Monday 18 August 2008

၂၄ နှစ်ပြည့် မွေးနေ့

၁၈ ၈ ၂၀၀၈

ဒီနေ့ကတော့ နှင်း ဆိုတဲ့ကောင်မလေးကို ပါပါးနဲ့မာမားက လူ့လောကကြီးထဲကို ရောက်အောင်ပို့ပေးခဲ့တာ ၂၄ နှစ်ပြည့်တဲ့နေ့ပါ။ လူ့ဘ၀ကြီးထဲမှာ ၂၄ နှစ်တာ နေထိုင်လာခဲ့ရပေမယ့် အခုထိ ကိုယ့်ကိုကိုယ် ကလေးတယောက်လို သဘောထားနေတဲ့ ကောင်မလေးတစ်ယောက်ပေါ့။ နှင်းကို အခုလိုအရွယ်ထိ ကျွေးမွေးပြုစုပေးခဲ့တဲ့ ပါပါးနဲ့ မာမားကို အလွန်ကျေးဇူးတင်မိပါတယ်။ အခုလို မိဘနှစ်ပါးနဲ့ အဖိုးအဖွား မိသားစုတွေဆီက ချစ်ခင်မှုတွေကိုရရှိတဲ့ ဘ၀ကို ပို့ပေးခဲ့တဲ့ ကံကြမ္မာကိုလဲ ကျေးဇူးတင်ပါတယ်။ နောက်ပြီး နှင်း ဆိုးသမျှ သူတို့အပေါ်မှာ အနိုင်ယူသမျှကို နားလည်ခွင့်လွှတ်ပေးခဲ့တဲ့ သိပ်ကိုချစ်ခင်တွယ်တာရတဲ့ ကျောင်းနေဘက် သူငယ်ချင်း ၂ ယောက်ဖြစ်တဲ့ ၀ါဝါနဲ့ မွန်မွန်အပါအ၀င် အွန်လိုင်းပေါ်က သူငယ်ချင်းတွေ ဘလော့ဂါ ညီအစ်ကိုမောင်နှမအားလုံးကို ကျေးဇူးတင်ပါတယ်။ အသက်အရွယ်တွေ ၁ နှစ်ပြီး ၁နှစ် ကြီးလာပေမယ့် အခုထိ ရင့်ကျက်မှုမရှိသေးတဲ့ နှင်း ဆိုတဲ့ကောင်မလေးကို ဆက်ပြီး ချစ်ခင်ပေးကြပါလို့ နော်.........











strawberry cream cake

�J��

အားလုံးပဲ အားပါးတရ သုံးဆောင်ကြပါနော်.............

ရက်တွေ လပြောင်း
လတွေ နှစ်ပြောင်း
တနှစ်ပြီး တနှစ်ပြောင်းခဲ့တာ
အခုဆိုရင် ၂၄ နှစ်ရှိခဲ့ပြီ

တည်ငြိမ်မှုဆိုတာမရှိ
ရင့်ကျက်မှုဆိုတာမသိ
မှားတာတွေရှိ
မှန်တာလဲရှိတဲ့
ငါ့ဘ၀အချိန် ၂၄ ဆိုတာ ကုန်ခဲ့ပြီ

နောင်တတွေကိုသိမြင်
အမှားတွေနည်းပြီး
ဆက်လျှောက်မယ့် ဘ၀လမ်းမှာ
မိဘကျေးဇူးသိတဲ့
သမီးတယောက်ဖြစ်အောင်
ငါကြိုးစားရဦးမည်...........

12 comments:

Soe Mya Nandar Thet Lwin (Borros Roxo) said...

Happy Birthday!!!! All the best.

SMNTL

စိုင်းစိုင်းလားရှိုး said...

ပျော်ရွှင်ကြည်နူးဖွယ် အတိပြီးတဲ့ မွေးနေ့မှသည်
နောင်မွေးနေ့ ပေါင်းများစွာအထိ ကျေးဇူးရှင်
မိဘနှစ်ပါးနှင့်အတူ ပျော်ရွှင်ကြည်နူးဖွယ်
ဖြတ်သန်းနိုင်ပါစေ ။

ဆောင်း said...

