Wednesday 26 December 2007

လိုချင်တာ ဖြူစင်မှု


ဂုဏ်တွေငွေတွေကိုကြည့်
ပကာသနတွေကိုမက်ပြီး
လိုချင်တက်မက်မှုတွေဖုံးနေတဲ့
အချစ်ဆိုတဲ့အရာကို ငါမလိုချင်ဘူး..........
မျက်လုံးချင်းကြည့်
နှလုံးသားချင်းသိပြီး
ဘယ်အရာမှ မလိုအပ်ပဲ
ချစ်ခြင်းဆိုတာကိုပဲ လိုချင်တယ်.........
အရောင်တွေဆိုးမထားတဲ့
ဖြူစင်မှုရှိတဲ့ ချစ်ခြင်းကိုပဲ
ငါမျှော်လင့်တယ်............
တစ်ကယ်လို့များ
မင်းဆီမှာ အရောင်ဆိုးထားတဲ့
နှလုံးသားတစ်ခုရှိနေတယ်ဆိုရင်
ငါ့ဆီကို မလာခဲ့ပါနဲ့..............

2 comments:

lwansay said...

အချစ်အတွက်ခံစားနေရတဲ့သူတွေနဲ့ပဲတွေ့နေပါလားဗျ။
အဆင်ပြေပါစေဗျာ။

ဒီဇင်ဘာနှင်း said...

လူတိုင်းအချစ်နဲ့မှ မကင်းနိုင်ကြတာပဲ ကိုလွမ်းစေရယ်။

နောက်လဲလာလည်နော်

Glitter Graphics