွှင်စရာ ခရစ္စမတ်လေးကို ဘယ်လိုပျော်ရွှင်ကြည်နူးမှုတွေနဲ့အတူ ဖြတ်သန်းမလဲဆိုပြီး ကြိုတင်ပြင်ဆင် ရင်ခုန်နေရင်း မိသားစုတွေ သူငယ်ချင်းတွေကို ဘယ်လိုလက်ဆောင်တွေ ပေးရမလဲဆိုပြီး စဉ်းစားရင်း ပြင်ဆင်တဲ့လူတွေလဲ ပြင်ဆင်နေလောက်ပြီနော်။ ခရစ္စမတ်ဆိုတဲ့ အချိန်လေးကုန်ဆုံးပြီးသွားရင် နောက် ၆ ရက်မြောက်ညဆိုတာကတော့ နှစ်တစ်နှစ်ရဲ့ နောက်ဆုံးအချိန်လေးပါပဲ။ ကုန်လွန်သွားပြီဖြစ်တဲ့နှစ်ဟောင်းကို နှုတ်ဆက်ရင်း နှစ်သစ်တစ်ခုကို ကြိုဆိုကြရမှာပါ။ နှစ်ဟောင်းမှာ ခံစားခဲ့ရတဲ့ ၀မ်းနည်းမှု တွေကိုမေ့ပစ်ပြီး ရောက်ရှိလာတော့မယ့် နှစ်သစ်မှာပျော်ရွှင်စရာတွေနဲ့အတူ ဘ၀ကိုဖြတ်သန်းကြရအောင်နော်............

Thursday, 13 December 2007

နှင်းရဲ့အဖော်လေးတွေ




လူတိုင်းမှာ ကိုယ်ကြိုက်နှစ်သက်တဲ့ အရာဆိုတာရှိစမြဲပါ။ လူတစ်ချို့က ခွေးလေးတွေ ကြောင်လေးတွေကို ချစ်ကြတယ်။ တစ်ချို့က ပန်းပင်လေးတွေကို ချစ်ကြတယ်။ ကိုယ်ချစ်နှစ်သက်တာလေးနဲ့ အတူနေနေရရင် ပျော်ရွှင်ကြပါတယ်။ နှင်း ကတော့အရုပ်ကလေးတွေကိုအရမ်းချစ်တယ်။ အရုပ်တွေနဲ့ နေရတာပျော်တယ်။ အိပ်တဲ့အခါ ဖက်အိပ်ရတာကိုအရမ်းကြိုက်တယ်။ အခုအရွယ်ထိ ကြိုက်တဲ့အရုပ်တွေရင် မာမားကို ပူဆာပြီးဝယ်ခိုင်းတာ။ ပျော်နေရင် နှင်း ကအရုပ်လေးတွေကိုဆော့နေတတ်ပေမဲ့ စိတ်တိုလာရင် သူတို့လေးတွေကို ထုလိုက် ရိုက်လိုက်လုပ်တတ်တယ်။ ၀မ်းနည်းပြီးငိုရင်တော့ သူတို့လေးတွေကို ရင်ခွင်ထဲမှာပိုက်လို့ပေါ့။ နှင်းဘယ်လိုပဲလုပ်နေပါစေ ဘာမှကို ပြန်မပြောတာဆိုလို့ နှင်း ရဲ့အရုပ်လေးတွေပဲရှိတာလေ။ အဲဒါကြောင့်သူတို့ကို အရမ်းချစ်ရတာပေါ့။ ဒါပေမယ့် တစ်ယောက်သောသူလောက်တော့ ဘယ်ချစ်နိုင်မလဲနော်။

Monday, 10 December 2007

လာပါတော့ကွယ်



မင်းလာဖို့ ကိုယ်ဘယ်လောက်ထိ
မျှော်ရသလဲဆိုရင်
သစ်ကုလားအုတ်တောင် ငိုရတယ်........
မင်းမလာလို့ ကိုယ်ဘယ်လောက်ထိ
ညည်းတွားနေသလဲဆိုရင်
ခိုကလေးတွေတောင် ငိုရတယ်........
မင်းကိုတွေဖို့ ဘယ်လောက်ထိ
ညညစောင့်ရသလဲဆိုရင်
ဇီးကွက်တွေတောင် ငိုရတယ်......
မင်းကိုလွမ်းလို့ ဘယ်လောက်ထိ
မင်းအကြောင်းတွေကို ပြောသလဲဆိုရင်
ဆရက်တွေတောင် ငိုရတယ်........
ကိုယ်နဲ့မင်းသာ ငှက်ဖြစ်မယ်ဆိုရင်
အောက်ချင်းငှက်လေးပဲ ဖြစ်လိုက်ချင်ပါတော့တယ်..........

