
ဓါတ်ပုံလေးကြည့်ပြီး
အသံလေးကြားရုံနဲ့
ချစ်မိခဲ့တဲ့ငါ........
အဲဒီလို ဖြစ်တဲ့ငါ့ကို
လှောင်ရယ်မယ်ဆိုလည်း
အပြုံးမပျက်နေလိုက်မယ် ချစ်သူ......
လက်တွေ့ဘ၀မှာ
မသိတဲ့လူတစ်ယောက်ကို
ဘ၀နဲ့ရင်းပြီးယုံနေတဲ့ငါ့ကို
ရူးနေပြီလို့ပြောရင်လည်း
ငါအရူးပဲ ဖြစ်လိုက်တော့မယ် ချစ်သူ.........
မင်းသာပျော်မယ်ဆိုရင်
လူတစ်ယောက်လုပ်နိုင်တဲ့
အရာမှန်သမျှကို လုပ်ပေးနိုင်တယ် ချစ်သူ.........
ရင်ထဲကပြောတဲ့ စကားတွေကို
မင်းမယုံဘူးလို့ ပြောရင်လဲ
အပြစ်မမြင်ပါဘူး ချစ်သူ........
ဘာကိုမှမမျှော်လင့်ပဲ
ချစ်နေရတာကိုပဲ
ကျေနပ်နေတဲ့ငါပါ ချစ်သူ..........

No comments:
Post a Comment