
လူတိုင်းမှာ ကိုယ်ကြိုက်နှစ်သက်တဲ့ အရာဆိုတာရှိစမြဲပါ။ လူတစ်ချို့က ခွေးလေးတွေ ကြောင်လေးတွေကို ချစ်ကြတယ်။ တစ်ချို့က ပန်းပင်လေးတွေကို ချစ်ကြတယ်။ ကိုယ်ချစ်နှစ်သက်တာလေးနဲ့ အတူနေနေရရင် ပျော်ရွှင်ကြပါတယ်။ နှင်း ကတော့အရုပ်ကလေးတွေကိုအရမ်းချစ်တယ်။ အရုပ်တွေနဲ့ နေရတာပျော်တယ်။ အိပ်တဲ့အခါ ဖက်အိပ်ရတာကိုအရမ်းကြိုက်တယ်။ အခုအရွယ်ထိ ကြိုက်တဲ့အရုပ်တွေရင် မာမားကို ပူဆာပြီးဝယ်ခိုင်းတာ။ ပျော်နေရင် နှင်း ကအရုပ်လေးတွေကိုဆော့နေတတ်ပေမဲ့ စိတ်တိုလာရင် သူတို့လေးတွေကို ထုလိုက် ရိုက်လိုက်လုပ်တတ်တယ်။ ၀မ်းနည်းပြီးငိုရင်တော့ သူတို့လေးတွေကို ရင်ခွင်ထဲမှာပိုက်လို့ပေါ့။ နှင်းဘယ်လိုပဲလုပ်နေပါစေ ဘာမှကို ပြန်မပြောတာဆိုလို့ နှင်း ရဲ့အရုပ်လေးတွေပဲရှိတာလေ။ အဲဒါကြောင့်သူတို့ကို အရမ်းချစ်ရတာပေါ့။ ဒါပေမယ့် တစ်ယောက်သောသူလောက်တော့ ဘယ်ချစ်နိုင်မလဲနော်။

No comments:
Post a Comment