Happy Birthday Nyi ma lay

မွေးနေ့ အသက် ၂၄
ချစ်စရာ့ပျိုရွယ် နုပျိုအေး။

ဝေဖန်ပိုင်းခြား ဘ၀လေး
ပြောင်းလဲပြုပြင် လေ့လာသေး။

မျှော်မှန်းကာလ နောင်ချိန်လေး
မိဘကျေးဇူးဆပ်ဖို့ မနှေး။

ကြိုးစားကျင့်ကြံ ရိုးသားသေး
နှင်းနှမရဲ့ မွေးနေ့ လေး။

ပျော်ရွှင်ပါစေ ဆုတောင်းပေး
၂၄နစ် မွေးနေ့ လေး။

မင်္ဂလာအပေါင်းနဲ့ ပြည့်စုံရေး
ချစ်စရာညီမ နှင်းကလေး။

ကိုရင်ညိန်း said...

အဆင်ပြေပျော်ရွှင်ပါစေဗျာ.... မွေးနေ့မှ မဟုတ်ပါဘူး
နေ့တိုင်းပေါ့ဗျာ.... ဆုတောင်းစကားကတော့ အရင်လူတွေ လိုပါပဲ
အဟေးဟေး..........

ADMIN said...

HAPPY BIRTHDAY ပါ အစ်မ။

JulyDream said...

Happy birthday, sister.

ဘ၀ခရီးလမ်းမှာ အေးငြိမ်းသာယာနေနိုင်ပါစေဗျာ။

ဖြိုးငယ် said...

ပျော်ရွှင်သော မွေးနေ့ဖြစ်ပါစေ နှင်းရေ ....
ကွန်နက်ရှင်း မကောင်းလို့ ကော်မန့် နောက်ကျသွားတာခွင့်လွတ်ပါ ... နှောင်နှစ်ပေါင်းများစွာတိုင် မနက်ဖြန်တိုင်းမှာ
ပျော်ရွင်ဖွယ် အတိ ဖြစ်ပါစေဗျာ

Anonymous said...

မွေးနေ့မှသည် အသက်ရာကျော် ရှည်စေသောဝ်

ein said...

၁၈.၈.၀၈ ရက်မှာကျရောက်သော ၂၄ နှစ်ပြည့်မွေးနေ့မှသည် နှစ်များစွာတိုင် ဆန္ဒနဲ့ ဘ၀ထပ်တူကျပါစေနှင်းလေးရေ...
ပျော်ရွှင်ဖွယ် နေ့ရက်များကို ပိုင်ဆိုင်နိုင်ပါစေ...

Ulmuka said...

သူလဲ သြဂတ်စ် ဖွားကိုး..
ရှစ်လပိုင်းမှာ မွေးတဲ့လူတွေက တော်တယ်ဆိုပဲ...
မွေးနေမှ စပြီး နောက် နှစ်ပေါင်းများစွာအထိ ပျော်ရွှင် လန်းဆန်းပါစေ..

၀ဿန်ဦး said...

မွေးနေ့မှစ၍ အစစအရာရာ ပျော်ရွှင်အဆင်ပြေပါစေဗျာ...။

မွေးနေ့မှာ မသိလိုက်လို့ အခုဆုတောင်းပေးလိုက်ပါတယ် မနှင်းလေး။

ရွှန်းမီ said...

အိုး.. မနှင်းလေး မွေးနေ့ရှိတာကိုတောင် မသိလိုက်ဘူး..
နောက်ဆုံးပိတ်မှပဲ ရောက်တော့တယ်..
စိတ်မဆိုးနဲ့နော်..။
မနှင်းလေးရဲ့  ဆန္ဒအတိုင်း ဘ၀ကို အောင်အောင်မြင်မြင် ကျော်ဖြတ်နိုင်ပါစေ..။

နောက်လဲလာလည်နော်

Glitter Graphics