Friday 29 August 2008

ဆန္ဒ္ဒ

မိုး နဲ့ မြေ ဆိုတာ မိုးကုတ်စက်ဝိုင်း တစ်နေရာမှာတော့ ထိစပ်ကြတယ်လေ.... မတူညီတဲ့ အလွှာတွေ ဖုံးနေတဲ့ ဘ၀ နှစ်ခုကရော တစ်နေရာမှထိစပ်နို်င်ပါ့မလား.......မဖြစ်နိုင်တာကို မတွေးချင်တဲ့ လူတစ်ယောက်က မင်းအတွက် တွေးနေတာကို မင်းဘယ်သိမလဲ..........သိအောင်လဲမပြောချင်သလို သိအောင်လဲ လုပ်မပြချင်တာပါ..........ကံကြမ္မာအလိုကျရယ်လို့ တွေးထားပေမယ့် ကံဆိုတာ လူကလုပ်တယ်ဆိုတာ မင်းလဲသိတာပါပဲ..............ကလေးဘ၀တုန်းက တောင်းခဲ့ဘူးတဲ့ ဖိုးလမင်းကြီးဆီက ထမင်းဆီစမ်းကို အခုလဲတောင်းနေမိတယ်ကွယ်........မရနိုင်မှန်းသိပေမယ့် မော့ကြည့်ပြီး ပြောနေရတာကိုပဲ ကျေနပ်နေမိတယ်....... ဖိုးလမင်းကြီးမကြားပေမယ့် တောင်းရတာလဲ အမောပါပဲ...........ကောင်းကင်ပေါ်မှာ ထွန်းလင်းနေတာကို မြေပြင်ကလူတွေအားလုံးတွေ့နေပေမယ့် ဖိုးလမင်းကတော့ ထမင်းဆီစမ်းတောင်းနေတဲ့ ကောင်မလေးကို ဘယ်တွေ့ပါ့မလဲ...........လမင်းကြီး ထွန်းလင်းနေတာကို ကြည့်ပြီး ပျော်နေမိသလို မင်းပျော်နေရင် ကျေနပ်နေပြီ.........လမသာတဲ့ရက်တွေ အမှောင်ထဲမှာ နေရတဲ့ဘ၀လို မင်းမပျော်ရင် စိတ်သိပ်ညစ်ရတယ်...........ရွှေလင်ပန်းနဲ့ အချင်းဆေးတဲ့ မင်းဘ၀မှာ လိုတိုင်းတရနိုင်တယ်ဆိုတာ သိပေမယ့် မေတ္တာစစ်နဲ့ ငါ့ထက်ချစ်နိုင်မယ့်သူ ရပါစေလို့ ဆုတောင်းပေးနေပါတယ်................

အချစ်ဆိုတာ ရယူပိုင်ဆိုင်နိုင်မှ မဟုတ်ပါဘူး။ ကိုယ်ကချစ်နေဖို့က အဓိကပါပဲ..


3 comments:

Dr. Yi Yi Win said...

အဆင်ပြေပါစေ နှင်းလေးေ၇။

Anonymous said...

အချစ်ဆိုတာ ရယူပိုင်ဆိုင်နိုင်မှ မဟုတ်ပါဘူး။ ကိုယ်ကချစ်နေဖို့က အဓိကပါပဲ..

မှန်ပါ့

သက်ထွန်းညိမ်း said...

အချစ်ဆိုတာ သူ့ဘ၀ သာယာပျှော်ရွှင်စေချင်တာပေါ့နော်..ရွှေလင်ဗန်းနဲ့
အချင်းဆေး မင်း(ဘုရင်) မွေးတဲ့သားလဲ အချစ်စစ်မှန်ရင် ပြန်လာရမှာပေါ့...အဟိ..း)
ခံစားချက်တွေ သိပ်သိပ်မထုတ်ပြနဲ့ဗျ...လမင်းမထွက်ပဲ
နေဦးမယ်....း)

နောက်လဲလာလည်နော်

Glitter Graphics