မရည်ရွယ်ပဲမှားတဲ့ ငါ
မလုပ်သင့်တာကို လုပ်ခဲ့တဲ့ ငါ
မင်းဆီက ပြန်ရလိုက်တာက
ငါ မလိုချင်ဆုံးမင်းရဲ့အမုန်း
မင်းမကြိုက်တဲ့ အငို
မင်းမုန်းတဲ့ ပျော့ညံ့ခြင်း
ဒါတွေအားလုံးငါ့ဆီမှာရှိနေတယ်......
ခွင့်လွှတ်ပါလို့
မတောင်းဆိုရဲပေမယ့်
မင်းရဲ့ခွင့်လွှတ်မှုကို လိုချင်တာဟာ
ငါ့ ဘ၀ရဲ့အရေးကြီးဆုံးပါ..........
မင်းယုံကြည်အောင် ဘယ်လိုပုံမျိုးနဲ့မဆို
ငါ သက်သေပြနိုင်ပါတယ်.....
မင်းသာယုံကြည်ပေးမယ်ဆိုရင်
ငါ့ဘ၀မှာအရာအားလုံး ပြည့်စုံပါပြီ..........

No comments:
Post a Comment