အော် ဘာလိုလိုနဲ့ နှစ်သစ်တစ်နှစ်ကို ရောက်တော့မယ်နော်။ ဒီဇင်ဘာ ၃၁ ရက်နေ့ညကို ကုန်လွန်ပြီးတာနဲ့ နောက်တစ်ရက်ရဲ့ နေရောင်ခြည်နဲ့အတူ နှစ်သစ်တစ်ခုကို ကြိုဆိုရမှာနော်။ လာမယ့် ၂၀၀၈ ခုနှစ်မှာ ပျော်ရွှင်စရာအပြည့်၊ စိတ်ချမ်းမြေ့စရာတွေနဲ့ဘ၀ကို ဖြတ်သန်းကြရအောင်နော်။ ၂၀၀၇ မှာကိုယ်လုပ်မိတဲ့အမှားမျိုး ၂၀၀၈ မှာမလုပ်မိအောင်ဆင်ခြင်ရမယ်။ မကောင်းတဲ့အရာမှန်သမျှကို နှစ်သစ်ကို သယ်ဆောင်မသွားပဲ ၂၀၀၇ မှာပဲထားခဲ့ကြရအောင်နော်။ ၂၀၀၈ ဆိုတဲ့နှစ်သစ်ကို အကောင်းဆုံးဆိုတဲ့အရာတွေနဲ့ ပျော်ရွှင်စွာကြိုဆိုလိုက်ရအောင်။
ရောက်ခဲ့ပြန်ပေါ့ ၃၁ ဒီဇင်ဘာ
၁ နှစ်ဆိုတဲ့အချိန်တွေဟာ
တစ်ကယ်ကိုပဲမြန်ဆန်တာ။
ဝမ်းနည်းကြေကွဲမှုတွေကို
ချန်ထားခဲ့ပါ ၂၀၀၇ မှာ။
ပျော်ရွှင်ဝမ်းသာမှုတွေကို
သယ်ဆောင်သွားပါ ၂၀၀၈ ကို။

2 comments:
very good blog congratulations
regard from Catalonia Spain
thank you
ကျေးဇူးတင်ပါတယ်
Post a Comment