
မင်းလာဖို့ ကိုယ်ဘယ်လောက်ထိ
မျှော်ရသလဲဆိုရင်
သစ်ကုလားအုတ်တောင် ငိုရတယ်........
မင်းမလာလို့ ကိုယ်ဘယ်လောက်ထိ
ညည်းတွားနေသလဲဆိုရင်
ခိုကလေးတွေတောင် ငိုရတယ်........
မင်းကိုတွေဖို့ ဘယ်လောက်ထိ
ညညစောင့်ရသလဲဆိုရင်
ဇီးကွက်တွေတောင် ငိုရတယ်......
မင်းကိုလွမ်းလို့ ဘယ်လောက်ထိ
မင်းအကြောင်းတွေကို ပြောသလဲဆိုရင်
ဆရက်တွေတောင် ငိုရတယ်........
ကိုယ်နဲ့မင်းသာ ငှက်ဖြစ်မယ်ဆိုရင်
အောက်ချင်းငှက်လေးပဲ ဖြစ်လိုက်ချင်ပါတော့တယ်..........

No comments:
Post a Comment