Sunday, 9 December 2007

Amazing Trees



ဓါတ်ပုံတွေပို့ပေးတဲ့ သူငယ်ချင်း မွန် ကိုကျေးဇူးတင်ပါတယ်။

Saturday, 8 December 2007

သူ


ကိုယ့်ကို ကလေးလို့သတ်မှတ်ထားတဲ့
ကိုယ်ဆိုးသမျှကို သည်းခံတဲ့
ကိုယ့်အပေါ်မှာ နားလည်ပေးတဲ့
ကိုယ်စိတ်ညစ်ရင် ပျော်အောင်လုပ်ပေးတဲ့
ကိုယ်စိတ်ဓါတ်ကျရင် အားပေးတဲ့
ကိုယ်မသိတာတွေကို သင်ပေးတဲ့
ကိုယ်သိပ်ချစ်ရတဲ့...........သူ

နီးနီးလေး


ကမ္ဘာကြီးရဲ့ အရှေ့နဲ့ အနောက်
တစ်နေရာဆီမှာ ရှိနေပေမဲ့
တမ်းတလိုက်ရင် ဘေးနားမှာ
မင်းရှိနေတယ်လို့ ထင်မိတယ်။
အနေတွေဝေးနေရပေမယ့်
စိတ်ထဲမှာတော့ မခွဲအတူရှိနေတယ်။

ချစ်သူသိပါစေ

glitter graphics
ဓါတ်ပုံလေးကြည့်ပြီး
အသံလေးကြားရုံနဲ့
ချစ်မိခဲ့တဲ့ငါ........
အဲဒီလို ဖြစ်တဲ့ငါ့ကို
လှောင်ရယ်မယ်ဆိုလည်း
အပြုံးမပျက်နေလိုက်မယ် ချစ်သူ......
လက်တွေ့ဘ၀မှာ
မသိတဲ့လူတစ်ယောက်ကို
ဘ၀နဲ့ရင်းပြီးယုံနေတဲ့ငါ့ကို
ရူးနေပြီလို့ပြောရင်လည်း
ငါအရူးပဲ ဖြစ်လိုက်တော့မယ် ချစ်သူ.........
မင်းသာပျော်မယ်ဆိုရင်
လူတစ်ယောက်လုပ်နိုင်တဲ့
အရာမှန်သမျှကို လုပ်ပေးနိုင်တယ် ချစ်သူ.........
ရင်ထဲကပြောတဲ့ စကားတွေကို
မင်းမယုံဘူးလို့ ပြောရင်လဲ
အပြစ်မမြင်ပါဘူး ချစ်သူ........
ဘာကိုမှမမျှော်လင့်ပဲ
ချစ်နေရတာကိုပဲ
ကျေနပ်နေတဲ့ငါပါ ချစ်သူ..........

Wednesday, 5 December 2007

ချစ်တော့လဲ

လူတစ်ယောက်ကို ချစ်နေရင် သူ့ကိုစောင့်ရတာကလဲ ပျော်စရာတစ်ခုလို့မြင်တယ်။ မချစ်တဲ့လူဆိုရင် စောင့်ရတာကို အပြစ်တစ်ခုလို့မြင်တယ်။ ချစ်နေတော့ ဘယ်လိုပဲနေနေ လှတယ်လို့ထင်နေတယ်။ အော်မချစ်တဲ့လူများဆိုရင် ဘေးလူကလှတယ်ပြောရင်တောင် မလှပါဘူးဆိုပြီးမျက်စိမှိတ်ငြင်းမှာလေ။ ကိုယ်နှစ်သက်တဲ့လူ အမှားလုပ်မိရင် လူတိုင်းမှားတတ်တာပဲဆိုပြီး ဖြည့်တွေးပေးတယ်။ မနှစ်သက်တဲ့လူများ အမှားလုပ်မိရင် ဖြည့်တွေးဖို့မရှိတဲ့အပြင် အပြစ်ပဲပြောကြတယ်။ချစ်နေတော့လဲ အပြစ်မမြင်ပဲကိုး.......

Tokyo Disney Land ညမြင်ကွင်း


နောက်လဲလာလည်နော်

Glitter Graphics