Friday 29 August 2008

တစ်ခုလောက်ပါပဲ

အော် ဘ နဲ့ ၀ ပဲ ပေါင်းတဲ့ ဘ၀ မိုလို့ပါပဲ။ တခြားသော စကားလုံးတွေနဲ့ပေါင်းပြီး ရှည်လျားနေရင်တော့ ဘယ်လောက်တောင် စိတ်ညစ်ရမလဲ မသိတော့ပါဘူး။ ဘ၀ ဆိုတဲ့ စကားလေး နှစ်လုံးထဲနဲ့တောင် ဒီလောက်ရှုတ်ခတ်နေတယ်။ လူရယ်လို့ ဘ၀ တစ်ခုကို ပိုင်ဆိုင်ပြီးမှတော့ လုပ်ချင်တာရော လုပ်သင့်တာရော မလုပ်ချင်တာတွေရော အကုန်လုံးကို လုပ်နေရတော့တာပါပဲ။ ပျော်ရာမှာ နေချင်ပေမယ့် မနေရတဲ့ဘ၀။ ကိုယ်လုပ်ချင်ပေမယ့် မလုပ်ရတဲ့ဘ၀။ မလုပ်ချင်တာတွေကို လုပ်နေရတဲ့ဘ၀။ ကိုယ့်ဟာကို တစ်ခါတလေ ခံစားတတ်တဲ့ လူတစ်ယောက်မှ ဟုတ်ရဲ့လားလို့ ထင်မိတယ်။

စက်ရုပ်တစ်ရုပ်လို နေ့စဉ်လှုပ်ရှားနေရတော့လဲ တစ်ခါတလေ အဝေးကြီးကို ထွက်ပြေးချင်စိတ်ပေါက်လာတယ်။ ကိုယ်စိတ်ပါသည်ဖြစ်စေ မပါသည်ဖြစ်စေ လုပ်ရမယ်ဆိုတဲ့ စိတ်တခုထဲနဲ့ ဘာခံစားချက်မှမရှိပဲ နေလာရတာ ၃ နှစ်ထဲရောက်နေပြီ။ ကြာလာတော့လဲ ကိုယ့်စိတ်တိုင်းကျလေးများ လုပ်ခွင့်ရရင် သိပ်ကောင်းမှာပဲဆိုပြီး တွေးမိပါတယ်။ တာဝန်တွေ ၀တ္တရားတွေနဲ့ ပိနေတဲ့ လူ့ဘ၀ကြီးကို ငြီးငွေ့လာပါတယ်။ သံယောဇဉ်နှောင်ဖွဲ့မှုတွေ ရှိနေတော့လဲ ဘယ်တတ်နိုင်ပါ့မလဲနော်။ ဘ၀မှာ ကိုယ်ဖြစ်ချင်တာလေးတခုရရင် ကျေနပ်ပါပြီလို့ သူများတွေပြောနေတုန်းက နားမလည်ခဲ့ပါဘူး။ အခုတော့ ကိုယ်တိုင်ခံစားရမှပဲ နားလည်နိုင်တော့တယ်။ ဟုတ်ပါတယ် ကိုယ့်ဘ၀မှာ ကိုယ့်ဆန္ဒအတိုင်း ဖြစ်ချင်တာလေးတခုလောက်တော့ လိုချင်နေမိပါတယ်။

No comments:

နောက်လဲလာလည်နော်

Glitter Graphics